ဗိန္ဓောပညာ

ဝီကီပီးဒီးယား မှ

ဗိန္ဓောပညာသည် ပတ်ဝန်းကျင်ရှိ အပင်တို့ကို အသုံးပြု၍ လူတို့၌ခံစားရသော ရောဂါကို ကုသသောပညာရပ် ဖြစ်သည်။ ဗိန္ဓောနည်းဖြင့်ကုသောဆရာကို ဗိန္ဓောဆရာ ခေါ်သည်။ ယခုအခါ တိုင်းရင်းဆေးဆရာဟူသောအမည်ကို ရုံးသုံးအဖြစ် ပြောင်းလဲသုံးစွဲနေပြီ ဖြစ်သည်။

ဝေါဟာရဖြစ်ပုံ[ပြင်ဆင်ရန်]

အပင်တို့ကို ဆေးအဖြစ်သုံးမည်ဆိုက ဗမာအခေါ် ဘယဆေး (ဟင်ဒီတို့က ပရဆေးဟု သုံး) ခေါ်သည်။ ထိုပရဆေးပင်ကိုပင် အမြစ် အခေါက် အရွက် အပွင့် အသီး စသော အပင်၏ ပဉ္စငါးပါးစလုံးကို အသုံးချရပါက ပဉ္စဘုတ်ဆေးဟု အမည်တပ်ရသည်။ တမျိုးထက်ပိုသော ဆေးပင်တို့ကို ပေါင်းစပ်အသုံးပြုရပါက ဆေးပေါင်း သို့မဟုတ် ပိဏ္ဍောဆေး တွင်၏။ ထိုစကားလုံး ပိဏ္ဍောမှ ဝေါဟာရရွေ့ကာ ပိန္ဓောဟူ၍ ဖြစ်လာသည်။

ဆေးကုနည်းအကျဉ်း[ပြင်ဆင်ရန်]

ဓာတ်ကြီးလေးပါးဖြစ်သော တေဇော ပထဝီ အာပေါ ဝါယောတို့ကို ခန္ဓာအိမ်၌ တည်ကာ ဆီး ဝမ်း သွေး လေ ဟူ၍ ခွဲသည်။ ၎င်းနောက် ဆီးကြောင့်ဖြစ်သောရောဂါ၊ ဝမ်းကြောင့်ဖြစ်သောရောဂါ စသဖြင့် ထပ်ပြားသည်။ ၎င်းရောဂါလက္ခဏာတို့ကို သုံးသပ်ကာ ဆရာဖြစ်သူက အနာနှင့်ဆေး တည့်ရာပေးရသည်။ လူနာတဦးနှင့်တဦး သုံးရသည့်ဆေး မတူသလို ဆရာတဦးနှင့်တဦး သုံးသောနည်းလည်း ကွဲလေ၏။

အချို့ရောဂါတို့ကို ဝမ်းတွင်းပါဟု သတ်မှတ်ရသည်။ မွေးကပင်ပါလာ၍ ကုမရတော့ပေ။ ထို့ပြင် ရောဂါရင့်လွန်း၍ ကုမရက သက်သာရုံသာ ဆေးပေးသည်လည်း ရှိသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. သိမ်ဖြူဆရာတော် ရှင်နာဂသေန။ "အမြုတေသင်တန်း ဥပဒေကျမ်း"