ဗဟန်းတောင်

ဝီကီပီးဒီးယား မှ

ဗဟန်းတောင်သည် ရခိုင်ပြည်နယ်၊ ရမ္မာဝတီ ခေါ် ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့ကို ဝိုင်းရံလျက်ရှိသော တောင်ရံ ငါးလုံးအနက်မှ တစ်လုံး ဖြစ်ပြီး၊ ရှေးအခါက ဗဟန်းကျောက်များ ထွက်ရှိခဲ့၍ အဂ္ဂိရတ်ဝိဇ္ဇာများ ဖိုကစားခဲ့သော နေရာ ဖြစ်သည်။ တောင်ထိပ်တွင် တောင်မြောက် ပေ(၃၀၀)ခန့် ရှည်လျားအောင် မြေညှိပြုပြင်ထားသည်။ ပတ်ဝန်းကျင် ရှုခင်းများ သာယာပြီး လေပြည် တဟူးဟူး တိုက်ခတ်နေသဖြင့် အစဉ် အေးမြသော နေရာ တစ်နေရာ ဖြစ်သည်။

တောင်ပေါ်တွင် စေတီ သုံးဆူ တည်ထားပြီး တစ်ဆူစီ၏ ဒါယကာများမှာ ကောဇာသက္ကရာဇ် ၁၁၇၃ ခုနှစ် ရမ်းပြည့်မြို့ဝန်မင်းဖြစ်သော နေမျိုးသူရိယ နှင့် နှမတော် မိနှောင်း၊ တူတော် မောင်ရင်တို့ အသီးသီး ဖြစ်ကြသည်။ ခေတ်ကာလကြာ၍ ပျက်စီးယိုယွင်းလာသော် ၁၃၅၆ တွင် အစိုးရက ထပ်မံ ပြုပြင်သည်။ ၁၃၆၀ ပြည့် ကဆုန်ကဆန်း ၅ ရက်၌ ထီးတော် တင်လှူခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မင်းဣဒ္ဓိ(ဂမ္ဘီရတောင်တန်း) (ဇူလိုင်၊ ၂၀၀၀)။ ရမ္မာဝတီမှ စိတ်ဝင်စားဖွယ်ရာများ(၁)။ နက္ခတ္တရောင်ခြည်။ p. ၁၂။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)