ဗလေဒီမိုင် သဘာဝထိန်းသိမ်းရေး နယ်မြေ

ဝီကီပီးဒီးယား မှ
ဗလေဒီမိုင် သဘာဝထိန်းသိမ်းရေး နယ်မြေ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ဆေးရှဲ
အမျိုးအစား သဘာဝ
ရွေးချယ်သည့်စံနှုန်း vii, viii, ix, x
ကိုးကား ၂၆၁
ဒေသ** အာဖရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၃  (သတ္တမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ဗလေဒီမိုင် သဘာဝ ထိန်းသိမ်းရေးနယ်မြေ (မေတောင်ကြား) သည် ဆေးရှဲနိုင်ငံ ပရာစလင်ကျွန်းပေါ်တွင် တည်ရှိသော သဘာဝဥယျာဉ်နှင့် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခု ဖြစ်သည်။ [၁][၂] ထိုဥယျာဉ်တွင် ကောင်းမွန်စွာ ထိန်းသိမ်းထားသော အုန်းတောကြီးရှိပြီး ထိုဒေသရှိ ဒေသရင်းပင် ဖြစ်ပြီး ကျော်ကြားသော ကိုကိုးဒီမာ ဟု ခေါ်သည့် အုန်းပင်များနှင့် အခြား ဒေသရင်း အုန်းပင် ၅ မျိုးတို့ ပါဝင်သည်။ ကိုကိုး ဒီမာသည် အုန်းပင် မျိုးစိတ်ဝင်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ ရှိသမျှ အပင်ထဲတွင် အကြီးဆုံးသော အဆံ ရှိသည်။ ထိုဥယျာဉ်တွင် သီးသန့် အဖြစ်တည်ရှိနေသော တိရစ္ဆာန်များတွင်လည်း ဆေးရှဲ ကြက်တူရွေးနက်၊ နို့တိုက်သတ္တဝါများ၊ ကဏန်းများ၊ ပက်ကျိများနှင့် အခြားတွားသွားသတ္တဝါများ ပါဝင်သည်။[၂][၃] အခြားလာရောက်စိုက်ပျိုးထားသော အပင်များကို ထိုဒေသမှ ဖယ်ရှားရန် အစဉ်တစိုက် ပြုလုပ်ကြသော်လည်း ကော်ဖီပင်၊ နာနတ်ပင် နှင့် အလှစိုက်အုန်းပင်တို့ကို ဖယ်ရှားရာတွင် ယခုတိုင် မအောင်မြင်သေးပေ။ [၄] ယခင်က ဧရာမတိုက်ကြီးဖြစ်သော ဂွန်ဒွါနာ မှ သေးငယ်သော အစိတ်အပိုင်းများ အဖြစ်ကွဲထွက်ရာတွင် ဆေးရှဲလ်အား ယနေ့ခေတ် အိန္ဒိယနှင့် မဒါဂတ်စကားကျွန်းတို့ကြားတွင် ကျွန်းများ အဖြစ် ကျန်ရှိစေခဲ့သဖြင့် ဤသစ်တောတွင် ရှိသော ထူးဆန်းသော အပင်များနှင့် သတ္တဝါမျိုးစိတ်များသည် ထိုအချိန်ကတည်း ကြွင်းကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။[၂]


ကိုးကား[ပြင်ဆင်ရန်]

  1. World Heritage List။ UNESCO organization။ 22 March 2013 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ Vallée de Mai Nature Reserve။ UNESCO organization။ 22 March 2013 တွင် ပြန်စစ်ပြီး။
  3. Lodoicea maldivica Coco-de-mer။ Encyclopedia of Life။ 22 March 2013 တွင် ပြန်စစ်ပြီး။
  4. Coe 1998, p. 24.