ဖွားဖက်တော်ခုနစ်ပါး
ပုံပန်းသွင်ပြင်
ဖွားဖက်တော် ၇-ပါး။ သုတ်မဟာဝါ။ အဋ္ဌကထာ၊ စာမျက်နှာ (၁၈)။
ဗုဒ္ဓဘုရားရှင်နှင့် အတူဖွားမြင်ပေါ်ပေါက်လာကြသော အရာဝတ္ထု ၇-ပါး။ အာ, ဗော, ကာ, ယ, ဆန်, ရွှေ, ကဏ်တို့ပင်တည်း။
- (၁) အာ- အာနန္ဒာထေရ်၊ ဘုရားညီတော်၊
- (၂) ဗော-ဗောဓိပင်၊
- (၃) ကာ-ကာလုဒါယထေရ် (သို့မဟုတ်) အမတ်၊
- (၄) ယ- ယသောဓရာဒေဝီ၊
- (၅) ဆန်- ဆန္နထေရ်၊သို့မဟုတ် အမတ်၊
- (၆) ရွှေ- ရွှေအိုးကြီးလေးလုံး၊
- (၇) ကဏ်- ကဏ္ဍကမြင်းဖြူတော်။
မှတ်ချက်။ ဗုဒ္ဓဝင်အဋ္ဌကထာ၌ အရှင်အာနန္ဒာထေရ်မြတ်ကို ဖွားဘက်တော် တစ်ပါးအဖြစ်ဖြင့်
ပြဆို၏၊ ထိုမှတပါး အရှင်အာနန္ဒါအစား အာရောဟဏ ဟတ္ထီ ဟူ၍ မင်္ဂလာစီးတော်ဆင်ကို
ဖွင့်ပြသောကျမ်းများလည်း ရှိသေး၏။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း