ဖဲလစ်ဘလာ့ခ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဖဲလစ်ဘလာ့ခ်
Felix Bloch, Stanford University.jpg
မွေးဖွား (1905-10-23)၂၃ အောက်တိုဘာ၊ ၁၉၀၅
ဇူးရစ်မြို့, ဆွစ်ဇာလန်နိုင်ငံ
ဆုံးပါး ၁၀ စက်တင်ဘာ၊ ၁၉၈၃(1983-09-10) (အသက် ၇၇)
ဇူးရစ်မြို့, ဆွစ်ဇာလန်နိုင်ငံ
နိုင်ငံသား ဆွစ်, အမေရိကန်
နိုင်ငံလူမျိုး ဆွစ်လူမျိုး
နယ်ပယ် ရူပဗေဒ
အဖွဲ့အစည်းဌာန စတန်းဖို့ဒ်တက္ကသိုလ်
University of California, Berkeley
မိခင်ကျောင်း ဇူးရစ် နှင့် လစ်ပ်ဇစ်တက္ကသိုလ်
ပါရဂူဘွဲ့ ကြီးကြပ်သူ Werner Heisenberg
ပါရဂူဘွဲ့ယူ တပည့်များ Carson D. Jeffries
ကျော်ကြားမှုအရင်းခံ NMR
Bloch wall
Bloch's Theorem
Bloch Function (Wave)
Bloch sphere
ထင်ပေါ်ကြော်ကြား ဆုတံဆိပ်များ Nobel Prize for Physics (1952)

ဖဲလစ်ဘလာ့ခ် (အင်္ဂလိပ် : Felix Bloch) သည်ဆွစ်ဇာလန်နွယ်ဖွား အမေရိကန်နိုင်ငံသား ရူပဗေဒပညာရှင် ဖဲလစ်ဘလာ့ခ်ကို ၁၉၀၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်တွင် မွေးဖွားခဲ့သည်။ အခြေခံပညာကိုသင်ယူခဲ့ပြီး ၎င်းမှအင်ဂျီနီယာ ဖြစ်လို၍ ဇူးရစ်မြို့ရှိ ဖက်ဒရယ် နည်းပညာသိပ္ပံသို့ တက်ရောက်ခဲ့သည်။ အင်ဂျင်နီယာပညာရပ်များကို တစ်နှစ်ကျော်လေ့လာသင်ယူပြီးသည့်အခါ ရူပဗေဒဘာသာရပ်ကို သင်ယူရန်ဆုံးဖြတ်ကာ သင်္ချာနှင့် ရူပဗေဒဌာနသို့ ပြောင်းရွှေ့ခဲ့သည်။ နှစ်နှစ်ခန့်အကြာတွင် ဘလာ့ခ်သည် သဘောတရားရေးရာရူပဗေဒပညာရပ်အပေါ် စိတ်ဝင်စားခဲ့ပြန်ကာ ၁၉၂၇ ခုနှစ်တွင် လစ်ပ်ဇစ်တက္ကသိုလ်သို့တက်ရောက်ခဲ့သည်။

၁၉၂၈ ခုနှစ်တွင် "quantum mechanics of electrons in crystals" နှင့် "theory of metallic conduction" အကြောင်းအချက်များကို ဖော်ထုတ်ကာ ပါရဂူဘွဲ့ရခဲ့သည်။ ဘလာ့ခ်သည် ရူပဗေဒပညာရှင်များဖြစ်ကြသည့် Wolfgang Pauli, Kramers, Wener Heisenberg, Niels Bohr, Enrico Fermi စသည်တို့နှင့်အတူ လက်တွဲ အလုပ်လုပ်ခဲ့ရပြီး သီအိုရီပိုင်းဆိုင်ရာ ပညာရပ်များကို ရရှိခဲ့သည်။ ထို့အတူ ဓာတ်အားလှုပ်ရှားမှုပြုနေသည့် အရာများမှ စွမ်းအင်ကို ရပ်တန့်အောင် ပြုလုပ်သည့်နည်းကိုလေ့လာဖော်ထုတ်ခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ဟစ်တလာအာဏာရလာသည့်အခါ ဘလာ့ခ်နှင့်မိသားစုသည်ဂျာမနီမှ အမေရိကန်နိုင်ငံသို့ ထွက်ခွာခဲ့ကြသည်။ ၎င်းအားစတန်းဖို့ဒ်တက္ကသိုလ်က လက်ခံခဲ့ပြီး သုတေသနလုပ်ငန်းများ လုပ်ဆောင်ခွင့်ရခဲ့သည်။ ၎င်းတွင် နျူထရွန်နှင့်ပတ်သက်သည့် အခြေခံအချက်များကို လေ့လာခဲ့ပြီး လွတ်နေသည့် နျူထရွန်များ၏ သံလိုက်လှုပ်ရှားမှုအကြောင်းကို ဖော်ထုတ်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် နျူထရွန်၏ သံလိုက်လှုပ်ရှားမှုကို စမ်းသပ်တိုင်းတာခဲ့ပြီး ၎င်းတွင်တစ်ရာခိုင်နှုန်းအထိ တိကျခဲ့သည်ကို တွေ့ရှိရသည်။ ၁၉၄၀ ပြည့်နှစ်တွင် ဘလာ့ခ်သည် ဂျာမနီနွယ်ဖွားရူပဗေဒပညာရှင် Dr.Lore Misch နှင့် အိမ်ထောင်ပြုခဲ့သည်။ ဖဲလစ်ဘလာ့ခ်သည် ၁၉၈၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်တွင် ကွယ်လွန်ခဲ့ပါသည်။[၁]

ကိုးကားချက်[ပြင်ဆင်ရန်]

  1. သိပ္ပံနှင့်နည်းပညာဂျာနယ် (အမှတ် ၁၉၆) နိုဝင်ဘာ ၂၅၊ ၂၀၀၉