ဖဲရန့်တ်စ် ပုရှ်ကာ့ရှ်

ဝီကီပီးဒီးယား မှ
ဖဲရန့်တ်စ် ပုရှ်ကာ့ရှ်
၁၉၇၁ တွင် ပါနာသီနိုင်းကော့စ် အသင်းနည်းပြအဖြစ် တွေ့မြင်ရစဉ်
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ ဖဲရန့်တ်စ် ပူရ်ဇေ
မွေးသက္ကရာဇ် (1927-04-01)၁ ဧပြီ၊ ၁၉၂၇
မွေးရပ်ဇာတိ ဘူဒါပက်စ်မြို့၊ ဟန်ဂေရီ ဘုရင့်နိုင်ငံ (ထိုစဉ်က)
ကွယ်လွန်သည့်ရက် ၁၇ နိုဝင်ဘာ၊ ၂၀၀၆(2006-11-17) (အသက် ၇၉)
ကွယ်လွန်ရာအရပ် ဘူဒါပက်စ်မြို့၊ ဟန်ဂေရီ
အရပ်အမြင့် ၁.၇၂ မီတာ
ကစားသည့်နေရာ ရှေ့တန်း
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၁၉၄၃–၁၉၅၆ Budapest Honvéd[မှတ်စု ၁] ၃၅၀ (၃၅၈)
၁၉၅၈–၁၉၆၆ ရေအား မဿရစ်ဿ် (ရီးယဲ) ၁၈၀ (၁၅၆)
စုစုပေါင်း ၅၃၀ (၅၁၄)
နိုင်ငံကိုယ်စားပြုအသင်း
၁၉၄၅–၁၉၅၆ ဟန်ဂေရီ အမျိုးသား ဘောလုံးအသင်း ၈၅ (၈၄)
၁၉၆၁–၁၉၆၂ စပိန် အမျိုးသား ဘောလုံးအသင်း (၀)
အုပ်ချုပ်ခဲ့သော အသင်းများ
၁၉၆၆–၁၉၆၇ Hércules
၁၉၆၇ San Francisco Golden Gate Gales
၁၉၆၈ Vancouver Royals
၁၉၆၈–၁၉၆၉ Deportivo Alavés
၁၉၇၀–၁၉၇၄ Panathinaikos
၁၉၇၅ Real Murcia
၁၉၇၅–၁၉၇၆ Colo-Colo
၁၉၇၆–၁၉၇၇ Saudi Arabia
၁၉၇၈–၁၉၇၉ AEK Athens
၁၉၇၉–၁၉၈၂ Al Masry
၁၉၈၅–1986 Sol de América
၁၉၈၆–1989 Cerro Porteño
၁၉၈၉–၁၉၉၂ South Melbourne Hellas
၁၉၉၃ ဟန်ဂေရီ အမျိုးသား ဘောလုံးအသင်း

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

ဖဲရန့်တ်စ် ပုရှ်ကာ့ရှ် (ဟန်ဂေရီ: Ferenc Puskás; ferr-ENTS-_-PUUSH-kəsh-,_-puush,[၁][၂][၃] (ငယ်နာမည် Purczeld၊ ၁၉၂၇ ဧပြီ ၁ - ၂၀၀၆ နိုဝင်ဘာ ၁၇)[၄] သည် ဟန်ဂေရီ ဘောလုံးသမား၊ နည်းပြဟောင်း တစ်ဦးဖြစ်၍ ၎င်းကို အကြီးကျယ်ဆုံးသော ဘောလုံးကစားသမားများအနက် တစ်ဦးဟူ၍ သတ်မှတ်ထားကြသည်။ ဖခင်မှာလည်း ဘောလုံးသမားတစ်ဦးဖြစ်ကာ Ferenc Puskás Senior ဖြစ်သည်။ ဂိုးသွင်းများသူ တိုက်စစ်မှူးတစ်ဦးဖြစ်၍ ဟန်ဂေရီအတွက် နိုင်ငံတကာပွဲ (၈၅) ပွဲတွင် (၈၄)ဂိုးသွင်းယူခဲ့သည်။ စပိန်ဘောလုံးအသင်းအတွက်လည်း နိုင်ငံတကာပွဲ လေးပွဲကသစားခဲ့သည်။ ဟန်ဂေရီလိဂ်၊ လာ လီဂါလိဂ်တို့တွင် ၅၂၉ ပွ၌ ၅၁၄ဂိုး သွင်းယူခဲ့သည်။ ၁၉၅၂တွင် အိုလံပစ်ချန်ပီယံဖြစ်ခဲ့ပြီး ၁၉၅၄တွင် နိုင်ငံအသင်းကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲဆီသို့ ဦးဆောင်ခေါ်ယူနိုင်ခဲ့သည်။ ထိုပြိုင်ပွဲစဉ်အကောင်းဆုံးကစားသမားအဖြစ် ဖီဖာရွှေဘောလုံးဆုရရှိခဲ့သည်။ ပုရှ်ကာ့ရှ်သည် ချန်ပီယံလိဂ် ဖလား သုံးကြိမ် (၁၉၅၉၊ ၁၉၆၀၊ ၁၉၆၆) ၊ ဟန်ဂေရီပြည်တွင်လိဂ် ၁၀ ကြိမ်၊ လာလီ ဂါဖလား ၅ ကြိမ် နှင့် ဂိုးသွင်းအများဆုံးဆု ၈ ကြိမ်ရရှိခဲဘသည်စာ ၁၉၉၅တွင် နိုင်ငံတကာ ဘောလဋ္ဌုးသမိုင်းနှင့် စာရင်းအင်း အဖွဲ့ချုပ် (IFFHS) က (၂၀)ရာစု၏ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် အသိအမှတ်ပြုခဲ့သည်။[၅][၆][၇]

ဟန်ဂေရီ ကလပ်များဖြစ်သည့် Kispest နှင့် Budapest Honvéd တို့တွင် ကစားသမားဘဝစတင်ခဲ့ပြီး ဟန်ဂေရိလိဂ်၌ လေးရာသီ ထိပ်တန်းဂိုးသူယူသူ ဖြစ်ခဲ့ကာ ၁၉၈၄၌ ဥရောပ၏ ထိပ်တန်းဂိုးသွင်းနိုင်သူလည်း ဖြစ်သည်။ ၁၉၅၀နှစ်များအတွင်း ဟန်ဂေရီ အမျိုးသား ဘောလုံးအသင်း ၏ ထင်ရှားသော အသင်းသားနှင့် အသင်းခေါင်းဆောင်ဖြစ်ခဲ့၏။ ထိုစဉ်က ဟန်ဂေရီအသင်းသည် ရွှေအသင်း (သို့) ခွန်အားကြီးသော 'မဲ့ဂယား'များ အဖြစ် ထင်ရှားကျော်ကြားခဲ့သည်။ ဟန်ဂေရီတေယ်လှန်ရေးကြီးပြီးနောက် နှစ်နှစ်အကြာတွင် စပိန်သို့ နိုင်ငံကူးပြောင်း အခြေချခဲ့ကာ စပိန်၌ ရေအား မဿရစ်ဿ် (ရီးယဲ)တွင် ကစားခဲ့သည်။ ထို၌ကစားစဉ် ဂိုးအများဆုံးသွင်းသူဆု 'ပိချီချီ' (Pichichi) လေးကြိမ်ရရှိခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲများတွင် (၇) ဂိုးသွင်းယူခဲ့သည်။

ကသားသူအဖြစ်မှ အနားယူပြီးနောက် နည်းပြဖြစ်လာကာ ၁၉၇၁တွင် ပါနာသီနိုင်းကော့စ် (Panathinaikos) ကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ (ထိုစဉ်က European Cup အမည်ဖြင့်ကျင်းပ) အထိ ခေါ်ဆောင်နည်းပြနိုင်ခဲ့ပြီး အားယာ့ခ်စ်အသင်း (Ajax) ကို ၂-၀ ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ၁၉၉၃ တွင် ဟန်ဂေရီသို့ ပြန်လာပြီး ဟန်ဂေရီ အမျိုးသား အသင်းကို ယာယီကိုင်တွယ်ခဲ့၏။[၈] ၁၉၉၈၌ FIFA/SOS Charity အဖွဲ့၏ ပထမဆုံး သံတမန်ဖြစ်လာခဲ့သည်။[၉] ၂၀၀၂တွင် ဘူးဒါပက်စ်ရှိ 'နိရှိတာဒီယော်န်'(Népstadion) အားကစားကွင်းကို ပုရှ်ကာ့ရှ် ဖဲရန့်တ်စ် အားကစားကွင်း အဖြစ် ၎င်းကိုဂုဏ်ပြု၍ အမည်ပြောင်းလဲခဲ့သည်။[၁၀] ၂၀၀၃ နိုဝင်ဘာတွင် ယူအီအက်အေ နှစ်ပတ်လည် ဆုပေးခြင်း အခမ်းအနား၌ ဟန်ဂေရီဘောလုံးအဖွဲ့ချုပ်က လွန်ခဲ့သည့် နှစ်ငါးဆယ်အတွင်း အကောင်းဆုံး ဟန်ဂေရီဘောလုံးကစားသမားအဖြစ် ကြေညာခဲ့သည်။[၁၁] ၂၀၀၉ အောက်တိုဘာတွင် ဖီဖာက လွန်ခဲ့သောရာသီက အလှပဆုံးဂိုးသွင်းယူသူကို ပေးသည့်ဆုအား ပုရှ်ကာ့ရှ်ဆု အဖြစ် ကြေညာခဲ့သည်။ ပီလီ၏ 'ဖီဖာ(၁၀၀)'စာရင်း၌ လည်းပါဝင်ခဲ့သည်။

မှတ်စု[ပြင်ဆင်ရန်]

  1. Before 1950 the club name was Kispesti A.C.

ကိုးကား[ပြင်ဆင်ရန်]

  1. PuskasCollins English DictionaryHarperCollins။ 14 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 August 2019 တွင် ပြန်စစ်ပြီး။
  2. "Puskas, Ferenc"Lexico UK English DictionaryOxford University Press။ n.d.14 August 2019 တွင် ပြန်စစ်ပြီး
  3. Puskas, FerencLongman Dictionary of Contemporary EnglishLongman။ 14 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 August 2019 တွင် ပြန်စစ်ပြီး။
  4. Archived copy။ 14 July 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 June 2009 တွင် ပြန်စစ်ပြီး။
  5. FIFA President: FIFA to help the Galloping MajorFIFA (12 October 2005)။ 1 January 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2006 တွင် ပြန်စစ်ပြီး။
  6. Coronel Puskas, el zurdo de oro (in Spanish)။ AS (17 November 2006)။ 17 November 2006 တွင် ပြန်စစ်ပြီး။
  7. Mackay၊ Duncan (13 October 2005)။ Lineker tees up another nice little earner။ 17 November 2006 တွင် ပြန်စစ်ပြီး။
  8. "Obituary:Ferenc Puskas"၊ 20 November 2003။ Archived from the original on 16 October 2007။ 
  9. SOS Children mourns Ferenc Puskassoschildrensvillages.org.uk။ SOS Children's Villages (17 November 2006)။ 10 February 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 November 2006 တွင် ပြန်စစ်ပြီး။
  10. Bell၊ Jack။ "Ferenc Puskas, 79, International Soccer Star, Dies"၊ 18 November 2006။ 8 March 2008 တွင် ပြန်စစ်ပြီး 
  11. Golden Players take centre stageUEFA (29 November 2003)။ 17 March 2005 တွင် မူရင်းအား မော်ကွန်းတင်ပြီး။