ဖေ့ဒူဆီထရွန်

ဝီကီပီးဒီးယား မှ

ဖေ့ဒူဆီထရွန် ခေါ် ရှောက်သီးပွဲတော် (ပြင်သစ်: Fête du Citron ) သည် ပြင်သစ်နိုင်ငံ၊ မန်ထွန်မြို့၌ ဖေဖော်ဝါရီလလယ်တိုင်း ကျင်းပသော ပွဲတော်တခု ဖြစ်သည်။ [၁] မန်ထွန်မြို့ နယ်လှည့်ခရီးသွားရုံးမှ ရုံးစည်းကျင်းပပြီး မန်ထွန်၌ ကျင်းပသဖြင့် ကာနေဗယ်ဒီမန်ထွန် (Carnaval de Menton) ဟုလည်း ခေါ်သည်။ ရှောက်သီးပွဲတော်ဆိုသော်လည်း လိမ္မော်ကိုလည်း သုံးသည်။ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးစီး၍ ယူနက်စကို၌ စာရင်းသွင်းရာ ၂၀၁၉ ခုတွင် လက်ဆုပ်လက်ကိုင်မပြနိုင်သောယဉ်ကျေးမှုအမွေအနှစ်စာရင်း၌ ပါဝင်လာသည်။ [၂]

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

၁၉၂၈ ခုတွင် ဥရောပတိုက်၏ အဓိကရှောက်သီးထွက်ရာဒေသမှ မန်ထွန်ဖြစ်သည်။ ဟိုတယ်ရှင်တို့က ရေဗီယာရာဟိုတယ်ရှိ ပန်းခြံများတွင် ပန်းများ အချဉ်သီးများဖြင့် ပန်းပွဲတော် သစ်သီးပွဲတော်လုပ်ကာ လူစိတ်ဝင်စားမှုရအောင် ကြံသည်။ ထိုပွဲမှာ လူကြိုက်များသဖြင့် မြူနီစပယ်က မြို့လုံးကျွတ်ဖြစ်အောင် အကောင်အထည်ဖော်သည်။ သို့ဖြင့် ဖေ့ဒူဆီထရွန်သည် ၁၉၃၄ ခုတွင် စတင်ပေါ်လာသည်။ ဖေ့ဒူဆီထရွန်သည် ဖရန့်ရေဗီယာရာ (ပြင်သစ် ပင်လယ်ကမ်းခြေ) တွင် နိကာနီဗယ် နောက် ဒုတိယအကြီးဆုံး ဆောင်းရာသီပွဲတော်ဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၀-၄၆ ကာလတွင်၎င်း၊ အီရတ်၌ စစ်ဖြစ်သည့် ၁၉၉၁ ခုတွင်၎င်း မကျင်းပခဲ့။

ကိုးကား[ပြင်ဆင်ရန်]

  1. "Fête du citron à Menton" [Lemon Festival in Menton]. routard.com (in French). Retrieved 9 February 2020.
  2. "La fête du Citron de Menton" [Lemon Festival in Menton] (PDF). culture.gouv.fr (in French). Retrieved 9 February 2020.