မာတိကာသို့ ခုန်သွားရန်

ဖော်မြူလာ ဝမ်း

ဝီကီပီးဒီးယား မှ
ဖော်မြူလာ ဝမ်း
2018 ပြိုင်ပွဲရာသီတွင်စတင်အသုံးပြုသည့် လိုဂို
ယှဉ်ပြိုင်မှု ကဏ္ဍအခန်းပွင့် တစ်ယောက်စီး ဖော်မြူလာ ပြိုင်ကား
နိုင်ငံနိုင်ငံတကာ
ပထမဦးဆုံးပြိုင်ပွဲ1950
ပြိုင်ကားမောင်းသူများ၂၂ ဦး
ပြိုင်ယာဉ်တည်ဆောက်သူများ၁၁ သင်း
အင်ဂျင်ထုတ်လုပ်သူများ
တာယာတင်သွင်းသူများ Pirelli
ကားမောင်းကမ္ဘာ့ချန်ပီယံယူနိုက်တက်ကင်းဒမ်း en:Lando Norris (2025)
(McLaren-Mercedes)
ယာဉ်တည်ဆောက်မှုကမ္ဘာ့ချန်ပီယံယူနိုက်တက်ကင်းဒမ်း McLaren-Mercedes (2025)
ဆုရရှိမှုအများဆုံး
တရားဝင်ဝဘ်ဆိုက်formula1.com
လက်ရှိပြိုင်ပွဲရာသီ
၂၀၁၀ မလေးရှား ဂရန့်ပရီပြိုင်ပွဲ

ဖော်မြူလာ ဝမ်း (Formula One သို့မဟုတ် F1) သည် ကမ္ဘာ့ကားမောင်းအဖွဲ့ချုပ် (Fédération Internationale de l'Automobile - FIA) မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းကန့်သတ်ချက်များနှင့်အညီ ဖော်မြူလာ ဝမ်းအဖွဲ့မှဦးစီးကျင်းပသော ကမ္ဘာ့ချန်ပီယံရှစ် ကားမောင်းပြိုင်ပွဲဖြစ်ပြီး "အခန်းပွင့်၊ တစ်ယောက်စီး၊ ဖော်မြူလာ ကား" ပြိုင်ပွဲများထဲ၌ အဆင့်အမြင့်ဆုံးဖြစ်သည်။ ကမ္ဘာ့ကားမောင်းအဖွဲ့ချုပ် ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲသည် စတင်ကျင်းပခဲ့သည့် ၁၉၅၀ ပြည့်နှစ်ဝန်းကျင်ကတည်းက ကမ္ဘာ့ထိပ်တန်း မော်တော်ယာဉ်အားကစားနည်းတစ်ခုဖြစ်ခဲ့ပြီး မော်တော်ယာဉ်မောင်းနှင်မှုဆိုင်ရာ အားကစား၏ ထိပ်ဆုံးအဆင့်အဖြစ်လည်း သတ်မှတ်လေ့ရှိသည်။ ၎င်း၏အမည်တွင်ပါသည့် ဖော်မြူလာ ဟူသော စကားလုံးသည် ပါဝင်ယှဉ်ပြိုင်မည့် မော်တော်ကားအားလုံး လိုက်နာရမည့် စည်းမျဉ်းများကို ရည်ညွှန်းခေါ်ဆိုခြင်းဖြစ်၏။ ဖော်မြူလာ ဝမ်း ပြိုင်ပွဲရာသီတစ်ခုတွင် ဂရန့်ပရီ (Grands Prix) ဟုခေါ်သော ပွဲစဉ်ပေါင်းများစွာပါဝင်သည်။ ဂရန့်ပရီ ပွဲစဉ်များကို သက်ဆိုင်ရာ ကမ္ဘာ့တိုက်ကြီးအသီးသီးမှ နိုင်ငံများရှိ ပြိုင်ကားကွင်းပတ်လမ်းကြောင်းများနှင့် အများပြည်သူနေ့စဉ်သုံးလမ်းမများကို ယာယီပိတ်ဆို့၍ပြုလုပ်ထားသည့် ပတ်လမ်းကြောင်းများပေါ်၌ ပြုလုပ်လေ့ရှိသည်။

ဖော်မြူလာ ဝမ်း ပြိုင်ပွဲရာသီတိုင်း နှစ်စဉ်ချီးမြှင့်နေကြဖြစ်သော ကမ္ဘာ့ယာဉ်မောင်းချန်ပီယံဆု နှင့် ကမ္ဘာ့ယာဉ်တည်ဆောက်မှုချန်ပီယံဆုများအတွက် အနိုင်ရရှိမှုကို ဆုံးဖြတ်ရန် ဂရန့်ပရီပြိုင်ပွဲများတွင် အဆင့်အလိုက် အမှတ်ပေးသည့်စနစ်ကို ကျင့်သုံးသည်။ ပြိုင်ပွဲဝင်ကားမောင်းသမားတိုင်းသည် ကမ္ဘာ့ကားမောင်းအဖွဲ့ချုပ် (FIA) မှ ထုတ်ပေးသော အဆင့်အမြင့်ဆုံး ပြိုင်ကားမောင်းလိုင်စင်ဖြစ်သော စူပါလိုင်စင် (Super Licence) အား သက်တမ်းကုန်လွန်ခြင်းမရှိဘဲ ကိုင်ဆောင်ထားသူ ဖြစ်ရမည်ဖြစ်သည်။ ယှဉ်ပြိုင်မောင်းနှင်မည့် ကားလမ်းများသည်လည်း FIA မှ သတ်မှတ်ပေးသည့် အမြင့်ဆုံးအဆင့်အတန်းဖြစ်သော ပထမတန်းစား (Grade One) လမ်းမျာပေါ်၌သာ ကျင်းပရမည်ဖြစ်သည်။

ဖော်မြူလာ ဝမ်းနှင့်ပတ်သက်သော စီးပွားဖြစ်လုပ်ငန်းများ လုပ်ပိုင်ခွင့်ကို လေဘာတီမီဒီယာကော်ပိုရေးရှင်းထံသို့ ခန့်မှန်းတန်ဖိုးအမေရိကန်ဒေါ်လာ ၈ ဘီလီယံဖြင့် ၂၀၁၇ ခုနှစ်မှစတင်ငှားရမ်းပေးထားသည်။ ထိုလုပ်ငန်းရှင်သစ်လက်ထက်၌ မိုင်ယာမီ၊ လာ့စ်ဗီးဂတ်စ်၊ ဆော်ဒီအာရေဗျ၊ ကာတာ နှင့် နယ်သာလန် ဂရန့်ပရီပွဲစဉ်များ ထည့်သွင်းကျင်းပနိုင်ခဲ့သည်။

ဖော်မြူလာ ဝမ်း ပြိုင်ကားများသည် လမ်းကွေ့များပေါ်၌ပင် အရှိန်မြန်မြန်မောင်းနှင်နိုင်ရန် ၎င်းတို့၏ ရှေ့/ နောက်တောင်ပံနှင့် ကိုယ်ထည်အောက်ပိုင်းရှိ အခေါင်းပေါက်များမှ လေခွင်းဖိနှိပ်အား (Aerodynamic Downforce) အမြောက်အမြားထွက်ရှိအောင် အသေးစိတ်ချိန်ဆတွက်ချက်ကာ ထိန်းညှိတည်ဆောက်ထားသော ကမ္ဘာ့အမြန်ဆုံး ပတ်လမ်းမောင်းပြိုင်ကားများဖြစ်သည်။ ပြိုင်ကားများ၏ စွမ်းဆောင်ရည်သည် အီလက်ထရွန်းနစ်စနစ်၊ လေခွင်းအား၊ ဆိုင်းထိန်းစနစ်နှင့် တာယာများပေါ်၌ မူတည်လေသည်။ ၁၉၉၄ ခုနှစ်တွင် ကားဘီးများ လမ်းမချော်ရန် ထိန်းချုပ်ရေးစနစ်၊ တာအထွက် ထိန်းချုပ်ရေးစနစ်၊ အလိုအလျောက် ဂီယာစနစ် နှင့် အခြားသော မောင်းနှင်မှုဆိုင်ရာ အီလက်ထရွန်းနစ်အထောက်အကူပြုစနစ်များ အသုံးပြုခြင်းကို ပထမဆုံးတားမြစ်ခဲ့သည်။ ထို့နောက် ၂၀၀၁ ခုနှစ်တွင် ခေတ္တပြန်လည်မိတ်ဆက်ခဲ့သော်လည်း ၂၀၀၄ နှင့် ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် ထပ်မံတားမြစ်ခဲ့ပြန်သည်။

၂၀၂၆ ခုနှစ် ပြိုင်ပွဲရာသီအတွက် ပြိုင်ကားအသင်းတစ်သင်းစီ၏ အများဆုံးသုံးစွဲနိုင်မည့် ကုန်ကျစရိတ်ကန့်သတ်ချက်မှာ အမေရိကန်ဒေါ်လာ ၂၁၅ သန်းဖြစ်သည်။ သို့သော် ဖော်မြူလာ ဝမ်း ပြိုင်ကားအသင်း တစ်သင်းအဖြစ် လုပ်ငန်းလည်ပတ်နိုင်ရေး မြေပြင်အမှန်တကယ်သုံးစွဲရသော ငွေကြေးပမာဏသည် အကြောင်းအရာဖော်ပြ၍မရသည့် အချို့သောကိစ္စရပ်များကြောင့် ယင်းသတ်မှတ်ချက်ထက် ကျော်လွန်လေ့ရှိသည်။ ယင်းသို့သော ကိစ္စရပ်များကြောင့်ပင် ဖော်မြူလာ ဝမ်း၏ ဘဏ္ဍာရေးနှင့် နိုင်ငံရေးဆိုင်ရာ ပြိုင်ဆိုင်မှု သတင်းများ မကြာမကြာ ထွက်ပေါ်နေရခြင်းဖြစ်၏။ ယူနိုက်တက်ကင်းဒမ်းသည် ဖော်မြူလာဝမ်းပြိုင်ပွဲ၏ ဗဟိုချက်မဖြစ်ပြီး ပြိုင်ပွဲဝင် အသင်း ၁၁ သင်းမှ ၆ သင်းသည် ၎င်းနိုင်ငံတွင် အခြေစိုက်ထားသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဖော်မြူလာ ဝမ်း၏ မူလအစသည် ယာဉ်တည်ဆောက်မှု ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ (၁၉၂၅ – ၁၉၂၇)နှင့် ယာဉ်မောင်း ဥရောပချန်ပီယံရှစ် (၁၉၃၁ – ၁၉၃၉) ပြိုင်ပွဲများမှတဆင့် ပေါ်ပေါက်လာခြင်းဖြစ်၏။ ဖော်မြူလာ ဆိုသည်မှာ ပြိုင်ပွဲဝင် ကားအားလုံး တသမတ်တည်းလိုက်နာရမည့် ယာဉ်တည်ဆောက်မှု စည်းမျဉ်းကန့်သတ်ချက်များကို ဆိုလိုသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက ဂရန့်ပရီအဖွဲ့များသည် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲအား ချန်ပီယံရှစ်ပြိုင်ပွဲသစ်တစ်ခုဖြင့် အစားထိုးပြုလုပ်ရန် ကြံရွယ်ခဲ့ကြသော်လည်း စစ်ပွဲကာလအတွင်း ကားမောင်းပြိုင်ပွဲများ ကျင်းပနိုင်ခြင်း မရှိသောကြောင့် စစ်ကြီးပြီးဆုံးချိန်အထိ ပြိုင်ပွဲဝင်မည့် ကားများအတွက် နိုင်ငံတကာ စည်းမျဉ်းကန့်သတ်ချက် ဖော်မြူလာအသစ်ကို တရားဝင်သတ်မှတ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ဖော်မြူလာ ဝမ်းသည် ၁၉၄၆ ခုနှစ်တွင် သဘောတူညီခဲ့ကြသော စည်းမျဉ်းကန့်သတ်ချက် ဖော်မြူလာတစ်ခုဖြစ်ပြီး ၁၉၄၇ ခုနှစ်မှစတင်၍ တရားဝင်အသက်သွင်းနိုင်ခဲ့သည်။ ဖော်မြူလာ ပြိုင်ပွဲများ၏ တရားဝင်စတင်မှုမတိုင်မီ ရှေ့ပြေးအနေနှင့်ပြုလုပ်ခဲ့သော ၁၉၄၆ ခုနှစ် တူရင်းဂရန့်ပရီပြိုင်ပွဲသည် ဖော်မြူလာ စည်းမျဉ်းသစ်များနှင့်အညီ ပထမဆုံးကျင်းပသော ဂရန့်ပရီပြိုင်ပွဲဖြစ်သည်။ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲသစ်ကို ၁၉၅၀ ပြည့်နှစ်၌ စတင်ပြုလုပ်နိုင်ရန် ကြံဆခဲ့ကြသည်။ [] [] []

၁၉၅၀ ပြည့်နှစ် မေလ ၁၃ ရက်နေ့ ယူနိုက်တက် ကင်းဒမ်း၊ ဆေးဗားစတုန်း ပတ်လမ်းပြိုင်ကားကွင်း၌ ပြုလုပ်ခဲ့သည့် ဗြိတိသျှဂရန့်ပရီပြိုင်ပွဲသည် ကမ္ဘာ့ချန်ပီယံရှစ်ကားမောင်ပြိုင်ပွဲအနေဖြင့် ပထမဦးဆုံးတရားဝင်ကျင်းပသော ပြိုင်ပွဲဖြစ်သည်။[] ထိုပွဲစဉ်၌ အယ်ဖာရိုမီယို (အီတလီ: Alfa Romeo) ပြိုင်ကားအသင်းမှ ပြိုင်ကားမောင်းသမား ဂျိုးဇက်ဖ် ဖာရီနာ (အီတလီ: Giuseppe Farina) သည် အသင်းဖော် ပြိုင်ကားမောင်းသမား ဂျူအန် မန်နျူရယ် ဖန်ဂျီယို (စပိန်: Juan Manuel Fangio) ကို ကပ်လျှက်အနိုင်ရမှတ်ဖြင့် အနိုင်ရဗိုလ်စွဲကာ ပထမဆုံးသော ကမ္ဘာ့ယာဉ်မောင်းချန်ပီယံဖြစ်လာခဲ့သည်။ ဖန်ဂျီယို သည်လည်း ၁၉၅၁၊ ၁၉၅၄၊ ၁၉၅၅၊ ၁၉၅၆ နှင့် ၁၉၅၇ ခုနှစ်ပြိုင်ပွဲအားလုံး၏ ကမ္ဘာ့ချန်ပီယံဆုများကို ဆွတ်ခူးနိုင်ခဲ့ပြီး[] ကမ္ဘာ့ချန်ပီယံဆု တစ်ဦးချင်းရရှိမှု အများဆုံး ပြိုင်ကားမောင်းသမားအဖြစ် စံချိန်တင်ခဲ့သည်။ ၎င်းနောက် ၂၀၀၃ ခုနှစ်တွင် မိုက်ကယ် ရှူးမက်ကာမှ ၎င်း၏ဆဋ္ဌမမြောက်ချန်ပီယံဆုရရှိမှုဖြင့် ယင်းစံချိန်အား ချိုးဖျက်၍ စံချိန်သစ်တင်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် သတ္တမမြောက်ချန်ပီယံဆု ထပ်မံရရှိကာ စံချိန်သစ်ထပ်မံ၍တင်နိုင်ခဲ့သည်။[]

၁၉၅၁ ခုနှစ် ကမ္ဘာ့ယာဉ်မောင်းချန်ပီယံ ဂျူအန် မန်နျူရယ် ဖန်ဂျီယို မောင်းနှင်ယှဉ်ပြိုင်ခဲ့သော အယ်ဖာရိုမီယို ၁၅၉ (Alfa Romeo 159) ပြိုင်ကား

ဂျူအန် မန်နျူရယ် ဖန်ဂျီယို သည် သူဝင်ပြိုင်ခဲ့သည့် အကြိမ်ပေါင်း ၅၂ ကြိမ်၌ ၂၄ ကြိမ် အနိုင်ရရှိခဲ့သဖြင့် ဖော်မြူလာ ဝမ်း သမိုင်းတလျှောက် တစ်ဦးချင်း အနိုင်ရရှိမှု ရာခိုင်နှုန်းအမြင့်ဆုံး ပြိုင်ကားမောင်းသမားအဖြစ် စံချိန်တင်ထားဆဲဖြစ်သည်။[] ၁၉၅၈ ခုနှစ် ပြိုင်ပွဲရာသီမှစ၍ ယာဉ်တည်ဆောက်သူ ကမ္ဘာ့ချန်ပီယံဆုကို ထပ်မံဖြည့်စွက် ချီးမြှင့်ခဲ့သည်။[] [] []

နည်းပညာပိုင်း တိုးတက်မှုများ

[ပြင်ဆင်ရန်]
၁၉၆၁ နျူဘာဂရင်း ဂရန့်ပရီပွဲစဉ်၌တွေ့ရသော ပြိုင်ပွဲဝင် Lotus 18 ပြိုင်ကား

ပြိုင်ပွဲများတွင် ပထမဆုံးသော အဓိကကျသည့် နည်းပညာဆိုင်ရာ တိုးတက်မှုသည် ဘူဂတ်တီ ပြိုင်ကားအသင်း (Bugatti) ၏ ခါးလယ်-အင်ဂျင်ထိုင် ပြိုင်ကားများဖြင့် ဝင်ရောက်ယှဉ်ပြိုင်၍ ၎င်းနည်းပညာနှင့် မိတ်ဆက်ခဲ့ချိန်က ဖြစ်သည်။ ဩစတြေးလျ ပြိုင်ကားမောင်းသမား ဂျက်ဘရက်ဘမ် (Jack Brabham) ရရှိခဲ့သည့် ၁၉၅၉၊ ၁၉၆၀ နှင့် ၁၉၆၆ ခုနှစ် ချန်ပီယံဆုများသည် ခါးလယ်-အင်ဂျင်အထိုင်ချခြင်း၏ အားသာမှုကို သက်သေပြခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ပြိုင်ပွဲဝင်အသင်းအားလုံး ခါးလယ်-အင်ဂျင်ထိုင် ပြိုင်ကားများဖြင့် ပြောင်းလဲပြိုင်ပွဲဝင်ခဲ့ကြသည်။ လေးဘီးယက်ပုံစံ Ferguson P99 ပြိုင်ကားသည် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲသို့ နောက်ဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ယာဉ်ဦးပိုင်း-အင်ဂျင်ထိုင် ဒီဇိုင်း ဖော်မြူလာ ဝမ်း ပြိုင်ကားဖြစ်ခဲ့ပြီး ၁၉၆၁ ခုနှစ် ဗြိတိသျှ ဂရန့်ပရီ၏ တစ်စင်းတည်းသောရှေ့ခန်း-အင်ဂျင်ထိုင် ဒီဇိုင်း ပြိုင်ကားလည်းဖြစ်ခဲ့သည်။ [၁၀]

၁၉၆၂ ခုနှစ်တွင် လိုတက်စ်ပြိုင်ကားအသင်း (Lotus) သည် ရှေးရိုးပုံစံဖြစ်သည့် ဒေါက်တိုင် အရိုးစုဘောင် ကိုယ်ထည်အစား အလူမီနီယမ်ပြား အကာခွံ ကိုယ်ထည်ဖြင့် တည်ဆောက်ထားသော ပြိုင်ကားဖြင့် ဝင်ရောက်ယှဉ်ပြိုင်၍ ယင်းနည်းပညာသစ်ဖြင့် မိတ်ဆက်ခဲ့သည်။ ၎င်းသည် ခါးလယ်-အင်ဂျင်ထိုင်စနစ်ပြီးနောက်ပိုင်း နည်းပညာဆိုင်ရာ အကြီးမားဆုံးတိုးတက်မှုဖြစ်ကြောင်း သက်သေပြခဲ့သည်။ [၁၁]

၁၉၆၈ ခုနှစ် ရာသီပွဲစဉ်တွင် တောင်ပံရွက်တပ် ပြိုင်ကားပုံစံများပေါ်ပေါက်လာခြင်းနှင့်အတူ ကားဒီဇိုင်းများတွင် လေခွင်းပင့်ဖိအား (Aerodynamic Downforce) သက်ရောက်မှုသည် တဖြည်းဖြည်းအရေးပါလာခဲ့သည်။ ၁၉၇၀ ပြည့်နှစ်နှောင်းပိုင်းတွင် Lotus အသင်းမှ မြေပြင်-သက်ရောက်မှု လေခွင်အား (Ground-Effect Aerodynamics) နည်းပညာသုံး ပြိုင်ကားများနှင့် မိတ်ဆက်ခဲ့သည်။ ၎င်းနည်းပညာ၏ အကျိုးကျေးဇူးဖြင့် ပြိုင်ကားများတွင် ကြီးမားသည့် ပင့်ဖိအားရရှိမှုနှင့်အတူ လမ်းကွေ့များပေါ်၌ အရှိန်မြန်မြန် မောင်းနှင်နိုင်စွမ်း ပိုမိုရရှိလာခဲ့သည်။[၁၂]

၁၉၈၅ ခုနှစ် ဥရောပ ဂရန့်ပရီပြိုင်ပွဲတွင် ယှဉ်ပြိုင်မောင်းနှင်နေသော ဖာရာရီအသင်း၏ ပြိုင်ကားတစ်စင်း

၁၉၈၈ ခုနှစ်အလွန် ဆယ်စုနှစ်တာမျှ ကာလအတွင်း ဖော်မြူလာ ဝမ်း ပြိုင်ပွဲများသည် ပြိုင်ဆိုင်မှု အလွန်ပြင်းထန်ခဲ့ပြီး ယာဉ်မတော်တဆဖြစ်ပွားမှုများနှင့် သေဆုံးမှုဖြစ်ရပ်များ ရှိခဲ့၏။[၁၃][၁၄][၁၅]

၂၀၁၄ ခုနှစ် ဂျပန် ဂရန့်ပရီပြိုင်ပွဲ ယာဉ်မတော်တဆမှု ထိခိုက်ဒဏ်ရာများကြောင့် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့၌ ကွယ်လွန်သွားခဲ့သူ ပြင်သစ် ပြိုင်ကားမောင်းသမား ဂျူးလိစ် ဘီယန်ချီ၏ သေဆုံးမှုမတိုင်မီအထိ ဖော်မြူလာ ဝမ်း ပြိုင်ပွဲသမိုင်းတလျောက် ပြိုင်ကားမောင်းသမားတစ်ဦးမျှ ပြိုင်ပွဲ မတော်တဆမှုမှ ရရှိသည့် ဒဏ်ရာကြောင့် သေဆုံးဖူးခြင်း မရှိပေ။[၁၆]

ထုတ်လုပ်ရေးလုပ်ငန်းရှင်များ ပြန်လည်ဝင်ရောက်လာခြင်း

[ပြင်ဆင်ရန်]
မိုက်ကယ် ရှူးမက်ကာနှင့် ဖာရာရီအသင်းသည် ကမ္ဘာ့ချန်ပီယံဆုများ ငါးကြိမ်ဆက်တိုက် အတူတကွရယူနိုင်ခဲ့သည်။ (၂၀၀၁ ခုနှစ် ဓာတ်ပုံ)

မိုက်ကယ် ရှူးမက်ကာနှင့် ဖာရာရီအသင်းတို့၏ ပေါင်းစည်းမှုတွင် ငါးကြိမ်ဆက်တိုက် ယာဉ်မောင်း ကမ္ဘာ့ချန်ပီယံဆု နှင့် ခြောက်ကြိမ်ဆက်တိုက် ယာဉ်တည်ဆောက်မှု ကမ္ဘာ့ချန်ပီယံဆုများ အတူတကွ ရယူနိုင်ခဲ့ကြသည်။ ရှူးမေကာသည် ဖော်မြူလာ ဝမ်းတွင် ဂရန့်ပရီ နိုင်ပွဲရရှိမှု အများဆုံး၊ ရာသီတစ်ခုစာ နိုင်ပွဲရရှိမှု အများဆုံး၊ ယာဉ်မောင်းချန်ပီယံဆုရရှိမှု အများဆုံး စသည့် စံချိန်များစွာကို ပိုင်ဆိုင်ထားသည်။[၁၇] ရှူးမေကာ၏ ရာသီဆက်တိုက် ချန်ပီယံဆု သိမ်းပိုက်မှုသည် ၂၀၀၅ ခုနှစ် ရာသီတွင် ရီနော့ပြိုင်ကားအသင်း (Renault) ၏ စပိန် ပြိုင်ကားမောင်းသမား ဖာနန်ဒို အယ်လွန်ဆို (Fernando Alonso) ၏ အသက်အငယ်ဆုံး ဖော်မြူလာ ဝမ်း ချန်ပီယံဖြစ်လာချိန်၌ ရပ်တန့်သွားခဲ့သည်။[၁၈] ၎င်းနောက်ပိုင်း အသက်အငယ်ဆုံး ချန်ပီယံဆုရှင် စံချိန်အား ဗြိတိသျှ ပြိုင်ကားမောင်းသမား လူးဝစ် ဟာမီလ်တန် (Lewis Hamilton) မှ ၂၀၀၈ ခုနှစ် ချန်ပီယံဆုဖြင့် ချိုးဖျက်ခဲ့ပြီး ၎င်းနောက်ထပ်တဖန် ဂျာမန် ပြိုင်ကားမောင်းသမား ဆီဘက်စသျှန်း ဗက်တယ် (Sebastian Vettel) မှ ၂၀၁၀ ခုနှစ် ချန်ပီယံဆုဖြင့် ယင်းစံချိန်အား ထပ်မံချိုးဖျက်ခဲ့သည်။ ၂၀၀၆ ခုနှစ်ရာသီတွင်လည်း ရီနော့အသင်း နှင့် အယ်လွန်ဆို တို့သည် ချန်ပီယံဆု နှစ်ခုလုံးကို ထပ်မံသိမ်းပိုက်ခဲ့သည်။[၁၉][၂၀] ရှူးမက်ကာသည် ဖော်မြူလာ ဝမ်း ကားမောင်းပြိုင်ပွဲများသို့ ၁၆ နှစ်တာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၀၆ ခုနှစ်ကုန်တွင် ပြိုင်ကားမောင်းသမားဘဝမှ အနားယူခဲ့သော်လည်း ၂၀၁၀ ပြိုင်ပွဲရာသီတွင် Brawn GP အမည်ဖြင့်ပြောင်းလဲ၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မာစီးဒီး ပြိုင်ကားအသင်းသစ်နှင့်အတူ ဖော်မြူလာ ဝမ်း ပြိုင်ပွဲများသို့ တကြော့ပြန်လည် ဝင်ရောက်ခဲ့သည်။[၂၁]

ထိုကာလတွင် FIA မှ ပြိုင်ပွဲလှုပ်ရှားမှုများ တိုးတက်စေရန်နှင့် ကုန်ကျစရိတ်လျှော့ချနိုင်စေရန် ရည်ရွယ်ကာ စည်းမျဉ်းစည်းကမ်းပြောင်းလဲမှုများကို မကြာခဏပြုလုပ်ခဲ့သည်။[၂၂] ချန်ပီယံရှစ် စတင်ခဲ့သည့် ၁၉၅၀ ပြည့်နှစ်ကတည်းက တရားဝင်အဖြစ် သတ်မှတ်ထားသည့် "အသင်းမှ အမိန့်ပေးခြင်း" လုပ်ပိုင်ခွင့်သည် ကားမောင်းအသင်းများမှ ပြိုင်ပွဲရလဒ်အား ပြောင်ကျကျခြယ်လှယ်၍ အပျက်သဘောဆောင်သည့် လုပ်ရပ်များ လူသိရှင်ကြားဖြစ်ပွားခဲ့သည့် ၂၀၀၂ ခုနှစ်မှစ၍ ပိတ်ပင်ခံခဲ့ရသည်။ ၎င်းကိစ္စ၏ အထင်ရှားဆုံးဖြစ်ရပ်မှာ ၂၀၀၂ ခုနှစ် ဩစတြီးယား ဂရန့်ပရီ၌ဖြစ်ပွားခဲ့သော ဖာရာရီအသင်း၏ ဖြစ်ရပ်ဖြစ်သည်။[၂၃] အခြားပြောင်းလဲမှုများတွင် တာထွက်နေရာ အရည်အချင်းစစ်ခြင်း၊ အမှတ်ပေးစနစ်၊[၂၄] နည်းပညာဆိုင်ရာ စည်းမျဉ်းများ၊[၂၅] နှင့် အင်ဂျင်နှင့် တာယာ မည်မျှကြာမြင့်ရမည် စသည်တို့ဖြစ်သည်။[၂၆][၂၇][၂၈]

ကားမောင်းပြိုင်ခြင်း

[ပြင်ဆင်ရန်]

ဖော်မြူလာ ဝမ်း ဂရန့်ပရီပြိုင်ပွဲတစ်ပွဲသည် ရက်သတ္တပတ်ကုန်အထိ ကြာမြင့်သည်။ ပုံမှန်အားဖြင့် ပြိုင်ပွဲတစ်ပွဲသည် သောကြာနေ့ အစမ်းမောင်းလေ့ကျင့်မှု နှစ်ကြိမ်၊ စနေနေ့ အစမ်းမောင်းလေ့ကျင့်မှု တစ်ကြိမ်တို့ဖြင့် စတင်သည်။ အရန်ယာဉ်မောင်းများကို သောကြာနေ့ လေ့ကျင့်မှုများတွင် ဝင်ရောက်မောင်းနှင်ခွင့်ပြုသော်လည်း အသင်းတစ်သင်းလျှင် ကားနှစ်စီးသာ အသုံးပြုနိုင်သဖြင့် ပြိုင်ပွဲဝင် ယာဉ်မောင်းတစ်ဦးနှင့် လဲလှယ်၍သာ ဝင်ရောက်လေ့ကျင့်နိုင်မည်ဖြစ်သည်။ အစမ်းမောင်းလေ့ကျင့်မှု နောက်ဆုံးအကြိမ်အပြီးတွင် တာထွက် နေရာ အကဲဖြတ်ခြင်းအပိုင်း ပြုလုပ်သည်။ ၎င်းအကဲဖြတ် ရလဒ်အပေါ်မူတည်၍ တနင်္ဂနွေနေ့ အဓိကပြိုင်ပွဲ၏ တာအထွက်တွင် စီတန်းရမည့် နေရာအား သတ်မှတ်သည်။ [၂၉] [၃၀]

တာယာ စည်းမျဉ်းများ

[ပြင်ဆင်ရန်]
၂၀၂၃ ခုနှစ် ရာသီတွင် အသုံးပြုခဲ့သော Pirelli အမှတ်တံဆိပ် ကားတာယာများ (ဝဲ မှ ယာ)။ ပြောင်ကွန်ပေါင်းတာယာ ၃ မျိုး (အပျော့၊ သာမန်၊ အမာ) နှင့် မိုးရာသီသုံးတာယာ ၂ မျိုး (မိုးဖွဲ၊ မိုးသည်းထန်)။

ပြိုင်ပွဲသီတင်းပတ်တစ်ခုစီတွင် ပြိုင်ပွဲဝင်ယာဉ်မောင်းတစ်ဦးလျှင် ခြောက်သွေ့ရာသီသုံး တာယာ ၁၃ စုံ၊ စိုထှိုင်းရာသီသုံး တာယာ ၃ စုံနှင့် အထွေထွေဘက်စုံသုံး တာယာ ၄ စုံ ဟူ၍ စုစုပေါင်း တာယာ အစုံ ၂၀ စီ ခွဲတမ်းချထုတ်ပေးပြီး မသုံးဖြစ်သည့် တာယာအသစ်များကိုလည်း ပြန်လည်အပ်နှံပေးရသည်။ [၃၁]

တာထွက်နေရာ အရည်အချင်းစစ်ပြိုင်ပွဲ

[ပြင်ဆင်ရန်]

ပြိုင်ပွဲကျင်းပမှုသမိုင်းတစ်လျှောက်တွင် တာထွက်နေရာအရည်အချင်းစစ်ပွဲသည် အစမ်းမောင်းလေ့ကျင့်ချိန်နှင့် တဆက်တည်းပြုလုပ်လေ့ရှိ၏။ ယာဉ်မောင်းများသည် သတ်မှတ်ကြာချိန်အတွင်း ပတ်လမ်းများကို တစ်ကြိမ် သို့မဟုတ် ပိုမို၍ မောင်းနှင်ရမည်ဖြစ်ပြီး၊ ယာဉ်မောင်းအသီးသီး၏ ပတ်လမ်းအမြန်ဆုံးမောင်းနှင်မှုစံချိန်ဖြင့် အမှတ်ပေးဇယားရပ်တည်မှုကို ဆုံးဖြတ်သည်။ အမြန်ဆုံးစံချိန်ရရှိသူသည် ပြိုင်ပွဲတွင် Pole position ဟုခေါ်သော ထိပ်ဆုံးနေရာမှ တာထွက်ခွင့် ရရှိမည်ဖြစ်သည်။[၃၂]

တာတိုအမြန်မောင်းပြိုင်ပွဲ

[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် ရာသီပွဲစဉ်များတွင် တာတိုအမြန်မောင်းပွဲများ (Sprints) စတင်ပါဝင်လာခဲ့ပြီး တာထွက်နေရာအရည်အချင်းစိစစ်မှုပုံစံသစ်အနေဖြင့် ချဉ်းကပ်နိုင်ရန် ရည်ရွယ်ခဲ့သည်။ ၎င်းပုံစံသစ်တွင် ယခင်ပြုလုပ်နေကြ အရည်အချင်းစစ်ဆေးပွဲသည် တာတိုအမြန်မောင်းပြိုင်ပွဲအတွက် တာထွက်နေရာကို ဆုံးဖြတ်မည်ဖြစ်ပြီး၊ ၎င်းတာတိုပြိုင်ပွဲအား ဂရန့်ပရီပြိုင်ပွဲ တာထွက်နေရာအတွက် ဆုံးဖြတ်မည်ဖြစ်သည်။[၃၃] သို့သော် ၂၀၂၃ ခုနှစ်တွင် ထိုနည်းလမ်းသစ်အစား တာတိုအမြန်မောင်းပွဲစဉ်များကို ထိပ်ဆုံးပန်းဝင်သူ ၈ ဦးကို ချန်ပီယံရှစ် ရမှတ်ပေးသော ပြိုင်ပွဲများအဖြစ်သို့ ပြောင်းလဲခဲ့သည်။[၃၄][၃၅] စံပြုထားသော ဂရန့်ပရီပြိုင်ပွဲတစ်ပွဲ ကျင်းပပုံမှာ သီတင်းပတ်တစ်ခု၏ အကုန် သောကြာနေ့တွင် အစမ်းလေ့ကျင့်မောင်းနှင်ခြင်းနှင့် ၎င်းနောက် တာတိုအမြန်မောင်းပြိုင်ပွဲအတွက် တာထွက်နေရာ အရည်အချင်းစစ်ဆေးခြင်း၊ စနေနေ့တွင် နံနက်ပိုင်း၌ တာတိုအမြန်မောင်းပြိုင်ပွဲကျင်ပခြင်းနှင့် မွန်းလွဲပိုင်း၌ တနင်္ဂနွေနေ့ ကျင်းပမည့် ဂရန့်ပရီပြိုင်ပွဲအတွက် တာထွက်နေရာအရည်အချင်းစစ်ဆေးခြင်းတို့ဖြစ်သည်။[၃၆]

ကားမောင်းပြိုင်ပွဲ

[ပြင်ဆင်ရန်]

တနင်္ဂနွေနေ့တွင် ပြိုင်ပွဲဝင်ယာဉ်မောင်းများ ယာဉ်နှင့်လမ်းကြောင်းအခြေအနေ စစ်ဆေးနိုင်ရန်၊ ကားတာယာများကို ဆွဲအားနှင့်ကုပ်အား ပိုမိုရရှိစေရန် အပူပေးသည့်အနေဖြင့် ပတ်လမ်းတစ်ပတ်စာ သွေးပူအစမ်းမောင်းနှင်မှုဖြင့် ပြိုင်ပွဲအား စတင်သည်။[၃၇] ယင်းနောက်ယှဉ်ပြိုင်မည့် ပြိုင်ကားအားလုံးသည် တာထွက်နေရာသို့ ၎င်းတို့၏အရည်အချင်းစစ်ပြိုင်ပွဲရလဒ်အစီအစဉ်အတိုင်း ဝင်ရောက်နေရာယူကြသည်။

၂၀၀၅ ခုနှစ် အမေရိကန်ပြည်ထောင်စု ဂရန့်ပရီ တာထွက်နေရာ အရည်အချင်းစစ်ပွဲ၌ မောင်းနှင်ယှဉ်ပြိုင်နေစဉ်တွေ့ရသော Sauber C24 ပြိုင်ကား

သတ်မှတ် တာထွက်နေရာအသီးသီးသို့ ပြိုင်ကားအားလုံး ဝင်ရောက်တန်းစီပြီးသည်နှင့် ဆေးဘက်ဆိုင်ရာစောင့်ရှောက်ရေး ယာဉ်မှ ၎င်းတို့၏အနောက်သို့ ဝင်ရောက်နေရာယူသည်။[၃၈] ထို့နောက် တာထွက်အချက်ပြပွိုင့် အနီရောင်မီးသီးငါးလုံး တစ်လုံးစီ တစ်စက္ကန့်ခြား လင်းလာပြီးနောက် စက္ကန့်အနည်းငယ်အကြာအတွင် မီးသီးအားလုံး တပြိုက်နက် မှိတ်သွားခြင်းဖြင့် ပြိုင်ပွဲစတင်ကြောင်း အချက်ပြသည်။[၃၉] ပြင်းထန်သော မတော်တဆမှု၊ အန္တရာယ်ရှိသော အခြေအနေများ သို့မဟုတ် ယာဉ်မောင်းသည် တာထွက်နေရာ သို့မဟုတ် လမ်းကြောင်းပေါ်တွင် ဘေးကင်းလုံခြုံမှုမရှိဟုထင်ပါက လက်မြှောက်၍ အချက်ပြကာ ပြိုင်ပွဲစတင်ခြင်း လုပ်ငန်းစဉ်ကို ရပ်ဆိုင်းနိုင်သည်။[၄၀] မိုးသည်းထန်စွာရွာသွန်းခြင်းကဲ့သို့သော ပြိုင်ပွဲစတင်ခြင်းသည် အလွန်အကျွံအန္တရာယ်များသည်ဟု ယူဆပါက ဘေးကင်းရေးကား၏နောက်မှလည်း ပြိုင်ပွဲကို စတင်နိုင်သည်။ ယင်းအခြေအနေမျိုးတွင် သွေးပူအစမ်းမောင်းနှင်မှု မပါဝင်တော့ပေ။[၄၁]

ယာဉ်မောင်းပြိုင်ပွဲဝင်များသည် ယှဉ်ပြိုင်နေစဉ်အတွင်း ပြိုင်ကားများ၏ တာယာဘီးများ လဲလှယ်ရန်နှင့် ပျက်စီးချို့ယွင်းမှုများ ပြုပြင်ရန် ဂိုဒေါင်ရုံ ရပ်နားမှု (Pit Stop) များပြုလုပ်နိုင်သည်။ ပြိုင်ပွဲဝင်များသည် သာမန်အချိန်တွင် အမျိုးအစားမတူသော ခြောက်သွေ့ရာသီသုံး ကွန်ပေါင်းတာယာ ၃ စုံ လဲလှယ်နိုင်ပြီး မိုးရွာသွန်းချိန်နှင့် ဆီးနှင်းကျချိန်များတွင် အမျိုးအစားမတူသော စိုထိုင်းရာသီသုံး အထူးထုတ်တာယာ ၂ စုံ လဲလှယ်နိုင်သည်။ ပြိုင်ပွဲတွင် ယာဉ်မောင်းများသည် ဂိုဒေါင်ရုံ ရပ်နားမှုအား တစ်ကြိမ် အနည်းဆုံးပြုလုပ်ရမည်ဖြစ်ပြီး ကွန်ပေါင်းတာယာများအား နှစ်စုံ အနည်းဆုံးအသုံးပြုရမည်ဖြစ်သည်။[၄၂][မှတ်စု ၁]

ရှေ့ဆုံးမှ ဦးဆောင်ယှဉ်ပြိုင်နေသော ကားသည် သတ်မှတ်ထားသည့် ပတ်လမ်းမောင်းနှင်မှုအကြိမ်ရေ ပြီးမြောက်သောအခါတွင် ယှဉ်ပြိုင်မှုပြီးဆုံးလေသည်။[မှတ်စု ၂] သတ်မှတ်ပတ်လမ်းမောင်းနှင်မှုအကြိမ်ရေပြီးမြောက်သူ တစ်ဦးမကပါက ပန်းဝင်မျဉ်းကိုဖြတ်သည့် အချိန်ဖြင့် ဆုံးဖြတ်သည်။ ပြိုင်ပွဲပြီးဆုံးချိန်တွင် သတ်မှတ်ထားသော အကွာအဝေး၏ ၉၀% ပြီးမြောက်သော ပြိုင်ပွဲဝင်များကို ၎င်းတို့၏ ဆက်စပ်လမ်းကြောင်းအနေအထားနှင့် ပြီးမြောက်သွားသော ပတ်လမ်းမောင်းနှင်မှု အရေအတွက်ပေါ်မူတည်၍ ပြိုင်ပွဲ၏ ရလဒ် အဆင့်များကို သတ်မှတ်သည်။ ပြိုင်ပွဲအား ဆက်လက်ကျင်းပရန် လုံခြုံစိတ်ချရမှုမရှိသည့် အခြေအနေမျိုးရှိလာပါက ခေတ္တရပ်နားနိုင်သည် သို့မဟုတ် စောလျင်စွာ ပြီးဆုံးနိုင်သည်။ ယှဉ်ပြိုင်နေမှုအား ယာယီဆိုင်းငံ့ထားသည့် အခြေအနေမျိုးတွင် ပြိုင်ပွဲဝင် ကားအားလုံးသည် လမ်းကြောင်းရှင်း ကား (Safety Car) ၏ ဦးဆောင်မှုနောက်တွင် လက်ရှိရောက်ရှိနေသည့် နေရာ အစဉ်လိုက်အတိုင်း မောင်းနှင်ရမည်ဖြစ်ပြီး ယှဉ်ပြိုင်မှု ပြန်လည်မစတင်မီ ဆယ်မိနစ်ကြိုတင်အသိပေးသည်။[၄၄]

အချက်ပြ အလံများ

[ပြင်ဆင်ရန်]

ဖော်မြူလာ ဝမ်း ကားပြိုင်ပွဲများတွင် အသုံးပြုသော အချက်ပြအလံများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သုံးစွဲပုံများကို ကမ္ဘာ့ကားမောင်းအဖွဲ့ချုပ်မှ ထုတ်ပြန်သော ကားမောင်းအားကစားနည်းဆိုင်ရာ နိုင်ငံတကာ ကျင့်ထုံး၏ နောက်ဆက်တွဲ(ဇ)တွင် ဖော်ပြထားသည်။[၄၅]

အလံ အခေါ်အဝေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်
SC ဆိုင်းဘုတ်

(Safety Car)

ပြိုင်လမ်းပေါ်တွင် ဘေးကင်းရေးယာဉ် (Safety Car) ရှိကြောင်း သတိပေးညွှန်ပြရန် အဝါရောင်အလံနှင့်တွဲဖက်၍ပြသသည်။ ပြိုင်ကားမောင်းသမားများသည် လက်ရှိအဆင့်ရပ်တည်မှုနေရာအတိုင်း အစဉ်လိုက် အရှိန်လျော့၍မောင်းနှင်ရမည်။
VSC ဆိုင်းဘုတ်

(Virtual Safety Car)

ပြိုင်လမ်းပေါ်တွင် ဘေးကင်းရေးယာဉ် (Safety Car) ရှိသကဲ့သို့ သတ်မှတ်ကြောင်း သတိပေးညွှန်ပြရန် အဝါရောင်အလံနှင့်တွဲ၍ပြသသည်။ ဤသတ်မှတ်ချိန်အတွင်းတွင် ယာဉ်မောင်းများအား ပြိုင်လမ်း အပိုင်းလိုက် မောင်းနှင်ချိန် မည်မျှကြာမြင့်ရမည်ကို သတ်မှတ်ပေးထားပြီး မလိုက်နာပါက ပြစ်ဒဏ်ခံရမည်ဖြစ်သည်။[၄၆]
အဝါ ပြိုင်လမ်းပေါ်တွင် (သို့) ပြိုင်လမ်းအနီးတွင် အပျက်အစီး အပိုင်းအစများရှိကြောင်း သတိပေးညွှန်ပြခြင်းဖြစ်သည်။ အဝါရောင်နှစ်ထပ်လှိုင်းတွန့်အလံသည် ပြိုင်လမ်းပေါ်တွင် (သို့) ပြိုင်လမ်းအနီးတွင် ပြိုင်ပွဲကြီးကြပ်ရေးဒိုင်များ အလုပ်လုပ်နေသောကြောင့် အရှိန်လျှော့ရန်နှင့် ရပ်တန့်နိုင်ရေး ပြင်ဆင်ထားရန် သတိပေးညွှန်ပြခြင်းဖြစ်သည်။
အစိမ်း ပြိုင်ပွဲသည် ပုံမှန်အခြေအနေအတိုင်း ယှဉ်ပြိုင်နေကြောင်း ညွှန်ပြခြင်းဖြစ်သည်။ ၎င်းအား အလံဝါ (သို့) SC Board ပြသပြီးနောက် ပုံမှန်အခြေအနေပြန်ဖြစ်မှုကို ညွှန်ပြခြင်းဖြစ်သည်။ ပြိုင်ပွဲ အစီအစဉ်များတစ်ခု၏ စတင်ရာတွင်လည်း ပြလေ့ရှိသည်။
ဝါနီကျား စက်ဆီ၊ ချောဆီ၊ ရေ (သို့) အပျက်အစီးအပိုင်းအစများရှိနေ၍ ကားလမ်းချော်နိုင်ကြောင်းညွှန်ပြခြင်းဖြစ်သည်။ မျဉ်းကြားပုံသည် ဘေးတိုက်ဖြစ်ပါက တိရစ္ဆာန်ငယ်လေးများ ပြိုင်လမ်းပေါ်တွင်ရှိနေကြောင်း ညွှန်ပြခြင်းဖြစ်သည်။
အပြာ ယာဉ်မောင်း၏နောက်တွင်ရှိသည့် ပတ်လမ်းအခေါက်ရေသာလွန်နေသော အရှိန်ပိုမြန်သည့် ကားများကို ကျော်တက်ခွင့်ပြုရန် ညွှန်ပြခြင်းဖြစ်သည်။ ဤအလံပြသ သတိပေးမှု သုံးကြိမ်ထိပါက ပြစ်ဒဏ်ခံရမည်ဖြစ်သည်။
အဖြူ ရှေ့၌ အရှိန်နှေးသော ကားရှိကြောင်း ညွှန်ပြခြင်းဖြစ်သည်။ ပြင်ဆင်ရေးရုံများမှ ပြိုင်ကားတစ်စီး ပြန်လည်ထွက်ခွာတော့မည်ဖြစ်ကြောင်းကိုလည်း ရုံဝင်လမ်းကြောင်းအဆုံးတွင် အလံရမ်းပြလေ့ရှိသည်။
လိမ္မော်ဝိုင်း အနက် ယာဉ်သည် ထိခိုက်ပျက်စီးမှု (သို့) စက်ပိုင်းဆိုင်ရာချို့ယွင်းမှု တစ်ခုခုရှိနေသောကြောင့် ပြင်ဆင်ရေးရုံသို့ချက်ချင်းပြန်သွားရန် ညွှန်ပြခြင်းဖြစ်သည်။
ဖြူနက်စောင်း ယာဉ်မောင်း၏ အားကစားစိတ်ဓာတ်ညံ့ဖျင်းမှု သို့မဟုတ် အန္တရာယ်ရှိသော အပြုအမူနှင့်ပတ်သက်၍ သတိပေးကြောင်း ညွှန်ပြခြင်းဖြစ်သည်။ အလားတူလုပ်ရပ်မျိုး ထပ်မံကျူးလွန်ပါက အလံနက်ဖြင့် အမှတ်အသားပြုနိုင်သည်။
အနက် ဆက်လက်ယှဉ်ပြိုင်ရန် အရည်အချင်းမပြည့်မီကြောင်း ညွှန်ပြခြင်းဖြစ်သည်။ ၎င်းကို ဖြူနက်စောင်းအလံပြပြီးနောက် ပြသနိုင်သည်။
အနီ ဆက်လက်လုပ်ဆောင်ရန် အလွန်အန္တရာယ်များလာသည့်အခြေအနေမျိုး၌ ပြိုင်ပွဲအား ချက်ချင်းရပ်ဆိုင်းကြောင်း ညွှန်ပြခြင်းဖြစ်သည်။
ချက်ကာကွက် အစမ်းမောင်းလေ့ကျင့်မှု၊ အရည်အချင်းစစ်ဆေးပွဲ သို့မဟုတ် ပြိုင်ပွဲ ပြီးဆုံးကြောင်း ပန်းဝင်နေရာတွင် ညွှန်ပြသည်။

အမှတ်ပေးစနစ်

[ပြင်ဆင်ရန်]
ပထမ ဒုတိယ တတိယ စတုတ္ထ ပဉ္စမ ဆဌမ သတ္တမ အဌမ နဝမ ဒသမ
၂၅ ၁၈ ၁၅ ၁၂ ၁၀

ဂရန့်ပရီ

[ပြင်ဆင်ရန်]
ဖော်မြူလာ ဝမ်း ဂရန့်ပရီပွဲများ၏ ကမ္ဘာ့တည်နေရာပြမြေပုံ။ လက်ရှိပြိုင်ပွဲရာသီအချိန်ဇယားပါ နိုင်ငံများကို အစိမ်းရောင်ခြယ်သထားပြီး ယခင် ဖော်မြူလာ ဝမ်း ပြိုင်ပွဲများ လက်ခံကျင်းပဖူးသော နိုင်ငံများကို မီးခိုးရင့်ခြယ်သထားသည်။ [မှတ်စု ၃]

ပြိုင်ပွဲရာသီတစ်ခုအတွင်း ကျင်းပသော ဂရန့်ပရီပွဲစဉ် အရေအတွက်သည် ခုနှစ်တစ်ခုနှင့်တစ်ခု မတူညီကြပေ။ ၁၉၅၀ ခုနှစ် ကမ္ဘာ့ချန်ပီယံရှစ် ပထမဆုံးရာသီတွင် ပြိုင်ပွဲခုနစ်ပွဲသာ ပါဝင်ခဲ့ပြီး[၄၇] ချန်ပီယံရှစ် မဟုတ်သော ဖော်မြူလာဝမ်း ပြိုင်ပွဲများစွာလည်း ပါဝင်သည်။[၄၈] သို့သော် ၎င်းတို့သည် ၁၉၈၃ ခုနှစ်တွင် အဆုံးသတ်ခဲ့သည်။[၄၉] ၂၀၂၄ ခုနှစ် ပြိုင်ပွဲရာသီတွင် ပြိုင်ပွဲ ၂၄ ပွဲ ပါဝင်ခဲ့ပြီး ဂရန့်ပရီပြိုင်ပွဲအရေအတွက်အများဆုံးကျင်းပမှုဖြစ်သည်။[၅၀]

စာချုပ်ချုပ်ဆိုထားသော ဂရန့်ပရီပွဲများ

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ် ပြိုင်ပွဲရာသီအတွက် ဂရန့်ပရီပြိုင်ပွဲ ၂၂ ပွဲကျင်းပမည်ဖြစ်ရာ ကျင်းပရန် စာချုပ်ချုပ်ဆိုထားသည့် ပတ်လမ်းပြိုင်ကားကွင်းများမှာ အောက်ဇယားပါအတိုင်းဖြစ်သည် - 

ဂရန့်ပရီပွဲစဉ် ပတ်လမ်းကြောင်း စာချုပ်ပြီးဆုံး ကိုးကား
အဘူဒါဘီ ဂရန့်ပရီ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ ရက်စ်မရီနာပြိုင်ကားကွင်းအဘူဒါဘီမြို့ ၂၀၃၀ [၅၁]
ဩစတြေးလျ ဂရန့်ပရီ ဩစတြေးလျနိုင်ငံ အဲလ်ဘတ်ပက်ပြိုင်ကားကွင်းမဲလ်ဘုန်းမြို့ ၂၀၃၇ [၅၂]
ဩစတြီးယား ဂရန့်ပရီ ဩစတြီးယားနိုင်ငံ ရက်ဒ်ဘူးလ်ပြိုင်ကားကွင်းစပီးဘာ့ဂ်မြို့ ၂၀၄၁ [၅၃]
အဇာဘိုင်ဂျန် ဂရန့်ပရီ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့တော်ပြိုင်ကားကွင်းဘာကူးမြို့ ၂၀၃၀ [၅၄]
ဘာစီလိုနာ-ကတ္တလူးညာ ဂရန့်ပရီ စပိန်နိုင်ငံ en:Circuit de Barcelona-Catalunya, en:Montmeló ၂၀၃၂[မှတ်စု ၄] [၅၅]
ဘယ်လ်ဂျီယံ ဂရန့်ပရီ ဘယ်လ်ဂျီယမ်နိုင်ငံ en:Circuit de Spa-Francorchamps, en:Stavelot ၂၀၃၁[မှတ်စု ၅] [၅၆]
ဗြိတိသျှ ဂရန့်ပရီ ယူနိုက်တက်ကင်းဒမ်း ဆေးဗားစတုန်း ပြိုင်ကားကွင်းဆေးဗားစတုန်းမြို့ ၂၀၃၄ [၅၇]
ကနေဒါ ဂရန့်ပရီ ကနေဒါနိုင်ငံ en:Circuit Gilles Villeneuveမွန်းထရီးအောမြို့ 2035 [၅၈]
တရုတ် ဂရန့်ပရီ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းအပြည်ပြည်ဆိုင်ရာပြိုင်ကားကွင်းရှန်ဟိုင်းမြို့ 2030 [၅၉]
ဒတ်ချ် ဂရန့်ပရီ နယ်သာလန်နိုင်ငံ en:Circuit Zandvoort, en:Zandvoort 2026 [၆၀]
ဟန်ဂေရီ ဂရန့်ပရီ ဟန်ဂေရီနိုင်ငံ en:Hungaroring, en:Mogyoród 2032 [၆၁]
အီတလီ ဂရန့်ပရီ အီတလီနိုင်ငံ မွန်ဇာပြိုင်ကားကွင်းမွန်ဇာမြို့ 2031 [၆၂]
ဂျပန် ဂရန့်ပရီ ဂျပန်နိုင်ငံ ဆူဇူကာအပြည်ပြည်ဆိုင်ရာပြိုင်ကားကွင်းဆူဇူကာ 2029 [၆၃]
လပ်ဗီးဂပ်စ် ဂရန့်ပရီ အမေရိကန်ပြည်ထောင်စု Las Vegas Strip Circuit, Paradise, Nevada 2037 [၆၄]
မက္ကဆီကို ဂရန့်ပရီ မက္ကဆီကိုနိုင်ငံ Autódromo Hermanos Rodríguez, မက္ကဆီကိုမြို့ 2028 [၆၅]
မိုင်ယာမီ ဂရန့်ပရီ အမေရိကန်ပြည်ထောင်စု Miami International Autodrome, Miami Gardens, Florida 2041 [၆၆]
မိုနာကို ဂရန့်ပရီ မိုနာကိုနိုင်ငံ မိုနာကို မြို့တွင်းပတ်လမ်းမိုနာကို 2035 [၆၇]
ကာတာ ဂရန့်ပရီ ကာတာနိုင်ငံ en:Lusail International Circuit, en:Lusail 2032 [၆၈]
ဆောပိုလို ဂရန့်ပရီ ဘရာဇီးနိုင်ငံ en:Interlagos Circuit, São Paulo 2030 [၆၉]
စင်္ကာပူ ဂရန့်ပရီ စင်ကာပူနိုင်ငံ မာရီနာဘေ မြို့တွင်းပတ်လမ်းစင်ကာပူ 2028 [၇၀]
စပိန် ဂရန့်ပရီ စပိန်နိုင်ငံ en:Madring, Madrid 2035 [၇၁]
အမေရိကန်ပြည်ထောင်စု ဂရန့်ပရီ အမေရိကန်ပြည်ထောင်စု အမေရိကား ပြိုင်ကားကွင်းအော်စတင်မြို့ 2034 [၇၂]

၂၀၂၇ ရာသီအတွက် စာချုပ်ချုပ်ဆိုထားသည့် ဂရန့်ပရီပွဲစဉ်များဖြစ်သည် -

ဂရန့်ပရီပွဲစဉ် ပတ်လမ်းကြောင်း စာချုပ်ကုန်ဆုံး ကိုးကား
ဘာရိန်း ဂရန့်ပရီ ဘာရိန်းနိုင်ငံ Bahrain International CircuitSakhir ၂၀၃၆ [၇၃] [၇၄]
ပေါ်တူဂီ ဂရန့်ပရီ ပေါ်တူဂီနိုင်ငံAlgarve International CircuitPortimão ၂၀၂၈ [၇၅]
ဆော်ဒီအာရေဗျ ဂရန့်ပရီ ဆော်ဒီအာရေးဘီးယားနိုင်ငံဂျက်ဒါ ကော်နစ်ချီ ဆားကစ် ၊ ဂျက်ဒါးမြို့ [မှတ်စု ၆] ၂၀၃၀ [၇၆] [၇၄]
တူရကီ ဂရန့်ပရီ တူရကီနိုင်ငံအစ္စတန်ဘူလ်ပန်းခြံ အစ္စတန်ဘူလ် ၂၀၃၁ [၇၇]

ရှင်းလင်းချက် မှတ်စုများ

[ပြင်ဆင်ရန်]
  1. A mandatory two-pit stop rule was enforced for the 2025 Monaco Grand Prix.[၄၃]
  2. This number varies around each track. It is defined as the minimum amount of laps required for the total race distance to exceed 305 km, with the exception of the Monaco Grand Prix, for which it is set at 260km.[၄၄]
  3. De facto status of the territories is shown.
  4. The event will not be held in 2027, 2029 and 2031 under the rotational contract.
  5. The event will not be held in 2028 and 2030 under the rotational contract.
  6. The event will move to a purpose built city track in Qiddiya City in 2028.

ကိုးကား

[ပြင်ဆင်ရန်]
  1. La Stampa (1946-09-01) [၁-၉-၁၉၄၆ ရက်နေ့ထုတ် သတင်းစာ] (အီတလီဘာသာစကားဖြင့်)။ CSI Piemonte။ Editrice La Stampa S.p.A.။ 1 September 1946။ p. 3။CS1 maint: others (link)
  2. L'Équipe : le stade, l'air, la route (2 March 1946)။ 13 September 2024 တွင် ပြန်စစ်ပြီး။
  3. Cooper၊ Adam (13 May 2020)။ Remembering F1's first world championship race 70 years on 6 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 September 2024 တွင် ပြန်စစ်ပြီး။
  4. Facts you may not know about Silverstone Circuit and its place on the F1 calendar (27 May 2021)။ 18 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 May 2023 တွင် ပြန်စစ်ပြီး။
  5. 1 2 Michael Schumacher surclasse ses rivaux et dépasse Juan Manuel Fangio (13 October 2003)။ 18 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 May 2023 တွင် ပြန်စစ်ပြီး။
  6. Seymour၊ Mike (7 December 2023)။ In Numbers: How Verstappen compares to other F1 greats at this stage of his career 21 May 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 September 2024 တွင် ပြန်စစ်ပြီး။ “Juan Manuel Fangio—Stats after 51 Grands Prix: 5 world titles, 24 wins (47%), 35 podiums (68.6%), 29 pole positions (56.8%)”
  7. Lawton၊ James။ "Hamilton still on track to greatness"၊ The Independent၊ 18 September 2011။
  8. Lawton၊ James။ "Moss can guide Hamilton through chicane of celebrity"၊ The Independent၊ 28 August 2007။
  9. Henry၊ Alan။ "Hamilton's chance to hit the grid running"၊ The Guardian၊ 12 March 2007။
  10. Ferguson P99 GP Racing 30 March 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2007 တွင် ပြန်စစ်ပြီး။
  11. See how technology has changed Formula One for the better (28 March 2018)။ 23 August 2025 တွင် ပြန်စစ်ပြီး။
  12. Staniforth၊ Allan (1994)။ Competition Car Suspension။ Haynes။ p. 96။ ISBN 978-0-85429-956-0
  13. Slater၊ Luke (22 May 2025)။ 'I had a front-row seat for the explosive Senna-Prost rivalry' 3 November 2025 တွင် ပြန်စစ်ပြီး။
  14. Ayrton Senna: Remembering a racing legend 30 years on 3 November 2025 တွင် ပြန်စစ်ပြီး။
  15. Tremayne၊ Sam။ A racer through and through – Roland Ratzenberger remembered 3 November 2025 တွင် ပြန်စစ်ပြီး။
  16. Benson၊ Andrew (9 October 2022)။ Japanese Grand Prix: Memories of Jules Bianchi death trigger anger over recovery truck on track 16 September 2025 တွင် ပြန်စစ်ပြီး။
  17. "Schumacher makes history"၊ BBC Sport၊ 21 July 2002။
  18. The youngest Formula 1 world champions – Where does Max Verstappen rank alongside Vettel, Alonso and Hamilton? 23 August 2025 တွင် ပြန်စစ်ပြီး။
  19. 2006 Teams' Standings 23 August 2025 တွင် ပြန်စစ်ပြီး။
  20. 2006 Drivers' Standings 23 August 2025 တွင် ပြန်စစ်ပြီး။
  21. Michael Schumacher: When he announced his first f1 retirement 23 August 2025 တွင် ပြန်စစ်ပြီး။
  22. FIA Rules & Regulations Sporting Regulations: 2006 season changes 9 November 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 May 2006 တွင် ပြန်စစ်ပြီး။
  23. 2008 FIA Formula One Sporting Regulations 29 September 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 March 2018 တွင် ပြန်စစ်ပြီး။
  24. Formula 1 adopts new points system for 2010 season BBC Sport (2 February 2010)။ 29 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 April 2021 တွင် ပြန်စစ်ပြီး။
  25. FIA publishes new Formula One regulations to cover the 2010 season (12 February 2010)။ 23 August 2025 တွင် ပြန်စစ်ပြီး။
  26. Wise၊ Michael။ 2010 rule changes 23 August 2025 တွင် ပြန်စစ်ပြီး။
  27. Holding၊ Joe (22 October 2021)။ Formula One: remember when... the US GP went ahead with just six cars? 23 August 2025 တွင် ပြန်စစ်ပြီး။
  28. Noble၊ Jonathan (20 December 2007)။ Bridgestone signs sole supplier contract 3 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 January 2022 တွင် ပြန်စစ်ပြီး။
  29. Practice and qualifying 16 May 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 October 2009 တွင် ပြန်စစ်ပြီး။
  30. Driver changes and additional drivers (10 June 2011)။ 20 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 June 2011 တွင် ပြန်စစ်ပြီး။
  31. 2021 Formula 1 Sporting Regulations Federation Internationale de l'Automobile (16 December 2020)။ 17 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  32. Deciding the grid – A history of F1 qualifying formats (17 March 2016)။ 30 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 May 2021 တွင် ပြန်စစ်ပြီး။
  33. Rawcliffe၊ Tom။ "New F1 Sprint Races to be finalised by Imola"၊ PlanetF1.com၊ 6 April 2021။
  34. Formula 1 announces venues for six F1 Sprint events across 2023 season (7 December 2022)။ 7 December 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 March 2023 တွင် ပြန်စစ်ပြီး။
  35. Explained: Everything you need to know about the 2023 F1 Sprint format (25 April 2023)။ 20 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 April 2023 တွင် ပြန်စစ်ပြီး။
  36. Formula One Management (March 12, 2026)။ Your guide to the 2026 F1 Sprint format 13 June 2026 တွင် ပြန်စစ်ပြီး။
  37. "F1 Explained: The formation lap"၊ Sky Sports
  38. Baxter-Priest၊ Matthew (2 March 2023)။ What is the car at the back of the F1 grid? 3 November 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 November 2023 တွင် ပြန်စစ်ပြီး။
  39. The Formula 1 rules that every new fan needs to know 15 September 2025 တွင် ပြန်စစ်ပြီး။
  40. Cooper၊ Adam။ McLaren: F1's aborted-start rule "a little confusing" amid Norris fine 15 September 2025 တွင် ပြန်စစ်ပြီး။
  41. Race start procedure 4 July 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 October 2010 တွင် ပြန်စစ်ပြီး။
  42. Asher၊ Richard (15 September 2025)။ F1 tyres: What are the Pirelli compounds and 2024 rules 15 September 2025 တွင် ပြန်စစ်ပြီး။
  43. EXPLAINER: What is the new two-stop rule for Monaco? 15 September 2025 တွင် ပြန်စစ်ပြီး။
  44. 1 2 2025 Formula 1 Sporting Regulations 15 September 2025 တွင် ပြန်စစ်ပြီး။
  45. FIA International Sporting Code: Appendix H Federation Internationale de l'Automobile။ 10 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  46. Virtual Safety Car: what it is and how it works (18 April 2025)။ 19 August 2025 တွင် ပြန်စစ်ပြီး။
  47. 1950 RACE RESULTS 23 August 2025 တွင် ပြန်စစ်ပြီး။
  48. Non World Championship Grand Prix - 1950 23 August 2025 တွင် ပြန်စစ်ပြီး။
  49. Cooper၊ Adam (10 April 2021)။ The beer and curry secret of F1's last non-points race 8 July 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 September 2024 တွင် ပြန်စစ်ပြီး။
  50. F1 2024 calendar revealed: Saturday night Grands Prix in Bahrain and Saudi Arabia to kick off record 24-race season 8 July 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 July 2023 တွင် ပြန်စစ်ပြီး။
  51. "Formula 1 renews Abu Dhabi Grand Prix contract until 2030"၊ Formula 1၊ 9 December 2021။
  52. Melbourne In The Formula 1 Driver's Seat Until 2037 (15 December 2022)။ 18 December 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 July 2025 တွင် ပြန်စစ်ပြီး။
  53. "Formula 1 to race in Austria through to 2041 with new extension"၊ Formula 1၊ 29 June 2025။
  54. Cleeren၊ Filip။ "Azerbaijan GP secures F1 contract extension until 2030"၊ Autosport၊ 20 September 2025။
  55. "F1 announces multi-year extension with the Circuit de Barcelona-Catalunya to race in rotation with Circuit de Spa-Francorchamps"၊ formula1.com၊ 16 February 2026။
  56. "Formula 1 announces multi-year extension with the Belgian Grand Prix"၊ Formula 1၊ 8 January 2025။
  57. Silverstone confirmed as host of the Formula 1 British Grand Prix until 2034 (8 February 2024)။ 9 February 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 February 2024 တွင် ပြန်စစ်ပြီး။
  58. Rainbird၊ Daniel။ "Canadian Grand Prix signs Formula One contract extension through 2035"၊ CBC Canada
  59. "Formula 1 to race in Shanghai until 2030 with new five-year extension"၊ Formula 1၊ 6 December 2024။
  60. "Formula 1 to celebrate final Dutch Grand Prix in 2026 after one-year extension confirmed for Zandvoort"၊ Formula 1၊ 4 December 2024။
  61. "Formula 1 to race in Hungary until 2032"၊ Formula 1၊ 22 July 2023။
  62. "F1 News: Formula 1 to race in Monza until 2031 with new six year extension"၊ formula1.com၊ 27 November 2024။
  63. "Formula 1 renews Suzuka contract until 2029"၊ formula1.com၊ 9 December 2021။
  64. "F1 to race in Las Vegas through 2037 following new 10-year extension"၊ formula1.com၊ 4 June 2026။
  65. "Formula 1 to race in Mexico City until 2028 with new three year extension"၊ Formula 1၊ 30 April 2025။
  66. "Formula 1 to race in Miami until 2041 as new extension agreed"၊ Formula 1၊ 2 May 2025။
  67. Benson၊ Andrew။ "Monaco Grand Prix contract extended until 2035 by Formula 1"၊ BBC Sport၊ 5 September 2025။
  68. "F1 to hold first Qatar Grand Prix at Losail this November"၊ Motor Sport Magazine၊ 30 September 2021။
  69. "Formula 1 to race in Sao Paulo until 2030 after new five-year extension"၊ Formula 1၊ 3 November 2023။
  70. "F1 signs 7-year contract extension with Singapore Grand Prix"၊ SA Today၊ 27 January 2022။
  71. "Madrid to join Formula 1 calendar from 2026 in new long-term deal"၊ Formula 1၊ 23 January 2024။
  72. "Formula 1 announces expansion of the United States Grand Prix through 2034"၊ Formula 1၊ 19 October 2025။
  73. Edmondson၊ Laurence။ "Bahrain Grand Prix to remain in F1 until 2036"၊ ESPN၊ 11 February 2022။
  74. 1 2 "Bahrain and Saudi Arabian Grands Prix will not take place in April"၊ Formula 1၊ 15 March 2026။
  75. "Formula 1 to return to Portugal in 2027 and 2028"၊ Formula 1၊ 16 December 2025။
  76. "Jeddah expects to host F1 race until Qiddiya circuit is ready in 2027"၊ Racer၊ 19 January 2023။
  77. F1 returns to Turkey's Istanbul Park from 2027 (in en)။ 2026-04-24 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]