ဖူချီးရှား

ဝီကီပီးဒီးယား မှ
ဖူချီးရှား
Fuchsia hybrida
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Myrtales
မျိုးရင်း: Onagraceae
မျိုးရင်းသေး: Onagroideae
မျိုးဇာတ်: Circaeeae
မျိုးစု: Fuchsia
L. [၁]
Species

About 100; see text.

Synonyms[၂]
  • Brebissonia Spach
  • Dorvalia Hoffmanns.
  • Ellobium Lilja
  • Encliandra Zucc.
  • Kierschlegeria Spach
  • Lyciopsis Spach
  • Myrinia Lilja
  • Nahusia Schneev.
  • Quelusia Vand.
  • Quiliusa Hook.f.
  • Schufia Spach
  • Skinnera J.R.Forst. & G.Forst.
  • Spachia Lilja
  • Thilcum Molina
  • Tilco Adans.

ဖူချီးရှားပင်သည် အပင်ငယ် သို့မဟုတ် များသောအားဖြင့် ခြုံပင်ဖြစ်သည့် ပန်းပွင့်သော အပင်မျိုးစိတ်တွင် ပါဝင်သည်။ ၁၆၉၆-၆၇ ခုနှစ်အတွင်း ပြင်သစ် ဘုန်းတော်ကြီးလည်းဖြစ် ရုက္ခဗေဒပညာရှင်လည်းဖြစ်သည့် ချားလက်စ် ပလျူမီယာ က ကာရေးဘီးယမ်း ကျွန်း ဟက်စ်ပန်နီရိုလတွင် ရှာတွေ့ခဲ့ပြီး Fuchsia triphylla အဖြစ် ပထမဆုံးအကြိမ် သိပ္ပံနည်းကျ ဖော်ပြခဲ့သည်။ သူသည် ရှာဖွေတွေ့ရှိသည့် မျိုးစိတ်သစ်ကို ဂျာမာန်ရုက္ခဗေဒပညာရှင်ကြီး လီယိုဟာ့တ် ဖု့ချ်စ်(၁၅၀၁-၁၅၆၆) ၏အမည်ပေးခဲ့သည်။

အပွင့်များသည် အောက်ဘက်သို့ တွဲလျားကျစွာ ပွင့်တတ်သည့် best hanging basket flower ဖြစ်သည်။ အအေးဓာတ်ကို အထူးနှစ်သက်လှပြီး ရာသီမရွေးပွင့်တတ်သောကြောင့် ဥယျာဉ်အလှစိုက်အပင်များတွင် အထူးထင်ရှားသည်။ စိုစွတ်သော မြေအမျိုးအစားတွင် စိုက်ပျိုးသင့်သည်။ ရာသီဥတုနှင့် မျိုးစိတ်အမျိုးအစားပေါ်မူတည်၍ ပန်းပွင့်ချိန် ကွဲပြားသည်။ ပုံမှန်အခြေအနေတွင် ဖူချီးယား ပန်းများသည် မတ်လမှ ဧပြီလတွင် ပွင့်တတ်ကြသည်။ လက်ရှိတွင် ဖူချီးယားမျိုးစိတ် ၁၀၀ ခန့်ရှိသည်။ မူရင်းဒေသမှာ တောင်အမေရိကတိုက်ဖြစ်ပြီး အမေရိကတိုက်အလယ်ပိုင်း မက္ကဆီကို၊ နယူးဇီလန်အထိ ပျံ့နှံ့ပေါက်ရောက်သည်။ အရွက်သည် ရွက်ဆိုင်ထွက်ပြီး ရွက်နားသည် လွှပုံရှိသည်။ ပန်းပွင့်လျှင် တွဲလျားကျပွင့်တတ်သဖြင့် မြန်မာပြည် ချင်းပြည်နယ်ဖက်တွင် ပန်းဆွဲလွဲ ဟူ၍ ခေါ်ဆိုကြသည်။ ပန်းခိုင်ထွက်ပုံကို teardrop" shape ဟူ၍ တင်စားကြသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Clive A. Stace (2010)။ "Fuchsia L. – fuchsias"။ New Flora of the British Isles (3rd ed.)။ Cambridge University Press။ p. 365ISBN 978-0-521-70772-5
  2. Fuchsia Plum. ex L. | Plants of the World Online | Kew Science။ 2020-05-31 တွင် ပြန်စစ်ပြီး။
  3. https://www.facebook.com/photo?fbid=3103820806384163&set=pcb.3103821663050744