ဖုခိဝရဲရေတံခွန်

ဝီကီပီးဒီးယား မှ
ဖုခိဝရဲရေတံခွန်
吹割の滝
ဖုခိဝရဲရေတံခွန် သည် Gunma Prefecture တွင် တည်ရှိသည်
ဖုခိဝရဲရေတံခွန်
ဖုခိဝရဲရေတံခွန် သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ဖုခိဝရဲရေတံခွန်
တည်နေရာNumata, Gunma Prefecture, Japan
ကိုဩဒိနိတ်36°42′7.8″N 139°12′26.7″E / 36.702167°N 139.207417°E / 36.702167; 139.207417
စုစုပေါင်း အမြင့်7 meters
ပျမ်းမျှ အလျား30 meters

ဖုခိုဝရဲရေတံခွန် သည် ဂျပန်နိုင်ငံ၊ ဂွန်းမစီရင်စု၊ နုမတမြို့တွင် တည်ရှိသည့် ရေတံခွန်တစ်ခု ဖြစ်သည်။ ရေတံခွန်ကို နိုင်ငံတော်၏ သဘာဝအလှအပနေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။[၁] ဤရေတံခွန်သည် ၁၉၉၀ ခုနှစ် ဂျပန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် “ဂျပန်နိုင်ငံရှိ အကောင်းဆုံး ရေတံခွန် ၁၀၀” တွင် ပါဝင်သည်။[၂]

အကြောင်းအရာ[ပြင်ဆင်ရန်]

ရေတံခွန်သည် ခတရှိနမြစ်၏ အထက်ပိုင်းတွင် တည်ရှိသည်။ အမြင့်သည် ၇ မီတာ (၂၃ ပေ) ရှိပြီး အကျယ်သည် ၃၀ မီတာ (၉၈ ပေ) ရှိသည်။ ခတရှိနမြစ်သည် ဟိခဝမြစ် အထက်ပိုင်းနှင့် ခုရိဟရမြစ်အောက်ပိုင်းတွင် ချောက်တစ်ခုကို ဖြစ်ပေါ်စေသည်။ ထိုနေရာကို ဖုခိဝရိလျှိုမြောင်ဟု ခေါ်ကြသည်။ လွန်ခဲ့သည့် နှစ်ကိုးသန်းအကြာက မီးတောင်ပေါ်ကွဲမှုကြောင့် ပြင်းထန်ကြီးမားသည့် စီးကြောင်းများ ဖြစ်ပေါ်လာခဲ့ပြီး ၎င်းတို့သည် ရေတံခွန်များကို ဖြစ်ပေါ်စေခဲ့သည်။

အချိန်တိုင်းတွင် ရေထုသည် ကြီးမားများပြားစွာ စီးဆင်းလျက်ရှိသည့်အတွက် တောင်စွန်းများအား ရေတိုက်စားမှုသည် များပြားသည်။ လက်ရှိအချိန်တွင် တိုက်စားမှုကြောင့် တစ်နှစ်လျှင် ၇ စင်တီမီတာခန့် ရှေ့သို့ဆန်တက်လျက် တိုက်စားလျက်ရှိသည်။

ရေတံခွန်ကို ၂၀၀၀ ခုနှစ် NHK Taiga drama Aoi တွင် အဖွင့်မှတ်တမ်းတွင် နောက်ခံရုံပုံအဖြစ် အသုံးပြုခဲ့သည်။

ရေတံခွန်သို့ Kan'etsu Expressway လမ်းပေါ်ရှိ နုမတမှတစ်ဆင့် ကားဖြင့် မိနစ် ၃၀ ခန့် မောင်းနှင်ကာ သွားရောက်နိုင်သည်။

ရုပ်ပုံများ[ပြင်ဆင်ရန်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. 吹割渓ならびに吹割瀑Agency for Cultural Affairs။ 10 February 2020 တွင် ပြန်စစ်ပြီး။
  2. Japan’s Top 100 Waterfalls Ministry of Environment Archived 19 February 2020 at the Wayback Machine. (in ဂျပန်)