ဖီဖာ နိုင်ငံတကာ ဒိုင်လူကြီးများစာရင်း
ဖီဖာ နိုင်ငံတကာ ဒိုင်လူကြီးများစာရင်း သည် ဖီဖာ မှ ထိန်းချုပ်ထားသော အသင်းအဖွဲ့ဘောလုံး (ပြင်ပဘောလုံး)၊ ဖူဆယ်နှင့် ကမ်းခြေဘောလုံးဟူသော ဘောလုံးမျိုးကွဲများတွင် ဖီဖာ နိုင်ငံတကာ ဒိုင်လူကြီးများစာရင်းကို နှစ်စဉ်ထုတ်ပြန်ခြင်းဖြစ်သည်။ စာရင်းပါအဖွဲ့ဝင်များသည် နိုင်ငံတကာအဆင့်တွင် တာဝန်ထမ်းဆောင်ရန် အရည်အချင်းပြည့်မီပြီး၊ ၎င်းတို့စာရင်းသွင်းခံရသည့်နှစ်အတွက် ၎င်းတို့၏ ယူနီဖောင်းတွင် FIFA တံဆိပ်ကို ထိုးတပ်ခွင့်ရှိသည်။
ဆန်ကာတင်ခြင်း
[ပြင်ဆင်ရန်]လက်ရွေးစင်ဘောလုံး၊ ဖူဆယ်နှင့် ကမ်းခြေဘောလုံးပြိုင်ပွဲအတွက် အမျိုးသား၊ အမျိုးသမီး တာဝန်ရှိသူများကို အမည်စာရင်း တင်သွင်းနိုင်ရန် ဖီဖာအဖွဲ့ဝင်နိုင်ငံများကို နှစ်စဉ် ဖိတ်ခေါ်သည်။ နိုင်ငံတစ်ခုစီ၏ ဒိုင်များကော်မတီက FIFA သို့ အမည်စာရင်းတင်သွင်းရန် ဒိုင်များကို ရွေးချယ်သည်။ [၁] [၂]
ဖီဖာသည် စုစုပေါင်းစာရင်းငါးခုကို ထိန်းသိမ်းထားသည်။ အမျိုးသားနှင့် အမျိုးသမီး ဘောလုံးဒိုင်များ၊ [၃] [၄] အမျိုးသားနှင့် အမျိုးသမီး ဖူဆယ်ဒိုင်များ [၅] [၆] နှင့် ကမ်းခြေဘောလုံးဒိုင်များ (တခုတည်းသော) စာရင်းတို့ ဖြစ်သည်။ [၇] အသင်း၏ဘောလုံးစာရင်းမှ တာဝန်ရှိသူများကို ဒိုင်များ သို့မဟုတ် လက်ထောက်ဒိုင်များအဖြစ် အမည်စာရင်းတင်သွင်းသည်။ [၈] နိုင်ငံတကာအဆင့်တွင် ဖူဆယ်နှင့် ကမ်းခြေဘောလုံးပွဲများကို ကွင်းတွင်းဒိုင်လူကြီးနှစ်ဦးက ထိန်းချုပ်လေ့ရှိပြီး လက်ထောက်ဒိုင်များနှင့် ညီမျှခြင်းမရှိပေ။ [၁]
ကြံ့ခိုင်ရေး
[ပြင်ဆင်ရန်]ဆန်ကာတင်ပါသည့် ဒိုင်များသည် ၄၀ မီတာ (၁၃၀ ပေ) ဆက်တိုက်ပြေးခြင်းနှင့် ၇၅ မီတာ (၂၄၆ ပေ)ဆက်တိုက်ပြေးပြီး ၂*၁၂.၅ မီတာ လမ်းပြန်လျှောက်ရသော ကြံ့ခိုင်မှုစစ်ဆေးမှုများကို ဖြေဆိုရမည်ဖြစ်သည်။ စာရင်းတွင် ဆန်ကာတင်ပါသော လက်ထောက်ဒိုင်များသည် CODA-drill ၊ ၃၀ မီတာ (၉၈ ပေ) ပြေးခြင်းနှင့် ၇၅ မီတာ (၂၄၆ ပေ) ပြေးခြင်း ဖြစ်သော ကြားကာလ စမ်းသပ်မှုနှင့် ၂*၁၂.၅ မီတာ ပြန်လည် လမ်းလျှောက်ခြင်း စသည့် ကြံ့ခိုင်ရေးစမ်းသပ်မှုများကို အောင်မြင်ရသည် ။ [၁] [၉] [၁၀]
FIFA တံဆိပ်
[ပြင်ဆင်ရန်]ဒိုင်လူကြီးများစာရင်းတွင် ရွေးချယ်ခံရပါက FIFA မှ တံဆိပ်တစ်ခုရရှိမည်ဖြစ်သည်။ တံဆိပ်တွင် ဒိုင်၊ လက်ထောက်ဒိုင်၊ ဖူဆယ်ဒိုင် သို့မဟုတ် သဲသောင်ပြင်ဘောလုံးဒိုင်များဟူ၍ ၎င်းတို့ စာရင်းဝင်သော အဆင့်အတန်း ရာထူးအမျိုးအစားကို ဖော်ပြသည်။ အမျိုးအစားအလိုက် သက်ဆိုင်ရာ ပြိုင်ပွဲများတွင် ဒိုင်လူကြီးသည် သက်ဆိုင်ရာတံဆိပ်ကို တပ်ဆင်လိမ့်မည်ဟု မျှော်လင့်ရသည်။ ဒိုင်သည် ၎င်းတို့၏ အမျိုးအစားမဟုတ်သော (မသက်ဆိုင်သည့်) ပြင်ပပွဲစဉ်ကို ထိန်းချုပ်နေသည့်အခါ (ဥပမာ- လက်ထောက်ဒိုင် သို့မဟုတ် ဖူဆယ်ဒိုင်တဦးသည် ပြင်ပပွဲစဉ်ကို ကိုင်သည့်အခါမျိုးတွင်) တံဆိပ်ကို မတပ်ဆင်ပါ။ အမျိုးသမီးစာရင်းဝင်များသည် အမျိုးသားများကို စစ်ဆေးသည့် ကြံ့ခိုင်မှုစစ်ဆေးမှုများ အောင်မြင်ပြီးမြောက်မှသာ အမျိုးသားများ ကန်သည့် နိုင်ငံတကာပွဲစဉ်များတွင် ဒိုင်လုပ်ခွင့်ရှိသည်။ ပထမဆုံးအကြိမ် စာရင်းသွင်းခံရခြင်းကို ဖီဖာတံဆိပ် လက်ခံခြင်းဟု မကြာခဏ ရည်ညွှန်းသည်။ [၁]
</img> | </img> | </img> | </img> |
၂၀၁၉ ခုနှစ်ကတည်းက FIFA တံဆိပ်အဆောင်အယောင် |
အသက်
[ပြင်ဆင်ရန်]ထိုပြက္ခဒိန်နှစ်တွင် နိုင်ငံတကာ ဒိုင်လူကြီးများ အမည်စာရင်းတင်သွင်းခြင်းအတွက် အရည်အချင်းပြည့်မီရန်မှာ ဒိုင်တစ်ဦးသည် ဇန်နဝါရီ ၁ ရက်တွင် အနည်းဆုံး အသက် ၂၅ နှစ်ရှိရမည်။ လက်ထောက်ဒိုင်သည် အသက် ၂၃ နှစ်တွင် အရည်အချင်းပြည့်မီသည်။
၂၀၁၆ ခုနှစ်တွင် စာရင်းအတွက် အများဆုံး အသက်ကန့်သတ်ချက်ကို (၄၅ နှစ် သို့မဟုတ် ပထမအကြိမ်စာရင်းပါခြင်းအတွက် ၃၈ နှစ်ထိ) လျှော့ချခဲ့သည်။ [၁၁] [၁၂] ဖီဖာသည် အသက် ၄၅ နှစ်အထက် ဒိုင်များအား အပိုနည်းပညာဆိုင်ရာ အကဲဖြတ်မှုများအပြင် သီးခြားဆေးစစ်မှုများနှင့် ကာယကြံ့ခိုင်မှု စစ်ဆေးခြင်းတို့ကို ဖြစ်ရပ်တစ်ခုချင်းအလိုက် တောင်းဆိုပိုင်ခွင့်ရှိသည်။ [၁၃]
ဆာကစ် ဒဲမီးယာဂျန် Sarkis Demirdjian သည် ဖီဖာစာရင်းဝင် ဒိုင်လူကြီးအဖြစ် သက်တမ်းအကြာဆုံး တာဝန်ထမ်းဆောင်ခဲ့ပြီး (စက်တင်ဘာ ၁၉၆၂ မှ ဇူလိုင်လ ၁၉၈၃ အထိ) အနှစ် ၂၀ နှင့် ၁၀ လ စာရင်းပါခဲ့သည်။ [၁၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ You must specify archiveurl = and archivedate = when using {{cite web}}.Regulations governing the registration of international referees, assistant referees, futsal။ 27 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ You must specify archiveurl = and archivedate = when using {{cite web}}.Duties of the Referees Committee။ 27 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Men's Referees List။ FIFA.com (2014-06-22)။ June 25, 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-06-26 တွင် ပြန်စစ်ပြီး။
- ↑ Women's Referees' List။ FIFA.com (2014-06-22)။ August 12, 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-06-26 တွင် ပြန်စစ်ပြီး။
- ↑ Men's Futsal Referees' List။ FIFA.com (2014-06-22)။ June 23, 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-06-26 တွင် ပြန်စစ်ပြီး။
- ↑ Women's Futsal Referees' List။ FIFA.com (2014-06-22)။ June 24, 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-06-26 တွင် ပြန်စစ်ပြီး။
- ↑ Refereeing – Beach Soccer Referees' List။ FIFA.com (2014-06-22)။ September 17, 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2014-06-26 တွင် ပြန်စစ်ပြီး။
- ↑ For example, the list of Australian men's association football referees is divided into referees and assistant referees:
- ↑
You must specify archiveurl= and archivedate= when using {{cite news}}. Available parameters: တမ်းပလိတ်:Cite news/doc/parameterlist
- ↑ "How to Train a World Cup Referee"၊ 22 June 2010။ 25 March 2024 တွင် ပြန်စစ်ပြီး။ Archived from the original on 27 September 2013။
- ↑ Rizzoli happy FIFA is raising ref age limit (in en) (2014-12-30)။ 2021-06-16 တွင် ပြန်စစ်ပြီး။
- ↑ Refereeing World: FIFA: No more age limits for international referees။ 2021-06-16 တွင် ပြန်စစ်ပြီး။
- ↑ FIFA.com Archived 6 August 2021 at the Wayback Machine.
- ↑ Guinness World Records 2014။ 2013။ pp. 256။