ဖိုးနိုင်ဝင်း (Masterpiece)

ဝီကီပီးဒီးယား မှ
ဖိုးနိုင်ဝင်း (Masterpiece)

ဖိုးနိုင်ဝင်း (Masterpiece) သည် ကွန်ပျူတာပညာရပ်ဆိုင်ရာ ဆောင်းပါးများကို ရေးသားနေသူတစ်ဦးဖြစ်သည်။

ဖိုးနိုင်ဝင်း (Masterpiece) ကို အဖ ဦးဖိုးကျော်မြင့်(မြန်စာဂုဏ်ကျော်မြင့်) အမိ ဒေါ်မာလေး(တက္ကသိုလ်ဝင့်မာ)တို့မှ ၁၉၆၂ ခုနှစ်တွင် မွေးဖွားသည်။ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း၊ သုံးခွ အထက၊ ဗဟန်း အထက ၂ တို့တွင် အခြေခံပညာအထက်တန်းအထိ ပညာသင်ကြားခဲ့သည်။ အခြေခံပညာအထက်တန်းကို ပြင်ပမှ ဖြေဆို အောင်မြင်ခဲ့သည်။

ရန်ကုန်တက္ကသိုလ် ကြည့်မြင်တိုင်နယ်မြေ၊ လုပ်သားများကောလိပ်၊ အဝေးသင်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီး မြန်မာစာအထူးပြုဖြင့် ဝိဇ္ဖာဘွဲ့ ရရှိခဲ့သည်။

ပြည်သူ့ပုလဲနှင့် ငါးလုပ်ငန်းကော်ပိုရေးရှင်းတွင် ၁၉၈၀ ခုနှစ်၌ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ မြန်မာ့ရေနံကော်ပိုရေးရှင်း၊ ကုန်သွယ်ရေးဝန်ကြီးဌာန၊ လုပ်သားများကောလိပ်တို့တွင် တာဝေးလက်ရွေးစင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

Masterpiece Engineering Group တွင် လုပ်ငန်းစတင်ချိန်တွင် ဈေးကွက်နှင့် အရောင်းမြှင့်တင်ရေး တာဝန်အပြင် ကွန်ပျူတာပြုပြုခြင်းတာဝန်ကိုပါ တာဝန်ယူ လုပ်ကိုင်ခဲ့သည်။ ကွန်ပျူတာပညာရပ်ကို လေ့လာသင်ယူရင်း ဝါသနာအလျောက် ကွန်ပျူတာဂျာနယ်၊ ပီစီပေါးလ်(ဒ်)မြန်မာ၊ သက်တံရောင်ဂျာနယ်၊ လိုက်ဖ်စတိုင်တူဒေးမဂ္ဂဇင်း၊ ပါစင်နယ်ကွန်ပျူတာမဂ္ဂဇင်း တို့တွင် ကွန်ပျူတာ ပညာရပ်ဆိုင်ရာ ဆောင်းပါများ ရေးသားလျက် ရှိသည်။

ဖိုးနိုင်ဝင်းသည် လွယ်ကူလေ့လာကွန်ပျူတာ အမည်ဖြင့် ယင်း၏ ပထမဆုံးလုံးချင်းစာအုပ်ကို ၂၀၀၀ ပြည့်နှစ် အောက်တိုဘာလတွင် ထုတ်ဝေခဲ့သည်။ ယင်းနောက် ကွန်ပျူတာတွေ ဘယ်လို အလုပ်လုပ်သလဲ၊ လွယ်ကူလေ့လာ အင်တာနက်နည်းပညာ၊ လွယ်ကူလေ့လာ ကွန်ပျူတာအဆင့်တိုးမြှင့်ခြင်းနှင့် ပြုပြင်ခြင်းပညာ၊ ၂၁ ရာစုနည်းပညာများကို စိန်ခေါ်ခြင်းနှင့် အခြား ကွန်ပျူတာဆောင်းပါးများ၊ ဆိုက်ဘာရွာထဲက အသိညာဏ်ရှိတဲ့ အိမ်ကလေးနှင့် အခြားကွန်ပျူတာဆောင်းပါးများ၊ ကြိုးမဲ့ဆက်သွယ်ရေး ဘယ်လိုအလုပ်လုပ်သလဲ၊ ရိုဘော့မှာလည်း အသည်းနဲ့ပါနှင့် အခြားကွန်ပျူတာဆောင်းပါးများ၊ ကွန်ရက်တွေ ဘယ်လိုအလုပ်လုပ်သလဲနှင့် လွယ်ကူလေ့လာ လတ်ပ်တော့ ကွန်ပျူတာ စာအုပ်များကို ရေးသားခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]