ဖိုးချိန်၊ အမ်

ဝီကီပီးဒီးယား မှ

၁၉၀၄ ခုနှစ်တွင် တောင်ငူခရိုင်၊ ဇီးဖြူသောင် ကျေးရွာတွင် အဖ ဦးမောင်ကြီး၊ အမိ ဒေါ်မှန် တို့မှ ဖွားမြင်သည်။ တောင်ငူ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ဖြူးနေရှင်နယ် အထက်တန်းကျောင်းတွင် ကျောင်းဆရာ အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၃၀ တွင် သတင်းစာ လောကသို့ ဝင်ရောက်ခဲ့ပြီး၊ ၁၉၄၅ ခုနှစ်အထိ အယ်ဒီတာ အဖြစ်လုပ်ကိုင်ခဲ့သည်။

၁၉၄၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု သတင်းစာလုပ်ငန်းသို့ ဝင်ရောက်ခဲ့သည်။ Tribune သတင်းစာ စတင်တည်ထောင်သည့် ၁၉၄၆ ခုနှစ်မှစ၍ အယ်ဒီတာ အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၄၉−၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ သတင်းထောက် အဖွဲ့ဥက္ကဋ္ဌ၊ ၁၉၄၇−၅၁ တွင် မြန်မာ့ကာယ ကြံ့ခိုင်ရေးအဖွဲ့ ငွေထိန်း၊ ၁၉၅၅−၅၈ တွင် ရုပ်ရှင်တည်းဖြတ်ရေး အဖွဲ့ဝင်၊ မြူနီစီပယ် ကောင်စီဝင် အဖြစ် ထမ်းဆောင်ခဲ့သည်။ ၁၉၅၁ တွင် သတင်းစာအဖွဲ့ကို ဦးဆောင်၍ ဗြိတိန်နိုင်ငံ သို့ သွားရောက်ခဲ့သည်။ ၁၉၅၁ တွင် အိန္ဒိယ နှင့် ပါကစ္စတန်၊ ၁၉၅၃ တွင် ဂျပန်၊ ၁၉၅၄ ခုနှစ်တွင် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ပူးပေါင်းဆောင်ရွက်ရေး ညီလာခံ သို့ တက်ရောက်ခဲ့ပြီး ဥရုဂွေး၊ မွန်တီဗီဒို၊ တောအမေရိကနိုင်ငံ၊ ၁၉၅၇ တွင် ကနေဒါ၊ အနောက်ဂျာမနီ နှင့် ပြင်သစ်နိုင်ငံများသို့ သွားရောက်ခဲ့သည်။

၁၆−၁၂−၁၉၉၃ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး ဇနီးမှာ ဒေါ်ခင်မြင့် ဖြစ်ပြီး သား အမ်ခိုင်မြဲဖိုးချိန် ၊ သမီး နှစ်ယောက် ကျန်ရစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. သိမှတ်ဖွယ်ရာ ကိုယ်ရေး အချက်အလက်များ။ ၇၅၈ မျက်နှာပါ၊။