ဖိုင် ဆွေးနွေးချက်:King Alaungpaya painting.JPG

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

Unsure copyrighted status[ပြင်ဆင်ရန်]

စာရေးဆရာ ညိုမြရဲ့ ကုန်းဘောင်ရှာပုံတော်စာအုပ်ဟာ ၁၉၈၂ မေလမှာ ပထမအကြိမ်ထွက်ပါတယ်။ အခုပန်းချီပုံဟာ ပထမအကြိမ်ထုတ်မှာကတည်းက ပါသလား၊ ၂၀၀၃ ဒီဇင်ဘာ သတ္တမအကြိမ်ထုတ်မှာမှ ပါသလား သေချာမသိရပါ။ မြန်မာနိုင်ငံက ဖန်တီးမှုတစ်ခုဟာ ပထမဆုံးအကြိမ် ထုတ်ဝေပြီး နှစ်ငါးဆယ်ပြည့်ပြီဆိုမှ PD-Myanmar လိုင်စင်နဲ့ ကိုက်ညီမှာပါ။ ပန်းချီပေါ်က လက်မှတ်ကလည်း သေချာမမြင်ရဘူး။ ၇၉ လိုလို ၇၄ လိုလို။ ၁၉၇၄ ဆိုရင်တောင် နှစ်ငါးဆယ်မပြည့်သေးပါ။ @Ladybesttruthful: အနေနဲ့ သေချာပြောပြနိုင်မလား။ NinjaStrikers «» ၁၂:၅၇၊ ၁၆ ဇန်နဝါရီ ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]

Please help me to choose the suitable license for this photo.[ပြင်ဆင်ရန်]

Admin @Ninjastrikers:
ဟုတ်ကဲ့ပါ။ "အရင်စာအုပ်များတွင် ပုံစာအမှားတစ်ချို့ပါသဖြင့် ပြန်လည်ဖြည့်စွက်ခြင်း၊ ဓာတ်ပုံရုပ်ပုံတစ်ချို့ ထပ်မံဖြည့်စွက်ခြင်းလုပ်ခဲ့ရသည်"ဆိုပြီး သတ္တမအကြိမ်မြောက် ပုံနှိပ်ထုတ်ဝေတဲ့စာအုပ်မှာ တွေ့ရပါတယ်။ ၁၊ ဒီဇင်ဘာ၊ ၂၀ဝ၃ ရာပြည့်စာအုပ်တိုက်က "ကုန်းဘောင်ရှာပုံတော်" စာအုပ်ရဲ့ စာမျက်နှာ ၁၄ မှာ "အလောင်းမင်းတရား ဦးအောင်ဇေယျ" ပန်းချီကို အများသူငါများ၊ ကျောင်းသားကျောင်းသူများ သိသင့်တယ်ထင်လို့ ဓာတ်ပုံရိုက်ပြီး တင်လိုက်တာပါ။ သိသလောက်က အဲဒီပန်းချီဆရာ AUNT NYUNT ဆွဲထားတဲ့ ဦးအောင်ဇေယျပန်းချီကားက ရာပြည့်စာအုပ်တိုက်ကနေ တရားဝင် တာဝန်ခံပြီး ပုံနှိပ်ထုတ်ဝေထားတဲ့ စာအုပ်ထဲမှာ စာရွက် (၁) ရွက်အဖြစ်ပါဝင်နေလို့ ပန်းချီဆရာထံမှ သီးသန့်ခွင့်ပြုချက်တောင်းစရာမလိုဘူးလို့ ထင်ပါတယ်။

မှန်ပါတယ်။ ပန်းချီဓာတ်ပုံမှာပါတဲ့နေ့စွဲက ၂၁/၉/၁၉၇၉ လိုလို၊ ၂၁/၉/၁၉၇၄ လိုလို ဖြစ်နေပါတယ်။ ဘယ်လိုပဲပြောပြော နှစ်ငါးဆယ် မပြည့်ဘူးဆိုတာ အခုမှပဲ သတိပြုမိပါတယ်။ PD-Myanmar license သက်မှတ်ချက်စည်းကမ်းကို သေသေချာချာမကြည့်မိပဲ အမှတ်တမဲ့ အရင်စလိုတင်လိုက်မိပါတယ်။ အခုလို အကြံပြုတာကို ကျေးဇူးတင်ပါတယ်။

ဒီပုံဟာ အလောင်းမင်းတရားကြီးဦးအောင်ဇေယျရဲ့ လူတော်တော်များများမသိသေးတဲ့ ပန်းချီဓာတ်ပုံလေးဖြစ်ပါတယ်။ မြန်မာဝီကီပီဒီးယားမှာ အသုံးပြုသင့်တယ်လို့ ရိုးရိုးသားသား နားလည်မိပါတယ်။ သင့်တော်တဲ့ license ဘယ်လိုအမျိုးအစားကို အသုံးပြုသင့်လဲဆိုတာ ဝေခွဲမရလို့ ကူညီပြီး ရွေးချယ်စေလိုပါတယ်။ ဓာတ်ပုံမှာ ကျေးဇူးပြုပြီး Edit လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

ဒီ ၂ မျိုးထဲက တစ်ခုခု သုံးရင်ရော ဖြစ်နိုင်ပါ့မလား။

Own work, multi-license with CC-BY-SA-3.0 and GFDL
Own work, multi-license with CC-BY-SA-3.0 and older

ရိုးသားစွာဖြင့်
--Ladybesttruthful (ဆွေးနွေး) ၀၈:၀၄၊ ၁၈ ဇန်နဝါရီ ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]

ပန်းချီကားပုံပါဝင်တဲ့ စာအုပ်ကို ထုတ်ဝေတဲ့သူ (သို့) ပန်းချီရေးဆွဲသူ တို့ဟာ ပန်းချီကားရဲ့ မူပိုင်ခွင့်ထိန်းသိမ်းထားသူလို့ ယေဘုယျ မှတ်ယူနိုင်ပါတယ်။ စာအုပ်ထုတ်ဝေသူဟာ ပန်းချီဆရာဆီကနေ အသုံးပြုခွင့်ရရှိပြီးသား ဖြစ်ပါလိမ့်မယ်။ ၁၉၇၄/၁၉၇၉ သေချာမကွဲပြားတဲ့အတွက် နှစ်ငါးဆယ်ပြည့်မပြည့် မဆုံးဖြတ်နိုင်သေးပါ။ အဲဒါကြောင့် ပန်းချီပုံဟာ လက်ရှိ မူပိုင်ခွင့်သက်ရောက်နေဆဲလို့ပဲ ယူဆရမှာပါ။ မူပိုင်ခွင့်ရှိနေသေးတဲ့ မည်သည့်ဖန်တီးမှုကိုမဆို ဓာတ်ပုံပြန်ရိုက်ထားတဲ့ပုံကို Own work, CC လိုင်စင်သုံးလို့ မရပါဘူးဗျာ။ အခုဒီဖိုင်အတွက် သင့်လျော်တဲ့လိုင်စင်က {{Non-free 2D art}} ဖြစ်ပါလိမ့်မယ်။ မူပိုင်ခွင့်ရှိပြီးသားကို အသုံးပြုမှာဖြစ်တဲ့အတွက် တရားမျှတစွာ အသုံးပြုခြင်းအရ အရည်အသွေးနိမ့် (low resolution) ပုံ အဖြစ် ပြန်တော့ ပြင်ရမှာပါ။ NinjaStrikers «» ၀၈:၃၂၊ ၁၈ ဇန်နဝါရီ ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]
ဟုတ်ကဲ့။ အခုလိုရှင်းပြတာကို ကျေးဇူးအထူးတင်ပါတယ်။ Admin @Ninjastrikers:
ရိုးသားစွာဖြင့်
--Ladybesttruthful (ဆွေးနွေး) ၀၇:၃၄၊ ၁၉ ဇန်နဝါရီ ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]