ဖာတီပူ ဆီးခရီးမြို့

ဝီကီပီးဒီးယား မှ
ဖာတီပူ ဆီးခရီး*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

Fatehput Sikiri Buland Darwaza gate 2010.jpg
တည်ရှိသည့် နိုင်ငံ  အိန္ဒိယ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း ii, iii , iv
ကိုးကား ၂၅၅
ဒေသ** အာရှ နှင့် ပစိဖိတ်
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၆  (ဒသမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ
အိန္ဒိယနိုင်ငံ နိုင်ငံတော်အဝေးပြေးလမ်း အမှတ် ၂၁၏ အက်ဂရာ-ဖာတီပူဆီးခရီးလမ်းပိုင်း ၁၂ မိုင်တွင် ရှိသော အလယ်ခေတ် အိန္ဒိယမိုင်တိုင် ၇၉၃

ဖာတီပူ ဆီးခရီးမြို့ သည် အိန္ဒိယနိုင်ငံ ဥတ္တရဒေသပြည်နယ်တွင် ရှိသော မြို့တစ်မြို့ ဖြစ်သည်။ မဂိုဘုရင် အက္ကဘာမှ ၁၅၇၁ ခုနှစ်တွင် မဂိုနိုင်ငံတော်၏ မြို့တော် အဖြစ်တည်ထောင်ခဲ့ပြီး မြို့တော် အဖြစ် ၁၅၇၁ မှ ၁၅၈၅ အထိ တည်ရှိခဲ့သည်မှာ နောက်ဆုံးတွင် အက္ကဘာဘုရင်မှ ပန်ဂျပ်အရေးကြောင့် စွန့်ခွာခဲ့ပြီး နောက်ဆုံး ၁၆၁၀ တွင် လုံးဝ စွန့်ခွာခဲ့သည်။[၁]

မြို့၏ အမည်မှာ ထိုနေရာတွင် ယခင်ကရှိခဲ့သော ရွာတစ်ရွာဖြစ်သည့် ဆီးခရီးရွာ၏ အမည်ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသန ကွင်းဆင်းလေ့လာရေးအဖွဲ့မှ ၁၉၉၉-၂၀၀၀ ခုနှစ်များတွင် တူးဖော်တွေ့ရှိခဲ့သည်များမှ အက္ကဘာမှ မြို့တော် အဖြစ် မတည်ဆောက်မီအချိန်ကပင် ထိုနေရာတွင် လူနေထိုင်မှုများ၊ ကူးသန်းရောင်းဝယ်ရေး ဌာနများနှင့် ဘုရားကျောင်းများရှိခဲ့သည်ဟု ဖော်ပြနေသည်။

ရှိတ်ဆာလင်း၏ ခမ်ဂါခေါ် ဇရပ်တစ်ခု ယခင်ကတည်းက ရှိခဲ့သည်။ အက္ကဘာ၏ သားဖြစ်သူ ဂျာဟန်ဂါသည် ဆီးခရီးရွာတွင် ၁၅၆၉ခုနှစ်တွင် မွေးဖွားခဲ့ပြီး ထိုနှစ်တွင်ပင် အက္ကဘာဘုရင်မှ ဘာသာရေးဆိုင်ရာ အဆောက်အဦးများကို တည်ဆောက်ခဲ့ကာ သူ၏ သားမွေးဖွားမည်ကို ကြိုတင်ဟောကြားခဲ့သည့် ရှိတ်အတွက် အမှတ်တရ အနေနှင့် ဖြစ်သည် ဂျာဟန်ဂါ နှစ်နှစ်ပြည့် မွေးနေ့ အပြီးတွင် သူသည် တံတိုင်းမြို့နှင့် တော်ဝင်နန်းတော်တို့ကို ထိုနေရာတွင် တည်ဆောက်ခဲ့သည်။ အက္ကဘာ၏ ၁၅၇၃ ခုနှစ် ဂူဂျာရတ် စစ်ပွဲ အောင်မြင်မှု အပြီးတွင် ဖာတီပူဆီးခရီး သို့မဟုတ် အောင်ပွဲမြို့တော်ဟု သိလာခဲ့ကြသည်။

အင်္ဂလိပ်တို့သည် ၁၈၀၃ ခုနှစ် အက်ဂရာအား သိမ်းပိုက်ပြီးနောက်တွင် ထိုနေရာတွင် အုပ်ချုပ်ရေးဌာန တည်ထောင်ခဲ့ပြီး ၁၈၅၀ ခုနှစ် အထိ ရှိခဲ့သည်။ ၁၈၁၅ တွင် ဟပ်စတင်း၏ မားကွက်စ်(မြို့စား) မှ ဆီးခရီးရှိ အထိမ်းအမှတ် အဆောက်အဦးများအား ပြင်ဆင်ရန် ညွှန်ကြားခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Andrew Petersen။ Dictionary of Islamic Architecture။ Routlegde။ p. 82။