ဖရီးဘားမားရိန်းဂျား

ဝီကီပီးဒီးယား မှ

ဖရီးဘားမားရိန်းဂျား (Free Burma Ranger, FBR) သည် လူမျိုးပေါင်းစုံပါဝင်သည့် လူသားချင်းစာနာမှုလုပ်ငန်းများကို ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။ ဤအဖွဲ့သည် ကာဒစ္စတန်၊ အီရတ်၊ ဆီးရီးယား၊ မြန်မာ စသည့်နိုင်ငံများရှိ ဖိနှိပ်မှုများအတွက် ကူညီနေသည့် အဖွဲ့ဖြစ်သည်။ အဓိကလှုပ်ရှားသည့်နေရာဒေသမှာ မြန်မာနိုင်ငံတစ်လျှောက်ဖြစ်သော်လည်း အထူးသဖြင့် သစ်တောများထူထပ်သည့် နယ်စပ်ဒေသတွင် လုပ်ငန်းများ ဆောင်ရွက်သည်။ ဤအဖွဲ့သည် ထိခိုက်ဒဏ်ရာရသူများနှင့် နေအိမ်ကို စွန့်ခွာထွက်ပြေးခဲ့ရသူများကို အရေးပေါ်ဆေးဘက်ဆိုင်ရာအကူအညီများ ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် စစ်တပ်၏ တိုင်းရင်းသားလူမျိုးများအပေါ် အကြမ်းဖက်မှုလုပ်ရပ်များကြောင့် ထွက်ပြေးခဲ့ရသည့် ဒုက္ခသည်များကို အကူအညီပေးလျက်ရှိသည်။

FBR သည် အမျိုးသားနှင့် အမျိုးသမီးများကိုပါ ရှေ့တန်းတွင် ဆေးကုသမှုများ၊ ကင်းထောက်သည့်နည်းလမ်းများများကို လေ့ကျင်သင်ကြားပေးသည်။ ထို့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးခြင်းများကို လုပ်ဆောင်ပေးသည်။ အဖွဲ့၏ ဒုတိယဦးစားပေးမှာ စစ်တပ်၏အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သည့် သက်သေများရရှိရန် ဖြစ်သည်။ ထိုအချက်အလက်များကို အွန်လိုင်းသတင်းတွင် ဖြန့်ဝေခြင်း သို့မဟုတ် အခြားကြီးမားသည့်လူ့အခွင့်အရေးဆိုင်ရာအဖွဲ့များ၊ UN, သင်းအေဂျင်စီများကဲ့သို့သော နိုင်ငံတကာအစိုးရအဖွဲ့အစည်းများကို ပေးပို့ခြင်းများ လုပ်ဆောင်သည်။

FBR သည် ပြည်သူ့အခြေပြုအဖွဲ့အစည်းများ (see Mae Tao Clinic & Back Pack Health Worker Team) ထဲမှ တစ်ခု ဖြစ်သည်။ ဤအဖွဲ့သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုအောက်ခြေလူတန်းစားများအပေါ် ကျန်းမာရေးလိုအပ်ချက်များ တိုးပွားလာသည့်အတွက် ကူညီရန် ထွက်ပေါ်လာသည့် အဖွဲ့ဖြစ်သည်။ FBR ကို ထိုင်း သို့မဟုတ် မြန်မာအာဏာပိုင်တို့သည် ထောက်ပံ့ထားမှုမရှိပေ။ အဖွဲ့၏ လှုပ်ရှားမှုများကို မြန်မာနိုင်ငံနယ်စပ်ဒေသ၌ တိတ်တဆိတ်လှုပ်ရှားဆောင်ရွက်ကြသည်။

ဦးတည်ချက်[ပြင်ဆင်ရန်]

ပဋိပက္ခများ ဖြစ်ပွားနေသည့်ဒေသများရှိ တိုင်းရင်းသားလူမျိုးစုများနှင့် ယုံကြည်သူများအားလုံးကို အကူအညီ၊ မျှော်လင့်ချက်၊ ချစ်ခြင်းများ ယူဆောင်ပေးရန်၊ ဖိနှိပ်သူများ၏ လုပ်ရပ်များအပေါ်၌ အလင်းရောင်ခြည်တစ်ခုအနေဖြင့် တောက်ပရန်၊ အဖိနှိပ်ခံရသူများနှင့်အတူ ရပ်တည်ရန်နှင့် လွတ်လပ်ရေး၊ တရားမျှတမှုနှင့် ကူညီသူများကို ထောက်ပံ့ပေးရန်။

—FreeBurmaRangers.org[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၉၀ ခုနှစ်နောက်ပိုင်းတွင် မြန်မာစစ်တပ်၏ လုပ်ဆောင်မှုများကြောင့် ကရင်လူမျိုးများနှင့် တင်းမာမှုများ ဖြစ်ပေါ်ပြီးနောက်ပိုင်းတွင် FBR သည် ဖြစ်ပေါ်လာခဲ့သည်။ စစ်တပ်သည် အကြမ်းဖက်မှုများကို လုပ်ဆောင်ကာ ရွာများကို ဖျက်ဆီးခြင်း၊ လူများကို သတ်ခြင်းနှင့် သိန်းကျော်သည့် ပြည်သူများသည် နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ရသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် လူအများသည် သူတို့ပိုင်ဆိုင်သည့် မြေနေရာများကို စွန့်ခွာထွက်ပြေးကြရမည်ဖြစ်ပြီး ထိုမြေနေရာများတွင် စီးပွားရေးအရ အမြတ်ထုတ်နိုင်ရန် ဖြစ်သည်။[၂]

ရိန်းဂျားအဖွဲ့၏ သမိုင်ကြောင်း၊ အမူအကျင့်နှင့် လက်ရှိလုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များသည် အမေရိကန်လူမျိုးတည်ထောက်သူ Tha-U-Wah-A-Pah နှင့် နီးကပ်စွာ ဆက်နွယ်မှုရှိသည်။ Tha-U-Wah-A-Pah (ကရင်အမည်ဝှက်) သည် အမေရိကန်အထူးစစ်တပ်၏ အဖွဲ့ဝင်ဟောင်းနှင့် Fuller Theological Seminary ကျောင်း၏ ပညာတတ်ဘုန်းတော်ကြီးလည်း ဖြစ်သည်။ သူ၏ လုပ်ဆောင်ရေးများကို နှစ်များစွာ လုပ်ဆောင်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ဒေါ်အောင်ဆန်းဆုကြည်နှင့် တွေ့ဆုံရန် အခွင့်အရေး ရလာခဲ့သည်။ TUWAP သည် "ကမ္ဘာလုံးဆိုင်ရာ ဆုတောင်းသူများနေ့" ကို အကောင်အထည်ဖော်ခဲ့သည်။ ထို့အပြင် အဓိကလူမျိုးစုဖြစ်သည့် မြန်မာလူမျိုးများနှင့် အမျိုးမျိုးသော တိုင်းရင်းသားလူမျိုးစုများအကြားတွင် ခိုင်မာသည့်စည်းလုံးမှုရရှိရန် ကြိုးပမ်းခဲ့သည်။ TUWAP သည် ၁၉၉၇ ခုနှစ် မြန်မာစစ်တပ်က မနှစ်မြို့ဖွယ်များ လုပ်ဆောင်ခဲ့စဉ်က မြန်မာတွင် ရှိနေသည်။ သူသည် အခင်းဖြစ်ရာနေရာများကို ရွှေ့ပြောင်းကာ ဆေးဝါးများဖြန့်ဝေပေးခြင်းများ လုပ်ဆောင်ခဲ့သည်။ ဤအချိန်တွင် သူသည် သူ၏ နိုင်ငံခြားမှကျွမ်းကျင်တတ်မြောက်ထားသည်များကို များစွာသောလူများအတွက် လူသားချင်းစာနာထောက်ထားမှုများ ယူဆောင်ပေးရန် ဆုံးဖြတ်ခဲ့သည်။

FBR ကို တည်ထောင်ခဲ့သူ ပြောသည်မှာ "လက်ရှိမြန်မာ့အခြေအနေသည် တစ်စတစ်စ ဖြည်းဖြည်းချင်း ဆိုးရွားလာပြီး အုပ်ချုပ်သူများသည် ထိန်းချုပ်နိုင်အောင် ကြိုးစားကာ တစ်နိုင်ငံလုံးရှိ လူမျိုးစုများကို အတူတူပင် ဖြစ်အောင်ပြုလုပ်နေသည်" ဟု ဆိုခဲ့သည်။[၃]

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် ရိန်းဂျားအဖွဲ့သည် ဗီဒီယိုဖိုင်တစ်ခုကို ကမ္ဘာ့မီဒီယာများသို့ ဖြန့်ဝေခဲ့သည်။ မြန်မာနိုင်ငံမြောက်ပိုင်းတွင် မြန်မာစစ်တပ်၏ KIA အပေါ် ရွံရှာဖွယ်အပြုအမူများကို ရပ်တန့်စေရန်အတွက် ပြုလုပ်ခဲ့သည့် ဗီဒီယိုဖိုင် ဖြစ်သည်။ အနည်းဆုံး ၂၀၁၇ ခုနှစ်တွင် FBR အသင်းတစ်ခုသည် အီရတ်နိုင်ငံ၊ Mosul တွင် လွတ်လပ်ရေးအတွက် ရှိနေခဲ့သည်။[၄][၅]

FBR အသင်းများ[ပြင်ဆင်ရန်]

နှစ်စဉ်နှစ်တိုင်း ကရင်၊ ကရင်နီ၊ ရှမ်း၊ ရခိုင်၊ ကချင်နှင့် အခြားလူမျိုးစုများမှ လူမျိုးစု ၁၅ စုပါဝင်သည့် အဖွဲ့များသည် သူတို့၏ ပြင်းထန်သည့်ရိန်းဂျားလေ့ကျင့်သင်ကြားမှုများကို ပြီးမြောက်ကြသည်။ လေ့ကျင့်မှုအစီအစဉ်တွင် Mae Tao Clinic ကဲ့သို့သော အခြားသော အထူးအဖွဲ့အစည်းများထံသို့ စေလွှတ်ကာ လေ့ကျင့်သင်ကြားပေးသည်။၎င်းတို့တွင် လက်တွေ့ကူညီကယ်ဆယ်မှု၊ လွတ်မြောက်အောင် ကြိုးစားမှု၊ လူမှုနိုင်ငံရေးနားလည်မှု စသည်တို့ကို လေ့လာသင်ကြားရပြီး အောက်ပါတို့လည်း ပါဝင်သည်။

  • ethnic issues
  • ethics
  • conflict resolution
  • public health
  • first aid
  • advanced medical and basic dental care
  • human rights interviewing and documentation
  • reporting
  • counselling

ပယ်ဖျက်ပြီးဖြစ်သည့် တိုင်းရင်းသားလူမျိုးစုများ၏ အချိန်ပြည့်ကူညီကယ်ဆယ်ရေး အသင်းများ

၁၉၉၇ ခုနှစ်ကတည်းက FBR ၏ ယေဘုယျလုပ်ဆောင်မှုများ

လေ့ကျင့်ပေးခဲ့သည့် အဖွဲဲ့စုစုပေါင်း  : 300

လုပ်ဆောင်ခဲ့သည့် ကယ်ဆယ်ရေးမစ်ရှင်များ  : 1,000 ကျော်

စောင့်ရှောက်ခဲ့သည့် လူနာ: 550,000 ကျော်

ကူညီခဲ့သည့် လူများ : 1,500,000 ကျော် [၆]

လှုပ်ရှားနယ်မြေများ[ပြင်ဆင်ရန်]

FBR အဖွဲ့များသည် မြန်မာအပြင် ပဋိပက္ခဖြစ်ပွားနေသည့် ဇုန်နေရာများဖြစ်ကြသည့် ISIS တို့ပါဝင်တိုက်ခိုက်နေ့သည့် ဆီးရီးယားနှင့် အီရတ်နိုင်ငံများသို့လည်း သွားရောက်ခဲ့သည်။[၇]

ဖရီးဘားမားရိန်းဂျားနှင့် ရမ်ဘို[ပြင်ဆင်ရန်]

ရမ်ဘို ၄ ရုပ်ရှင်သည် ၂၀၀၈ ခုနှစ် အစောပိုင်းတွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ထွက်ရှိလာခဲ့သည်။ ဤဇာတ်ကားတွင် သရုပ်ဆောင် Sylvester Stalloneသူ၏ ဇတ်ကောင်ဟီရိုးမင်းသား ရမ်ဘိုနေရာတွင် သရုပ်ဆောင်ထားသည်။ ဇာတ်ကား၏ ဇာတ်လမ်းမှာ မြန်မာစစ်တပ်သည် ဆိုးသွမ်းယုတ်မာသည့်ဖိနှိပ်သူအဖြစ် ပါဝင်သည်။ သို့သော် ဤဇာတ်ကားသည် မြန်မာပြည်ရှိ ရုပ်ရှင်ရုံများတွင် ပြသခွင့်မရှိခဲ့ပေ။ ဤဇာတ်ကားသည် မြန်မာလူမျိုးများအကြားထဲတွင် မြေအောက်တိတ်တဆိတ်အနေဖြင့် အောင်မြင်မှု ရရှိခဲ့သည်။[၈] ဤဇာတ်ကားနှင့် ပတ်သတ်သည့် ထုတ်ပြန်မှုကို FBR ကွင်းဆင်းလေ့လာမှုများမှ ရရှိခဲ့သည်။[၉]

၎င်းသည် မြန်မာနိုင်ငံ နယ်စပ်တွင် ရက်စက်ကြမ်းကြုတ်မှုများဖြစ်ပွားနေသည့်ကို ပြသနေသည့် လုံလောက်မှုမရှိသည့်အချက်အလက်များဖြစ်ကြသည်။ ၎င်းကို FBR ကဲ့သို့သော အဖွဲ့က သက်သေပြုလုပ်ကာ နိုင်ငံတကာအဖွဲ့အစည်းများအား ထိုကဲ့သို့သော အုပ်ချုပ်သူများကို အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် သက်သေများ ပြုလုပ်ခဲ့သည်။

သတင်းနှင့် အခြားစပ်ဆက်မီဒီယာများ[ပြင်ဆင်ရန်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Who We Are - Free Burma Rangers
  2. Burma Issues Home Page။ 31 October 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 November 2014 တွင် ပြန်စစ်ပြီး။
  3. Robert D. Kaplan (1 September 2008)။ Lifting the Bamboo CurtainThe Atlantic။ 29 November 2014 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  4. Video shows Burma military 'targeting Kachin rebels'။ BBC။ 26 April 2013 တွင် ပြန်စစ်ပြီး။
  5. No One Would Buy My Photos, So Here They Are For Free: Mosul 2017 (5 July 2017)။ 29 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 May 2021 တွင် ပြန်စစ်ပြီး။
  6. Free Burma Rangers Annual Report 2013 (2014-05-27)။ 27 May 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 May 2021 တွင် ပြန်စစ်ပြီး။
  7. Meet the American family risking death to save lives in Iraq (4 September 2017)။
  8. Post Publishing PCL.။ Akkharaphongpricha name withdrawn - Bangkok Post: topstories။ 29 November 2014 တွင် ပြန်စစ်ပြီး။
  9. Coventry Telegraph: Coventry news, sport, lifestyle and eventsCoventry Telegraph။ 10 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 November 2014 တွင် ပြန်စစ်ပြီး။