ဖရာဖွတ်သစိဟင်း
ဖရာဖွတ်သစိဟင်း | |
---|---|
Thai: พระพุทธสิหิงค์ | |
အနုပညာရှင် | Unknown |
ခုနစ် | 15th Century |
ဒိုင်မင်းရှင်း | 79 cm × 63 cm (၃၁ လက်မ × ၂၅ လက်မ) |
တည်နေရာ | Phutthaisawan Hall, Bangkok National Museum, Bangkok |
13°45′30″N 100°29′30″E / 13.75833°N 100.49167°Eကိုဩဒိနိတ်: 13°45′30″N 100°29′30″E / 13.75833°N 100.49167°E |
ဖရာဖွတ်သစိဟင်း သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်တည်ရှိသည့် ဂေါတမဗုဒ္ဓရုပ်ပွားတော်ဆင်းတု ဖြစ်သည်။ ဤဘုရားသည် မြဘုရားပြီးပါက ထိုင်းနိုင်ငံတွင် ဒုတိယမြောက်အရေးအပါဆုံးဘုရားဖြစ်သည်။ ယခုအခါတွင် ရုပ်ပွားတော်သည် ဖွတ်သိုင်စဝန်အဆောက်အဦ (Phutthaisawan, ယခင် အရှေ့နန်းတော်) တွင် သီတင်းသုံးလျက်ရှိသည်။[၁] ရုပ်ပွားတော်ကို ၁၇၉၅ ခုနှစ်တွင် ချင်းမိုင်မြို့ရှိ ဖရာဆင့်ကျောင်းတော်မှ ဘန်ကောက်မြို့၊ အရှေ့နန်းတော်သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုသို့ပြောင်းရွှေ့မှုကို ရာမ (၁) မင်း၏ ညီအစ်ကို တော်စပ်သည့် မဟာသူရဆင်ဂနက် (Maha Sura Singhanat) က ဆောင်ရွက်ခဲ့သည်။[၂]
သမိုင်း
[ပြင်ဆင်ရန်]ရုပ်ပွားတော်၏ တိကျသည့်နဂိုမူလတည်နေရာသည်ယခုအချိန်အထိ မေးခွန်းတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်သည်။[၃] "စိဟင်း" ဆိုသည့်အမည်သည် ထိုင်းနိုင်ငံ သီရိလင်္ကာ၏ မင်းဆက်များစွာတို့၏ အမည်ဖြစ်သည် "စင်ဟလမင်းဆက်" မှ ဆင်းသက်လာည်။ [၄]ဖရာဖွတ်သစိဟင်းရုပ်ပွားတော်၏ သမိုင်းဒဏ္ဍာရီများအရ ရုပ်ပွားတော်ကို အေဒီ ၁၅၇ တွင် သီရိလင်္ကာတွင် ပြုလုပ်ခဲ့ည်။ ထို့နောက် ၁၃၀၇ တွင် ထိုင်းနိုင်ငံ၊ ဆူခိုထိုင်းသို့ ဆောင်ယူခဲ့သည်။ ထို့နောက် ရုပ်ပွားတော်ကို ၁၃၇၈ ၌ အယုဒ္ဓယ၊ Phitsanulok ၌ လည်းကောင်း၊ ၁၃၈၂ တွင် Kamphaeng Phet ၌လည်းကောင်း၊ ၁၃၈၈ တွင် ချင်းရိုင်၌ လည်းကောင်း အယုဒ္ဓယသို့ တစ်ဖန်မပြောင်းရွှေ့မီ နေရာပြောင်းရွှေ့ထားရှိခဲ့သည်။ ထို့နောက်တွင် ၁၄၀၇ တွင် ချင်းမိုင်သို့ပြောင်းရွှေ့ကာ ဖရာဆင့်ကျောင်းတော်တွင် ထားရှိခဲ့သည်။[၅]
၁၉၇၅ တွင် ရုပ်ပွားတော်ကို ရာမ (၁) ဘုရင်နှင့် သူ၏ ညီအစ်ကိုတော်စပ်သည့် နိုင်ငံတော်အုပ်ချုပ်သူဘုရင်ဖြစ်သည့် မဟာသူရဆင်ဂနက် တို့သည် ချင်းမိုင်သို့ အတင်းဆောင်ယူခဲ့ကြသည်။ အစပိုင်းတွင် ရုပ်ပွားတော်ကို အရှေ့နန်းတော်တွင် ထားရှိခဲ့ကြသည်။ ၁၈၀၃ တွင် ဘုရင်ဆုံးပါးပြီးနောက်တွင် ရုပ်ပွားတော်ကို တော်ဝင်နန်းတော်ရှိ ဖရာကရူးကျောင်းတော်သို့ ရာမ (၁) ဘုရင်က ပြောင်းရွှေ့ခဲ့သည်။ ၎င်းသည် ၁၈၅၁ မတိုင်မီအထိ ထိုနေရာတွင် ရှိနေခဲ့သည်။ ထိုအချိန်တွင် ဘုရင် မွန့်ကွတ်သည် သူ၏ ညီတော်မင်းသား Chutamani ကို မပေးစဖူးဖြစ်ည့် ဒုတိယဘုရင် Pinklao ၏ ရာထူးကို ပေးအပ်ခဲ့သသည်။ ပင်ကလိုဘုရင်အသစ်၏ ရာထူးခံယူပွဲကို ကျင်းပရာတွင် ဘုရင် မွန့်ကွတ်သည် ဒုတိယဘုရင်ကို ဖရာဖွတ်သစိဟင်းရုပ်ပွားတော်ကို ပေးခဲ့သသည်။ ဤရုပ်ပွားတော်သည် မြဘုရားပြီးပါက ဒုတိယမြောက်အရေးအပါဆုံး ဗုဒ္ဓရုပ်ပွားတော်ဖြစ်လာခဲ့သည်။ ထို့နောက်တွင် ရုပ်ပွားတော်ကို အရှ့နန်းတော် (ယခုအခါ - Pinklao နန်းတော်) သို့ ပြောင်းရွှေ့ကာ ဖွတ်သိုင်စဝန်အဆောက်အဦတွင် ထားရှိခဲ့သည်။ ထိုနေရာတွင် ယခုအချိန်အထိ ရုပ်ပွားတော်သည် တည်ရှိနေသည်။[၆][၇]
ဘန်ကောက်မြို့ရှိ အထပ်ဖော်ပြပါ ရုပ်ပွားတော်အပြင် နောက်ထပ် ဖရာဖွတ်သစိဟင်းဟု သတ်မှတ်ထားသည့် ရုပ်ပွားတော်အနည်းဆုံးနှစ်ခုလည်း ထိုင်းနိုင်ငံတွင် တည်ရှိသည်။[၁]
ဖော်ပြချက်
[ပြင်ဆင်ရန်]ရုပ်ပွားတော်သည် တရားထိုင်နေတော်မူဟန် ရုပ်ပွားတော်ဖြစ်သည်။ ဤပုံစံသည် သီရိလင်္ကာရှိ ဗုဒ္ဓဆင်းတုများတွင် တွေ့ရလေ့ရှိသည့် ပုံစံဖြစ်သည်။ ရုပ်ပွားတော်ကို ကြေးညိုဖြင့် သွန်းလုပ်ထားကာ ရွှေဖြင့် သုတ်လိမ်းထားသည်။ ရုပ်ပွားတော်သည် သီရိလင်္ကာနှင့် ဆူခိုထိုင်းစတိုင်ဖြင့် ပြုလုပ်ထားသည်။ သို့သော်လည်း သီရင်လင်္ကာအမှတ်သင်္ကေတပုံစံဖြစ်သည်။ ဆူခိုထိုင်းစတိုင်သည် ရုပ်ပွားတော်၏ မျက်နှာတော်အပြည်နှင့် နှာခေါင်းတို့တွင် မြင်တွေ့ရသည်။[၃]
ရုပ်ပုံများ
[ပြင်ဆင်ရန်]-
The Phutthaisawan Throne Hall (formerly a part of the Front Palace), now the Bangkok National Museum.
-
The interior of the Phutthaisawan Throne Hall with the Phra Phuttha Sihing in the central place of worship.
-
The Phra Phuttha Sihing in Bangkok
-
The Phra Phuttha Sihing at Hor Phrabhut Sihing at Nakhon Si Thammarat.
-
A replica of the Bangkok Phra Phuttha Sihing, used as the principal Buddha image of Wat Ratchapradit.
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ Jr၊ Robert E. Buswell; Jr၊ Donald S. Lopez (2013-11-24)။ The Princeton Dictionary of Buddhism (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Princeton University Press။ p. 643။ ISBN 978-1-4008-4805-8။
- ↑ Bangkok Post၊ Public Company Limited။ "Celebrating the New Year"။
- ↑ ၃.၀ ၃.၁ Stratton၊ Carol (2004)။ Buddhist Sculpture of Northern Thailand (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Serindia Publications, Inc.။ p. 274။ ISBN 978-1-932476-09-5။
- ↑ Tambiah, Stanley J. (1982). "Famous Buddha Images and the Legitimation of Kings: The Case of the Sinhala Buddha (Phra Sihing) in Thailand". RES: Anthropology and Aesthetics No. 4 (Autumn, 1982) (4): 5–19. doi: .
- ↑ Folk literature - The Legend of Phra Phuttha Sihing။ 28 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-02-18 တွင် ပြန်စစ်ပြီး။
- ↑ พระราชวังบวรสถานมงคล (วังหน้า) (in th) (2015)။ 10 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 November 2019 တွင် ပြန်စစ်ပြီး။
- ↑ Bangkok Post၊ Public Company Limited။ "An almost forgotten glory"။