ဖရန်စစ္စကို ဗာရယ်လို

ဝီကီပီးဒီးယား မှ

ဗာရယ်လိုသည် ၁၉၃၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ပထမဆုံးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲတွင်ပါဝင်ကစားခဲ့သော ကစားသမားများအနက် နောက်ဆုံးသက်ရှိထင်ရှားကျန်ရစ်သူ အာဂျင်တီးနားအားကစားသမားကြီးဖြစ်သည်။ ၁၉၃၀ ပြည့်နှစ်တွင် ဥရုဂွေးနိုင်ငံ မွန်တီဗီဒီယိုမြို့တွင် အာဂျင်တီးနားနှင့်ဥရုဂွေးနိုင်ငံတို့ ဗိုလ်လုပွဲ အဖြစ် ယှဉ်ပြိုင်ရာတွင် ပါဝင်ကစားခဲ့ခြင်းဖြစ်သည်။ ယင်းပွဲစဉ်တွင် အာဂျင်တီးနားအသင်းသည် ဥရုဂွေးအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ဗာရယ်လိုသည် ဘိုကာဂျူနီယာကလပ်တွင် ကစားခဲ့သူဖြစ်ပြီး အသင်းအတွက် ၁၉၄ ဂိုးသွင်းကာ စံချိန်သစ်တစ်ရပ် တင်ပေးနိုင်ခဲ့သူဖြစ်သည်။ ယင်းစံချိန်ကို လက်ရှိဘိုကာဂျူနီယာတိုက်စစ်မှူးမာတင်ပါလာမို တစ်ဦးတည်းသာ ချိုးနိုင်ခဲ့သည်။ ဗာရယ်လိုသည် အသက် ၁၀၀ အရွယ် ၂၀၁၀ ပြည့်နှစ် ဩဂုတ်လ ၃၀ရက်တွင် ကွယ်လွန်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)