ဖရင့်ကစ်

ဝီကီပီးဒီးယား မှ
စုံတွဲနှစ်ဦး ဖရင့်ကစ် နမ်းပုံ

ပြင်သစ်အနမ်း ဟု အဓိပ္ပာယ်ရသော ဖရင့်ကစ် (French kiss) သည် အချစ် နှင့် လိင်ဆန္ဒ သဘော သက်ရောက်သော နမ်းခြင်း တစ်မျိုးဖြစ်ပြီး တစ်ယောက်၏ လျှာသည် အခြားတစ်ယောက်၏ ပါးစပ် အတွင်းမှ လျှာသို့ ထိတွေ့ခြင်း ဖြစ်သည်။

ဖရင့်ကစ်သည် နှုတ်ခမ်း၊ လျှာ နှင့် ပါးစပ် တို့ကို လှုံ့ဆွပေးပြီး ၎င်းတို့မှာ အထိအတွေ့ကို အလွန် ခံစားလွယ်သော နေရာများဖြစ်ပြီး အများအားဖြင့် အရသာရှိသည် ဟု ယုဆကြပြီး အလွန်ရင်းနှီးစေကာ လိင်စိတ်ကို ဆွသည်။ အခြား နမ်းခြင်းများနှင့်မတူ ဖရင့်ကစ် အနမ်းသည် တစ်ခါတစ်ရံ အလွန်ကြာတတ်ပြီး ပြင်းထန်ကာ မတ်မတ်မောမော ရှိသည်။ ထိုသို့ လိင်စိတ်ကို ဆွသော သဘောရှိသောကြောင့် ရပ်ကြည့်သူများမှ မနှစ်သက်ကြပဲ နိူင်ငံများစွာတို့တွင် ပေါ်တင်ပြုခြင်းကို အားမပေးကြပေ။

တိရစ္ဆာန်များ၏ အပြုအမူများကို လေ့လာရာမှ၊ ဆင့်ကဲပြောင်းလည်းမှု ဇီဝဗေဒ ပညာရှင် Thierry Lode သည် ဖရင့်ကစ် တွင် အပိုမဟုတ်ပဲ အစစ်အမှန် လိုအပ်သော လုပ်ငမ်းတစ်ရက်ဖြစ်ကြောင်း၊ မိတ်ဖတ်၏ ကိုယ်ခံစနစ် (immune system) ကိုက်ညီမှုကို တံတွေး မှတဆင့် စမ်းစစ်ခြင်း ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။[၁] လိင်ဆက်ဆံခြင်း မပြုမှီ ဖရင့်ကစ်ပြုကျင့်ခြင်းဖြင့် မိမိသွေးသားတော်စပ်သူနှင့် မိတ်မလိုက်ရန် ကာကွယ်သည်။

ဖရင့်ကစ်ကြောင့် တံတွေး မှတဆင့် Infectious mononucleosis ကဲ့သို့ ပါးစပ်မှ တဆင့်ကူးစက်သော ရောဂါများ ကူးစက်ပြန့်ပွားနိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. VMA's Madonna-Britney-Christina Kiss: Progress or Publicity Stunt?, Sarah Warn 2003။ 29 May 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 May 2012 တွင် ပြန်စစ်ပြီး။