ဖန်ခါးပင်
Terminalia chebula | |
---|---|
A leafless T. chebula tree | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Myrtales |
မျိုးရင်း: | Combretaceae |
မျိုးစု: | Terminalia |
မျိုးစိတ်: | T. chebula
|
ဒွိနာမ | |
Terminalia chebula | |
Synonyms[၁] | |
Walp.
|
ဖန်ခါးပင်သည် အရိပ်ကောင်းသော အပင်ကြီးမျိုးဖြစ်ပြီး Combretaceae မျိုးရင်းတွင် ပါဝင်သည်။ အရသာဖန်ခါးသော အသီးလုံးငယ်များ သီးသည့် ပင်စောက် တစ်မျိုးလည်းဖြစ်သည်။[၂] Haritaki သို့မဟုတ် Harar, Harida, Black Myrobalan, Chebulic Myrobalan[၂] စသဖြင့် အမျိုးမျိုး ခေါ်ဝေါ်ကြသည်။
ပုံသဏ္ဌာန်
[ပြင်ဆင်ရန်]အပူပိုင်းအရိပ်ရ အပင်ကြီးမျိုးဖြစ်သည်။ ပင်စည်ဖြောင့်မတ်သည်။ အခေါက်ထူသည်။ ရွက်လွှဲ ထွက်သည်။ ရွက်ကြောများ ထင်ရှားပြီး ဘဲဥပုံဖြစ်သည်။ ရွက်ထိပ်ချွန်သည်။ ပွင့်ညှာမဲပန်းခိုင်ဖြစ်ပြီး ဖြူဝါရောင် ရှိသည်။ အသီးမှာ ဘဲဥပုံဆန်၍ ညိုဝါရောင် ရှိပြီးမာကျောသည်။ ခြောက်သွေ့သော အခါတွင် မြောင်းများဖြစ်လာသည်။ အသားထူ၍ အစေ့တစ်စေ့သာ ရှိသည်။ အစေ့မှာ အဝါဖျော့ရောင် ဖြစ်သည်။
အပင်
[ပြင်ဆင်ရန်]ရွက်ကြွေ ပင်ကြီးမျိုး ဖြစ်၍ ပေ ၇၀-၈၀ ထိ မြင့်၏။ ပင်စည် ရှည်၍ ဖြောင့်မတ်၏။ အခေါက် ထူ၏။ အပွေး အနက် ရောင် ရှိ၏။ အက်ကြောင်း များ သေးငယ် သည်။
အရွက်
[ပြင်ဆင်ရန်]ရွက်ဆိုင် နီးပါး ထွက်သည်။ ရှည်မျောမျော ဘဲဥပုံ ရှိ၍ ရွက်ထိပ် ချွန်ပြီး ရွက်ရင်း ဝိုင်း၏။ ရွက်ပြား ၃ လက်မ ၄ လက်မ ခန့် ကျယ်ပြန့် သည်။ ရွက်ညွန့် ကတ္တီပါညို အရောင်ရှိ သည်။ ရွက်ကြောများ ထင်ရှား သည်။
အပွင့်
[ပြင်ဆင်ရန်]ပွင့်ညှာ မဲ့ ပန်းခိုင် ပေါ်တွင် အဖြူ သို့မဟုတ် အဝါရောင် ပန်းပွင့်လေးများ ပွင့်၏။ ပွင့်ဖတ် မရှိ ပွင့်ချပ် နှင့် ပွင့်သော ပန်းပွင့် ဖြစ်သည်။ ကဆုန်လ မှ ဝါဆို ဝါခေါင် လအတွင်း ဖူးပွင့် သည်။
အသီး
[ပြင်ဆင်ရန်]တစ်စေ့ သီး ဖြစ်သည်။ အသား ထူ၍ အရသာ ဖန်သည်။ ပြာသို တပို့တွဲ လတွင် အသီး ရင့်မှည့် သည်။
တွေ့နိုင်သောနေရာများ
[ပြင်ဆင်ရန်]များသောအားဖြင့် မြန်မာ နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပေါ် ဒေသ များတွင် ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက် သည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးနိုင်သည်။
အသုံးဝင်ပုံ
[ပြင်ဆင်ရန်]ဖန်ခါးသီးကို အသီး၊ အခေါက်၊ အစေ့အားလုံးကို အသုံးပြုနိုင်သည်။
အာနိသင်
[ပြင်ဆင်ရန်]မြန်မာ ဆေးကျမ်းများ အလိုအရ ဖန်ခါးသီး သည် ဖန်၏။ ချဉ်၏။ ခါး၏။ စပ်၏။ ပူ၏။ ဝမ်းမီးကို တောက်စေ၏။ သွေးသား ကို စင်ကြယ်စေ၏။ မျက်စိ ကို ကောင်းစေ၏။ အထူးသဖြင့် အူနှင့် စပ်သော ရောဂါများ ၊ အရေပြား ရောဂါ၊ ကိုယ်ရေဝါ မြင်းသရိုက်၊ ညောင်းကျ၊ ကြို့ထိုး၊ ဝမ်းဗိုက်အောင့်၊ အစာ မကြေ ရောဂါ တို့၌ သုံးရ၏။
အသီး
[ပြင်ဆင်ရန်]- ဖန်ခါးသီး ပြုတ်ရည်ကို နို့နှင့် ရောတိုက်ပါက အရက်မူးခြင်း ပျောက်၏။
- ဖန်ခါးသီး အခြောက်မှုန့် နှင့် အုန်းဆီကို ရော၍ မီးလောင်ဖုများကို လိမ်းပေးသော် အနာ သက်သာ စေသည်။
- ဖန်ခါးသီး ကို ထု၍ တစ်ည ရေစိမ်ပြီး ထို ရေကြည်ဖြင့် မျက်စိကို ဆေးပေးပါက မျက်စိ နာကျင်ကိုက်ခဲခြင်း ပျောက်၏။
- ဖန်ခါးသီး ကို အမှုန့် ကြိတ်ပြီး နို့နှင့် သောက်ပါက အနာ ရောဂါ ကင်း၍ အသက် ရှည်စေသည်။ အမြဲ တမ်း မမှီဝဲသော်မှ ၇ ရက် တစ်ကြိမ် မှီဝဲ နိုင်သည်။
- အသီး ကို ဝမ်းနုတ်ဆေး ဖော်စပ် ရာတွင် ထည့်သွင်း အသုံးပြု၏။
အစေ့
[ပြင်ဆင်ရန်]- ဝက်ခြံ အမြစ် မထွက်သော် ဖန်ခါးသီးစေ့ကို ဆန်ဆေးရည်နှင့် သွေးလိမ်း ရ၏။
အရွက်
[ပြင်ဆင်ရန်]- ဖန်ခါး ရွက်ရှိ အသီး ကဲ့သို့ ဖုဖောင်း နေသော ကတြ သင်္ချေကို ဝမ်းနုတ်ဆေး ၊ သွေးဆေး၊ လေဆေး၊ မျက်စိ နာ ပျောက်ဆေး စသည်တို့ ဖော်စပ် အသုံး ပြု သည်။
- မီးယပ်ဆေး၊ ဒူလာဆေး၊ လိပ်ခေါင်းဆေး များ ဖော်စပ် ရာတွင်လည်း ထည့်သွင်း အသုံး ပြုသည်။
အခေါက်
[ပြင်ဆင်ရန်]- အခေါက် ကို ပြုတ်သောက်သော် ဝမ်းလျှော ဝမ်းကိုက် ရောဂါ များကို ပျောက်ကင်း စေသည်။
- ရုတ်တရက် ရရှိသော ထိခိုက် ဒဏ်ရာ များ ပေါ်တွင် အခေါက်ကို ကြိတ်၍ အုံပေး သော် သွေးထွက် လွန်ခြင်း ကို ရပ်တန့် စေသည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ The Plant List: A Working List of All Plant Species။ 11 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 August 2015 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ http://www.mmspelling.info/?p=48528[လင့်ခ်သေ]
- ↑ http://arogyamonline.com/commodity/materials/?raw=116[လင့်ခ်သေ]