ပြေ(ဆေး-၂)

ဝီကီပီးဒီးယား မှ

ပြေ(ဆေး-၂)[ပြင်ဆင်ရန်]

၁၉၅၇ ခုနှစ်တွင် မန္တလေး မြို့၌ အဖ ဦးလှ၊ အမိ ဒေါ်သိန်းတင် တို့မှ မွေးဖွား ခဲ့သည်။ ငယ်စဉ်က လာရှိုးမြို့ အိန်ဂျယ် ကွန်ဗင့် ကျောင်းနှင့် မန္တလေးမြို့ အမှတ် (၉) အစိုးရ အထက်တန်း ကျောင်းများတွင် မူလတန်းမှ အထက်တန်း အထိ ပညာ သင်ကြား ခဲ့သည်။ ဆေး တက္ကသိုလ် (၂) ရန်ကုန်မှ M.B.B.S (Rgn) ဘွဲ့ ရရှိ ခဲ့သည်။ ၁၉၇၈ ခုနှစ် စီးပွားရေး တက္ကသိုလ် မဂ္ဂဇင်းတွင် ‘အချစ်ကြွေးလေး ပြေစေချင်’ ဝတ္ထုတို ရေးသား ဖော်ပြခြင်း ခံရသည်။ နောက် ပေဖူးလွှာ၊ မဟေသီ၊ စပယ်ဦး၊ မဂ္ဂဇင်း များတွင် ဝတ္ထုတို၊ ဝတ္ထုလတ်များ ရေးသား ခဲ့သည်။ ‘နိပွန်းဂျင်း ဘိရုမာဂျင်း’၊ ခရီးသွား အမေ လက်ရာမှာ ထင်ရှားသည်။ အခြား ဝတ္ထုတို လုံးချင်းနှင့် လုံးချင်း ဝတ္ထု စာအုပ် များလည်း ရေးသာထး ထုတ်ဝေ ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]