ပြော့​မှူး​ကြီး​

ဝီကီပီးဒီးယား မှ

ပြော့မှူးကြီး[ပြင်ဆင်ရန်]

ပြော့သည် ပေါရာဏစကားဖြစ်သည်။ တစ်ဖက်ဟု အဓိပ္ပာယ်ရသည်။ မြေနန်းစမုခ်ဦး၊ မင်းတက်လှေကား တစ်ဖက်တစ်ချက်တွင် ကြိမ်လုံးကိုင်စွဲ၍ စောင့်ရသူကို ပြော့သား ဟုခေါ်သည်။ ပြော့သားသည် အင်္ကျီလက်ကျယ် နှင့် ကျော့ကွင်းတပ် မြီသရီခေါ် ကတ္တီပါ ထိပ်ချွန်ဦးထုပ် ဝတ်ဆင်ရသည်။ ကျော့ကွင်းတပ်ဦးထုပ်ဆောင်းရသည်မှာ ပျူစောထီးလက်ထက်တွင် မယ်တော်က ပို့လာသော နဂါးအမတ် ၈ ယောက်သည် ဂဠုန်ရန်ကို ကြောက်ဩဖင့် ဦးထုပ်တွင် ကျော့ကွင်းတပ်သည်မှ စတင်သုံးလာခြင်း ဖြစ်သည် ။ ထိုပြောသားတို့ကို ကြီးမှူးရသော အမတ်ကို ပြော့မှူးကြီးဟု ခေါ်သည်။ ၁။

ကျမ်းကိုးစာရင်း[ပြင်ဆင်ရန်]

၁။ ရွှေနန်းသုံးဝေါဟာရ အဘိဓာန် ၊ စာ ၁၂၂။