ပြေဇင်

ဝီကီပီးဒီးယား မှ
ပြေဇင်
အမည်ရင်း မောင်မောင်
နိုင်ငံ မြန်မာ
မိဘအမည် ဦးဝဏ္ဏ + ဒေါ်ချိုချိုရီ
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
အလုပ်အကိုင် သရုပ်ဆောင်
မွေးဖွားရာဒေသ ရန်ကုန်မြို့
ထင်ရှားကျော်ကြားမှု သရုပ်ဆောင်

ပြေဇင်သည် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည်။ အဖိုးဖြစ်သူမှာ ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ သာဓုဖြစ်ပြီး ဖခင်ဖြစ်သူမှာ ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ မောင်ဝဏ္ဏဖြစ်သည်။ လွမ်းအောင်ရယ်တတ်သူ ရုပ်ရှင်ဇာတ်ကားသည် ပြေဇင်၏ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ ယခုအခါတွင် ရုပ်ရှင်၊ ဗီဒီယိုနှင့် ဒီဗီဒီ ဇာတ်ကားတို့ကို ရိုက်ကူးလျက်ရှိသည်။ ပြေဇင်၏ အမည်အရင်းမှာ မောင်မောင်ဖြစ်သည်။