ပြုဗ္ဗာဘရဂုဏ္ဏီနက္ခတ်
ပြုဗ္ဗာဘရဂုဏီနက္ခတ် မှာ ဥတ္တရာ ဘရဂုဏီနက္ခတ်နှင့် ပေါင်း၍ ညောင်စောင်းသဏ္ဌာန် လေးလုံးရှိသည်။ ထိုနက္ခတ်ကို ယောနိနတ်အစိုးရကြောင်း ဆိုသည်။ ဤနက္ခတ်သည် ချိန်တာရာနှင့် ယှဉ်၍ သွား၏။ [၁]
၁၁။ ပုဗ္ဗဖဂ္ဂုနီ = ပြုဗ္ဗဖလဂုနိနက္ခတ်
[ပြင်ဆင်ရန်]မိန်းမတို့၏ ယောနိဟူ၍ အဓိပ္ပာယ်ရသည့် နက္ခတ်ပရိယာယ် (၈) ပုဒ်ကို ရာဇမတ္တဏ်ကျမ်းက “ဘဂါချာပုဗ္ဗဖဂ္ဂုနီ အစချီပြဆို၍ အဘိဓာန်ဋီကာဆရာကမူ “ဖလံ၊ အကျိုးစီးပွားကို။ ဂဏှာပေတိ၊ ယူစေတတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဖဂ္ဂုနီ၊ ဖဂ္ဂုနီနက္ခတ်မည်၏”ဟူ၍ ပြဆိုပေသည်။
၁၂။ ဥတ္တရာဖဂ္ဂုနီ-ဥတ္တရဖလဂုနီနက္ခတ်
[ပြင်ဆင်ရန်]အထက်ပါ ဖဂ္ဂုနီနက္ခတ် (၂) လုံး၏ အဆင်းသဏ္ဌာန် လုံးရေသင်္ချာအား (အနည်းငယ်လွဲသည်မှအပ) စုပေါင်းပြဆို ထားသည်ကို အောက်ပါအတိုင်း တွေ့ရပေသည်။
| ဟေသျှန္တိကျမ်း | နက္ခတ်တစ်လုံး၊ ကြယ်နှစ်လုံး၊
နက္ခတ်နှစ်လုံး၊ ကြယ် လေးလုံးပေါင်း ညောင်စောင်းခြေ(၄) ခုသဏ္ဌာန် |
| ပေါတ္တရသာဒိကျမ်း | |
| လဃုသင်္ဂြဟကျမ်း | |
| အာကာသသျှတ္တရကျမ်း | |
| သိဃဗောဓကျမ်း |
| ကပ္ပဝဏ္ဏနာကျမ်း | နက္ခတ်နှစ်လုံး ပေါင်းမှ
ကြယ်လေးလုံး၊ လှည်းဦးကင်းသဏ္ဌာန် |
| နက္ခတ်လင်္ကာ |
| ရွှေမင်ရေးပုရပိုက်ဖြူ | ပြုဗ္ဗာဖလဂုနီနက္ခတ် (၂) လုံး၊ နွားမသဏ္ဌာန်
ဥတ္တရာဖလဂုနီနက္ခတ်(၂) လုံး၊ နွားလားသဏ္ဌာန် သဏ္ဌာန်မပါ |
| သေနင်္ဂဗျူဟာကျမ်း |
ပြုဗ္ဗာဖလဂုနီနက္ခတ် (၂) လုံး၊ နွားမသဏ္ဌာန် ဥတ္တရာဖလဂုနီနက္ခတ်(၂) လုံး၊ နွားလားသဏ္ဌာန် သဏ္ဌာန်မပါ
ပုဗ္ဗဖဂ္ဂုနီနက္ခတ်ကို ယောနိနတ်စောင့်၍ ဥတ္တရာဖဂ္ဂုနီ နက္ခတ်ကို အယမနတ် အစိုးရကြောင်း ရာဇမတ္တဏ်ကျမ်းက ပြဆိုပါသည်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 23 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 December 2021 တွင် ပြန်စစ်ပြီး။
- ↑ နက္ခတ်တာရာသိမှတ်စရာ အာကာသသျှတ္တရကျမ်း၊ အရှင်အာလောက (မုံရွာ)