ပြန်လည် အသုံးချနိုင်သည့် စွမ်းအင်
ပြည်လည် အသုံးချနိုင်သည့် စွမ်းအင်သည် နေရောင်ခြည်၊ လေ၊ ရေ၊ ဒီရေလှိုင်း၊ မြေအောင်းအပူဓာတ် စသည့် သဘာဝ အရင်းအမြစ်များမှ ထုတ်လုပ်သည့် စွမ်းအင်ဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် စွမ်းအင်သုံးစွဲမှု အားလုံး၏ ၁၉ % ခန့်သည် ပြန်လည် အသုံးချနိုင်သည့် စွမ်းအင်များဖြစ်ပြီး ၎င်းတို့အနက် ၁၃ % မှာ အပူပေးရာတွင် အဓိက အသုံးပြုသည့် သမားရိုးကျ ဇီဝလောင်စာများမှ ဖြစ်ကာ ၃.၂ % မှာ ရေအားလျှပ်စစ်ဖြစ်သည်။ [၁] နေစွမ်းအင်နှင့် လေအားလျှပ်စစ် စသည့် ပြန်လည် အသုံးချနိုင်သည့် စွမ်းအင်သစ်များမှာ ၂.၇ % ခန့်ရှိပြီး အလျင်အမြန် တိုးတက်လျက် ရှိသည်။ [၁] ၁၈ % ခန့်မှာ လျှပ်စစ်ဓာတ်အား ဖြစ်ပြီး ထို ၁၈ % အနက် ၁၅ % မှာ ရေအားလျှပ်စစ်ဖြစ်၍ ၃ % မှာ ပြန်လည် အသုံးချနိုင်သည့် စွမ်းအင်သစ်များ ဖြစ်သည်။ [၁][၂]
လေအား လျှပ်စစ်ထုတ်လုပ်မှုမှာ နှစ်စဉ် ၃၀ % တိုးပွားလျက်ရှိသည်။ ၂၀၀၉ ခုနှစ်တွင် ကမ္ဘာတဝန်း လေအား လျှပ်စစ် ၁၅၈ ဂစ်ဂါဝပ် (GW) ထုတ်လုပ် နိုင်နေပြီ ဖြစ်သလို[၃][၄] ဥရောပ၊ အာရှနှင့် အမေရိကန် ပြည်ထေင်စုတွင် ကျယ်ကျယ်ပျံ့ပျံ့ အသုံးပြုလာပြီ ဖြစ်သည်။ [၅] ၂၀၀၉ ခုနှစ် နှစ်ကုန်တွင် နေစွမ်းအင်ထုတ် လျှပ်စစ် ပမာဏမှာ ၂၁ GW ရှိနေပြီ ဖြစ်သည်။[၆][၇][၈] ဂျာမနီနှင့် စပိန်တွင် နေစွမ်းအင်မှ လျှပ်စစ်ထုတ်လုပ်မှုကို လူကြိုက်များလာသည်။ [၉] ၃၄၅ မဂ္ဂါဝပ် (MW) ထုတ်လုပ် နိုင်သည့် အကြီးမားဆုံး နေအားလျှပ်စစ် စက်ရုံမှာ မိုဂျပ်ကန္တာရတွင် တည်ရှိသည်။ [၁၀] ကမ္ဘာ့အကြီးဆုံး မြေအောင်းအပူဓာတ်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်ရုံကို ကယ်လီဖိုးနီးယား ပြည်နယ်တွင် တပ်ဆင်ထားပြီး ၇၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်စွမ်း ရှိသည်။ ဘရာဇီးနိုင်ငံတွင်မူ အကြီးမားဆုံး ပြန်လည် အသုံးချနိုင်သည့် စွမ်းအင် စီမံကိန်း ရှိပြီး ကြံမှ အီသနော လောင်စာ ထုတ်လုပ်မှုလည်း ပါဝင်သည်။ ဘရာဇီးနိုင်ငံတွင် မော်တော်ယာဉ်များ အသုံးပြုသည့် လောင်စာများ၏ ၁၈ % မှာ အီသနော လောင်စာများ ဖြစ်သည်။[၁၁] ယခုအခါတွင် အီသနော လောင်စာများကို အမေရိကန်တွင်လည်း ကျယ်ကျယ်ပျံ့ပျံ့ အသုံးပြုနေပြီ ဖြစ်သည်။
ရာသီဥတု ပြောင်းလဲမှုကို သတိပြုလာခြင်းနှင့် ရေနံဈေး ထိုးတက်လာခြင်းအပြင် အစိုးရ၏ အားပေးခြင်းတို့ကြောင့် ပြန်လည် အသုံးချနိုင်သည့် စွမ်းအင် ထုတ်လုပ်မှုနှင့် သုံးစွဲမှု အရှိန်အဟုန် မြင့်တက်လာစေသည်။ [၁၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ REN21 (2010). Renewables 2010 Global Status Report Archived 20 August 2010 at the Wayback Machine. p. 15-16.
- ↑ REN21 (2008). Global Status Report 2007 Archived 29 May 2008 at the Wayback Machine. REN21 Secretariat, 51 pages.
- ↑ Lars Kroldrup. Gains in Global Wind Capacity Reported Green Inc., February 15, 2010.
- ↑ REN21 (2009). Renewables Global Status Report: 2009 Update Archived 12 June 2009 at the Wayback Machine. p. 9.
- ↑ Global wind energy markets continue to boom – 2006 another record year Archived 7 April 2011 at the Wayback Machine. (PDF).
- ↑ James Russell. Record Growth in Photovoltaic Capacity and Momentum Builds for Concentrating Solar Power Archived 9 December 2010 at the Wayback Machine. Vital Signs, June 03, 2010.
- ↑ REN21 (2009). Renewables Global Status Report: 2009 Update Archived 12 June 2009 at the Wayback Machine. p. 12.
- ↑ REN21 (2009). Renewables Global Status Report: 2009 Update Archived 12 June 2009 at the Wayback Machine. p. 15.
- ↑ World's largest photovoltaic power plants
- ↑ Solar Trough Power Plants (PDF).
- ↑ America and Brazil Intersect on Ethanol။ 26 September 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 October 2010 တွင် ပြန်စစ်ပြီး။
- ↑ United Nations Environment Programme Global Trends in Sustainable Energy Investment 2007: Analysis of Trends and Issues in the Financing of Renewable Energy and Energy Efficiency in OECD and Developing Countries Archived 25 March 2009 at the Wayback Machine. (PDF), p. 3.