ပြည်သာယာ စစ်ဆင်ရေး
ပြည်သာယာ စစ်ဆင်ရေး သည် တပ်မတော်က ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ၁၉၉၁ မှ ၁၉၉၂ အကြား လှုပ်ရှားခဲ့သော စစ်ဆင်ရေး ဖြစ်သည်။ [၁][၂][၃] နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက်တွင် ရိုဟင်ဂျာညီညွတ်ရေးအဖွဲ့ အားကောင်းလာသည့်အတွက် ဦးနှိမ်ရသော စစ်ဆင်ရေး ဖြစ်သည်။
၁၉၇၈ က နဂါးမင်း စစ်ဆင်ရေးကဲ့သို့ပင် စစ်ဆင်ရေး၏ ခေါင်းစဉ်မှာ ထိုဒေသမှ နိုင်ငံသားမဟုတ်သူများကို ဖယ်ရှားရန်ဟု အစိုးရက တရားဝင်ရှင်းချက်ထုတ်သည်။ ရိုဟင်ဂျာညီညွတ်ရေးအဖွဲ့မှ ထကြွသူတို့ကိုလည်း ဖမ်းမည် ဖြစ်သည်။ သို့သော်လည်း စစ်ဆင်ရေးကြောင့် အရပ်သား ၂၀၀၀၀၀ မှ ၂၅၀၀၀၀ ကြား အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ ပြေးရသည်။ သို့သော်လည်း ထကြွသူတို့ကို အမြစ်မဖြတ်နိုင်သဖြင့် ၁၉၉၀ ဝန်းကျင်တွင် တကျော့ပြန် သေးသည်။ [၁] [၃]
၁၉၉၁ ဒီဇင်ဘာလတွင် တပ်မတော်မှ စစ်သားတို့ နယ်စပ်ကိုကျော်သည်ကို သတိမထားမိဘဲ ဘင်္ဂလားဒေ့ရ်ှ ကင်းစခန်းကို မှားပစ်သောကြောင့် ဘင်္ဂလားဒေ့ရှ် - မြန်မာဆက်ဆံရေး အဖုအထစ် ဖြစ်ရသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ "Bangladesh: The Plight of the Rohingya" (in en)၊ 18 September 2012။ 25 September 2017 တွင် ပြန်စစ်ပြီး။
- ↑ Understanding and responding to the Rohingya crisis (in English) (27 May 2015)။ 25 September 2017 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ "Trapped inside Burma's refugee camps, the Rohingya people call for recognition"၊ 20 December 2012။ 25 September 2017 တွင် ပြန်စစ်ပြီး။