ပြည်လုံးချမ်းသာဂမုန်း

ဝီကီပီးဒီးယား မှ

ပြည်လုံးချမ်းသာဂမုန်း ကို ချမ်းသာကြီး၊ သူဌေးကြီး၊ မယ်တော်ကြီး၊ မင်းသားကြီးဟု အမျိုးမျိုးခေါ်ဝေါ်သည်။ စီးပွားတိုး၍ ထီပေါက်စေသည်။ ဈေးရောင်းကောင်းသည်။ စိုက်ပျိုးလျှင် အိုးအတွင်း၌ ကြေးပြား ၉ပြားခံ၍ စိုက်ကာ ရွှေရည်၊ ငွေရည်လောင်းပေးရသည်။ တချို့က ကျောက်သံပတ္တမြား ခံ၍ စိုက်ပြီး ရွှေရည်ငွေရည် လောင်းသည်။ နွားနို့လှူ၍ အမြစ်ကို လောင်းထည်ရမည်။ အမွှေးတိုင်ထွန်းပေးလျှက် အမွှေးနံ့သာရည် လောင်းကာ ဥပုသ်နေ့၌ တရော်ကင်မွန်းနှင် အရွက်ကို ဆေးကြောသုတ်သင်ရသည်။ ညဉ့်၇-နာရီလောက်တွင် အရွက်အဖျားများမှ ရေပေါက်များ ထွက်လျက် စီးကျပြီး စိုပြေနေတတ်သည်။ အပင်ကို ဂရုစိုက်ပြီး သန့်သန့်ပြ့န်ပြန့် စင်နှင် တင်ထားရန် အရေးကြီးသည်။ နေပူခံရလွန်းလျင် အရွက်များ ခြောက်လိုက်လာမည်။ မည်သည် ဂမုန်းမဆို နေပူမိမှာ ကြောက်ကြသည်။ နံနက်ပိုင်းတွင် နေရောင်ခံ၍ မွန်းတက်ကလွဲလျှင် အရိပ်ရဖို့ အရေးကြီးသည်။ ရေမရလျှင် မသန်စွမ်းတတ်ပါ။ ရေများများလောက်က များများစည်ပင်သည်။