ပြည်ပန်းညို

ဝီကီပီးဒီးယား မှ

Cassia glauca Lam (ပြည်ပန်းညို)[ပြင်ဆင်ရန်]

  • Botany Term : Cassia glauca Lam
  • Species/Family : Caesalpiniaceae


ပုံသဏ္ဌာန် : အပင်-- အပင်ငယ် မျိုး ဖြစ်သည်။ အမြင့် ၁၀ ပေ ကျော် ထိ ရှိ၏။ အကိုင်း အခက် များ၍ တောက်ပြောင် သော အရောင် ရှိသည်။ အရွက်-- ရွက်ပေါင်း ဖြစ်ပြီး ရွက်လွှဲ ထွက်သည်။ ၅ လက်မ ၉ လက်မ ထိ ရှည်သည်။ ရွက်မြွှာ များ ရွက်ဆိုင် ထွက်ပြီး ထိပ်ဝိုင်းသည်။ ရွက်ပြား ချော၍ ရွက်နား ညီသည်။ သေးငယ် သော ရွက်စွယ် ပါရှိသည်။ အပွင့်-- ကြီးသည်။ တောက်ပသော အဝါရောင် ရှိသည်။ ဝါဆို၊ ဝါခေါင်လ တွင် ပွင့်သည်။ အသီး-- သီးတောင့် ရှည်မျိုး ဖြစ်၍ ၆ လက်မ ၈ လက်မ ထိ ရှည်သည်။ ပြား၍ ပါးလှပ်ပြီး ပြောင်ချော သည်။ အစေ့ ၂၀ မှ ၃၀ ထိ ပါရှိသည်။ အသီးညှာ ထင်ရှား သည်။ တော်သလင်း မှ တန်ဆောင်မုန်း လ အတွင်း သီးသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက် မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : ပေါက်ရောက်သည့်ဒေသ-- မြန်မာ နိုင်ငံ အနှံ့ အပြား တွင် ပေါက်ရောက် သည်။ ပေါက်ရောက်ပုံ--သဘာ၀ အလျောက် ပေါက် ရောက်သည်။ အသုံးဝင်ပုံ : အာနိသင်-- မြန်မာ ဆေးကျမ်း များ အလို အရ ပြည်ပန်းညို သည် အေး၏။ အရသာ ဖန်ခါး၏။ ဆီးကို များစေ၍ ညောင်းကျ ရောဂါကို ပျောက်ကင်း စေနိုင်သည်။ အသုံးပြုပုံ-- အရွက်--၁။ အရွက် ကြိတ်ညှစ်ရည် ကို နို့ရည် သကြားတို့နှင့် သောက်လျှင် ဆီးအောင့် ရောဂါ နှင့် ညောင်းကျ ရောဂါ ပျောက်စေ၏။ ၂။ ပြုတ်၍ ပုစွန်ခြောက် ဖြင့် သုပ်စားက လေထိုး လေအောင့် ရောဂါ၊ လေလုံး ရောဂါ၊ အဖျား ရောဂါ ၊ဆီးချို ရောဂါ၊ ညောင်းကျ ရောဂါ ပျောက်၏။ ၃။ အမှုန့် ပြု၍ စားပါက လေရောဂါ၊ အပူရောဂါ၊ ဆီးအောင့် ရောဂါ များ ပျောက်၏။ ၄။ အရွက် ကို ဟင်းချို ချက်သောက် က ပိတ်ဝမ်း ရောဂါ၊ သွေးဝမ်း ရောဂါ၊ လေရောဂါ၊အစာ မကြေ ၊ သည်းခြေ ပျက် ရောဂါ များ ပျောက်၍ အားကို ဖြစ်စေ၏။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. http://arogyamonline.com/commodity/materials/?raw=2[လင့်ခ်သေ]