ပြည်တော်သာ(စစ်တွေ)-ရေချမ်းပြင် ရထားလမ်း

ဝီကီပီးဒီးယား မှ

ပြည်တော်သာ(စစ်တွေ)-ရေချမ်းပြင် ရထားလမ်းသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ ပြေးဆွဲနေသော မီးရထားလမ်းပိုင်းဖြစ်သည်။ လမ်ပိုင်းတွင် ဘူတာရုံ(၇)ရုံ ရှိပြီး (၁၄.၄၆)မိုင် ရှည်လျားသည်။ [၁] လက်ရှိတွင် RBE တွဲဆိုင်းများဖြင့် ပြေးဆွဲနေပြီး ပြည်တော်သာဘူတာမှ စတင်၍ စစ်တွေဘူတာ၊ စစ်တွေတက္ကသိုလ်ဘူတာ၊ ဒါးပိုင်ဘူတာ၊ ဇောပူဂျာဘူတာ၊ မယ်ဇလီကုန်းဘူတာနှင့် ရေချမ်းပြင်ဘူတာများ၌ ဘူတာစဉ်များအလိုက် ရပ်တန့်ပေးနေသည်။ ပြေးဆွဲရာတွင် ပြည်တော်သာဘူတာမှ နံနက်(၇)နာရီတွင် ထွက်ခွာ၍ ရေချမ်းပြင်ဘူတာသို့ နံနက်(၈)နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ ရေချမ်းပြင်ဘူတာမှ နံနက်(၁၀)နာရီတွင် ပြန်လည်ထွက်ခွာ၍ ပြည်တော်သာဘူတာသို့ နံနက်(၁၁)နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး နေ့စဉ်အသွား/အပြန် နှစ်ခေါက်ပြေးဆွဲနေသည်။

ရပ်နားဘူတာများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 4 June 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 June 2023 တွင် ပြန်စစ်ပြီး။