ပြည်ကြီးဝန်

ဝီကီပီးဒီးယား မှ

ပြည်ကြီးဝန်[ပြင်ဆင်ရန်]

ပြည်ကြီးဝန်၏ ရာထူးကိုတိကျသေချာစွာမသိရသေးပါ။ ဘုရင်းမင်းမြတ်တို့ ထီးနန်းစိုးစံခဲ့ဖူးရာ မင်းနပြေည်တော်ဟောင်းများကို အုပ်ချုပ်ကွပ်ကဲရသူ ဖြစ်ဟန်ရှိသည်။

ပြည်ကြီးဝန်ဦးစံပျော်[ပြင်ဆင်ရန်]

ဗဒုံမင်း ( ဘိုးတော်ဘုရား ) လက်ထက် ၁၇၈၄ ခုနှစ်တွင် ရခိုင်ဒေသကိုသိမ်းပိုက်လိုက်သောအခါ ရခိုင်ဓညဝတီ ( မြို့ဟောင်း ) နယ်မှ မင်းနပြေည်တော်အဆင့်မျ လျှော့ကျသွားသည်။ ထိုသို့သိမ်ပိုက်ပြီးစက မဟာမင်းကြီးကျော်စွာဘွဲ့ခံ ဦးစံပျော်ကို ပြည်ကြီးဝန်အရာခန့်အပ်ခဲ့ကြောင်း တွေ့ရှိရသည်။ ဦးစံပျော်သည် နောင်ရတနာပုံခေတ်တွင်ထင်ရှားခဲ့သူ တိုင်းတာမင်းကြီးဦးဖို၏ ဖခင်ဖြစ်သည်။ သို့သော် များမကြာမီ ရခိုင်ဒေသအား ဓညဝတီ၊ ရမ္မာဝတီ၊ ဒွာရာဝတီ၊ မေယဝတီ အဖြစ် ဝတီနယ်စားရပ်သတ်မှတ်လိုက်သောအခါ ဦးစ့ပျော်မှာလည်း ပြည်းကြီးဝန်မဟုတ်တော့ဘဲ ဓညဝတီဝန်ဖြစ်လာခဲ့သည်။

မင်းနေပြည်တော်[ပြင်ဆင်ရန်]

ရတနာသိဃင် ( ရွှေဘို ) သည် ဘိုးတော်ဘုရား ( ဗဒုံမင်း ) လက်ထက်မတိုင်မီပင် မင်းနပြေည်တော်အဖြစ်မှ လျှောကျသွားခဲ့၏။ ဒီပဲယင်းမင်း ( နောင်တော်ကြီး ) ( ၁၇၆၀ - ၁၇၆၃ ) လက်ထက်တွင် ရတနာသိင်္ဃနှင့် စစ်ကိုင်းတို့၌ တစ်လှည့်စီနန်းစိုက်သည်။ မြေဒူးမင်းနှင့် စဉ့်ကူးမင်းတို့က အင်းဝတွင် ထီးနန်းစိုးစံခဲ့သည်။ ထို့နောက်ဘိုးတော်ဘုရား လက်ထက်မှ ဘကြီးတော် ( စစ်ကိုင်းမင်း )လက်ထက် ၁၈၃၇ ခုနှစ်အထိ အင်းဝတွင် ထီးနန်းစိုးစံခဲ့သည်။ တစ်ဖန် သာယာဝတီမင်း ( ၁၈၃၇ - ၁၈၄၆ ) နှင့် ပုဂံမင်း ( ၁၈၄၆ -၁၈၅၂ )တို့က အမရပူရတွင် နန်းစိုက်ကြ၏။ နောက်ဆုံး မင်းတုန်းမင်း လက်ထက် ၁၈၅၉ ခုနှစ်တွင် အမရပူရမှ ရတနာပုံမန္တလေးသို့ ပြောင်းရွှေခဲ့ကြရာ သီပေါမင်းပါတော်မူချိန် ၁၈၈၅ ခုနှစ် အထိဖြစ်သည်။

ပြည်ကြီးဝန်ဦးမော့[ပြင်ဆင်ရန်]

မင်းနပြေည်တော်မှ လျှောကျခဲ့ရသည့် ရတနာသိခင် ( ရွှေဘို ) မြို့တွင် ပြည်ကြီးဝန်အရာခန့်အပ်အုပ်ချုပ်စေခဲ့ရာ စစ်ကိုင်းမင်း (ဘကြီးတော်) လက်ထက် ပြည်ကြီးဝန်အရာခန့်အပ်ခဲ့သူမှာ ဦးမော့ဖြစ်သည်။ ဦးမော့၏ မင်းပေးဘွဲ့အမည်မှာ မင်းကြီးမဟာမင်းခေါင်ဖြစ်၏။ သာယာဝတီမင်းနန်းတက်စ ၁၈၃၇ ခုနှစ်တွင် ဦးမော့အား ပြည်ကြီးဝင်အရာခန့်အပ်ခဲ့သည်။ ၁၈၄၅ ခုနှစ်တွင် ပြည်ကြီးဝင်ဦးမော့ ကွယ်လွန်သွား၏။ ပြည်ကြီးဝင် ဦးမော့၏သား သံတော်ဆင့်မင်းထင်ရာဇာဘွဲ့ခံ ဦးဘိုးအောင်မှာ အဝေးရောက်မင်းဦးအောင်ကြီးနှင့် ခမည်းခမတ်တော်စပ်သူဖြစ်သည်။