ပဲန်မြန်မာ

ဝီကီပီးဒီးယား မှ
ပဲန်မြန်မာ
ဆောင်ပုဒ်လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ရန်နှင့်မြှင့်တင်ရန်၊ သစ်လွင်သောစာပေယဉ်ကျေးမှုတစ်ရပ် ပေါ်ပေါက်စေရန်
ဖွဲ့တည်ချိန်၂၇ နိုဝင်ဘာ ၂၀၁၃ (၂၀၁၃-၁၁-၂၇)
အမျိုးအစားအရပ်ဘက်အဖွဲ့အစည်း
ဌာနချုပ်အမှတ်(၇၁)၊ (၄)လွှာ၊ မြေနီကုန်းဈေးလမ်း၊ စမ်းချောင်းမြို့နယ်ရန်ကုန်မြန်မာနိုင်ငံ[၁]
ဥက္ကဋ္ဌ
ညီပုလေး
ဝက်ဘ်ဆိုဒ်penmyanmar.org


ပဲန်မြန်မာ ဆိုသည်မှာ ကဗျာဆရာများ၊ စာရေးဆရာများ၊ အယ်ဒီတာများနှင့် ထုတ်ဝေသူများ စုစည်းဖွဲ့စည်းထားသော စာပေအနုပညာနှင့်လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပဲန်အင်တာနေရှင်နယ် [၂] ၏ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပဲန်မြန်မာကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်(အမျိုးသားနေ့)တွင် ပထမအကြိမ် ညီလာခံကျင်းပ၍ သတင်းထုတ်ပြန်ချက်(၅/၂၀၁၃)ထုတ်ပြန်၍ တရားဝင်စတင်ဖွဲ့စည်းခဲ့သည်။ [၃] ပဲန်မြန်မာ၏ နှစ်ပတ်လည် ညီလာခံများကို နှစ်စဉ်ကျင်းပခဲ့ပါသည်။ ပဲန်မြန်မာ၏ ပထမအကြိမ် ညီလာခံတွင် ပဲန်မြန်မာ၏ ဥက္ကဋ္ဌအဖြစ် စာရေးဆရာမ မသီတာ(စမ်းချောင်း)က ရွေးကောက်တင်မြောက်ခံခဲ့ရပြီး အတွင်းရေးမှူးအဖြစ် စာရေးဆရာ နေဘုန်းလတ်က ရွေးကောက်တင်မြှောက်ခံခဲ့ရပါသည်။ [၄] ပဲန်မြန်မာ၏ ၂၀၁၃-၂၀၁၆ ဒါရိုက်တာအဖွဲ့သက်တမ်းတွင် ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး အပါအဝင် ဒါရိုက်တာအဖွဲ့ဝင် ၉ ဦးပါဝင်ခဲ့ပါသည်။ ၂၀၁၃-၂၀၁၆ ဒါရိုက်တာအဖွဲ့သက်တမ်းအတွင်းတွင် အတွင်းရေးမှူး၊ နေဘုန်းလတ်သည် ၂၀၁၅ ခုနှစ် မြန်မာ့အထွေထွေရွေး​ကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခံခဲ့သောကြောင့် ပဲန်မြန်မာ၏ ဒါရိုက်တာအဖွဲ့အဖြစ်မှလည်းကောင်း၊ အတွင်းရေးမှူးအဖြစ်မှလည်းကောင်း အနားယူခဲ့ပါသည်။ ထိုကာလအတွင်း ဒါရိုက်တာအဖွဲ့ဝင် ကဗျာဆရာ စောဝေက ယာယီအတွင်းရေးမှူးအဖြစ် တာဝန် ယူခဲ့ပါသည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင်ပြုလုပ်ခဲ့သည့် ပဲန်မြန်မာ၏ နှစ်ပတ်လည်ညီလာခံတွင် ၂၀၁၆ - ၂၀၁၉ ဒါရိုက်တာအဖွဲ့သက်တမ်းတွင် ပြန်လည်ရွေးကောက်ခဲ့ရာတွင် ပဲန်မြန်မာ၏ ဥက္ကဋ္ဌအဖြစ် အယ်ဒီတာ မျိုးမြင့်ညိမ်းက ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး အတွင်းရေးမှူးအဖြစ် စာရေးဆရာ၊ အယ်ဒီတာ ဟန်ဇော်/ဟန်ဆန်းက ရွေးကာက်တင်မြှောက်ခံခဲ့ရပါသည်။ ၂၀၁၆-၂၀၁၉ ဒါရိုက်တာအဖွဲ့သက်တမ်းတွင် ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးအပါအဝင် ဒါရိုက်တာအဖွဲ့ဝင် ၉ ဦး ပါဝင်ပါသည်။


၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ၊ (၂၈) ရက်နေ့တွင် ကျင်းပသော ပဲန်မြန်မာ ဆဋ္ဌမအကြိမ် နှစ်ပတ်လည် အထွေထွေညီလာခံတွင် ဒါရိုက်တာအဖွဲ့ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ စာရေးဆရာ ညီပုလေး က ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ စာရေးဆရာ မြေမှုန်လွင်က အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ စာရေးဆရာ ဟန်ဇော်/ဟန်ဆန်းက ဘဏ္ဍာရေးမှူးအဖြစ်လည်းကောင်း၊ စာရေးဆရာမ မိချမ်းဝေ၊ ဆရာ စောဝေ၊ ဆရာမ ချောအိမာန် (မန္တလေး)၊ ဆရာ သီဟသွေး၊ ဆရာမ နန်းကြာဖြူ (ဘားအံ)၊ ဆရာ သူရဿဝါ တို့က ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည်။[၅]

ဥက္ကဋ္ဌ[ပြင်ဆင်ရန်]

ပဲန်မြန်မာဥက္ကဋ္ဌများ
မသီတာ စမ်းချောင်း ဒီဇင်ဘာ၊ ၂၀၁၃ – ဒီဇင်ဘာ၊ ၂၀၁၆
မျိုးမြင့်ညိမ်း ဒီဇင်ဘာ၊ ၂၀၁၆ - ၂၇၊ ဒီဇင်ဘာ၊ ၂၀၁၉
ညီပုလေး ၂၈၊ ဒီဇင်ဘာ၊ ၂၀၁၉ - ယနေ့အထိ

ကိုးကား[ပြင်ဆင်ရန်]

  1. "မော်ကွန်းတင်ပြီးမိတ္တူ"။ 18 December 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 28 October 2008။ 
  2. "မော်ကွန်းတင်ပြီးမိတ္တူ"။ 18 December 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 28 October 2008။ 
  3. "မော်ကွန်းတင်ပြီးမိတ္တူ"။ 18 December 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 28 October 2008။ 
  4. "မော်ကွန်းတင်ပြီးမိတ္တူ"။ 12 May 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 31 January 2018။ 
  5. မော်ကွန်းတင်ပြီးမိတ္တူ။ 21 January 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 May 2020 တွင် ပြန်စစ်ပြီး။

| ပဲန်မြန်မာ၏ တရားဝင်ဝက်ဘ်ဆိုဒ် Archived 27 April 2018 at the Wayback Machine. | ပဲန်အင်တာနေရှင်နယ်၏ တရားဝင်ဝက်ဘ်ဆိုဒ် Archived 4 May 2018 at the Wayback Machine. | မြန်မာတိုင်းသတင်းစာ[လင့်ခ်သေ]