ပေါက်ပန်းဖြူ

ဝီကီပီးဒီးယား မှ
Sesbania grandiflora
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Fabales
မျိုးရင်း: Fabaceae
မျိုးရင်းသေး: Faboideae
မျိုးဇာတ်: Sesbanieae
မျိုးစု: Sesbania
မျိုးစိတ်:
S. grandiflora
ဒွိနာမ
Sesbania grandiflora
(L.) Poiret
Synonyms
  • Aeschynomene coccinea L.f.
  • Aeschynomene grandiflora (L.) L.
  • Agati coccinea (L.f.) Desv.
  • Agati grandiflora (L.) Desv.
  • Agati grandiflora var. albiflora Wight & Arn.
  • Agati grandiflora var. coccinea (L.f.) Wight & Arn.
  • Coronilla coccinea (L.f.) Willd.
  • Coronilla grandiflora (L.) Willd.
  • Coronilla grandiflora Boiss.
  • Dolichos arborescens G. Don
  • Dolichos arboreus Forssk.
  • Emerus grandiflorus (L.) Kuntze
  • Resupinaria grandiflora (L.) Raf.
  • Robinia grandiflora L.
  • Sesban coccinea (L.f.) Poir.
  • Sesban grandiflora (L.) Poir. [Spelling variant]
  • Sesban grandiflorus (L.) Poir.
  • Sesbania coccinea (L.f.) Pers. [၁]

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

ပင်လတ်မျိုးဖြစ်၍ အကိုင်းအခက်များပြားသည်။ အရွက်မှာ ရွက်ပေါင်း ဖြစ်ပြီး ရွက်ရင်းနှင့်ရွက်ထိပ်ဝိုင်းသည်။ ပန်းတစ်ခိုင်လျှင် အပွင့်နှစ် ပွင့်မှ လေးပွင့်အထိ ရှိသည်။ အပွင့် မှာ အဖြူရောင် ဖြစ်သည်။ အသီးမှာ အတောင့်ရှည်ဖြစ်ပြီး အစေ့များစွာ ပါရှိသည်။ အစေ့တွင် အတောင်ပံပါ ရှိသည်။

မြန်မာ့စားစရာ တို့စရာများထဲမှ ပေါက်ပန်းဖြူ
Flowers of S. grandiflora

အပင်[ပြင်ဆင်ရန်]

သစ်ပျော့ပင်မျိုး ဖြစ်၍ ပေ၂၀ မှ ၃၀ အထိ မြင့်သည်။ အကိုင်း အခက်များစွာ ဖြာသည်။

အရွက်[ပြင်ဆင်ရန်]

ရွက်လွှဲ ထွက်သည်။ ငှက်မွှေး ရွက်ပေါင်း ဖြစ်သည် ။၆ လက်မမှ ၁ ပေ အထိ ရှည်၍ ရွက်မြွှာ များ ၂၀-၄၀ စုံ အထိ ပါရှိသည်။ ရှည်မျောမျော ပုံသဏ္ဌာန် ရှိပြီး ရွက်ရင်း ရွက်ထိပ် ဝိုင်းသည်။ ရွက်ပြား ပြောင်ချော၍ အနား ညီသည်။

အပွင့်[ပြင်ဆင်ရန်]

အဖြူရောင် ရှိသည်။ ကြားထွက် ပန်းခိုင် ဖြစ်သည်။ တစ်ခိုင် တွင် အပွင့် ၂ ပွင့်မှ ၄ ပွင့် အထိ ပါရှိသည်။ ဝါခေါင် ၊ တော်သလင်း လတွင် ပွင့်သည်။ (ပေါက်ပန်းနီ မျိုးလည်း ရှိ၍ နှစ်မျိုးလုံး ဆေးဖက် ဝင်သည်။)

အသီး[ပြင်ဆင်ရန်]

အသီး တောင့်ရှည် ဖြစ်သည်။ တွဲလျားကျနေသည့် သီးတောင့် တစ်ခုတွင် အစေ့များစွာ ပါရှိ၏ ။ နတ်တော်လမှ တပို့တွဲလအတွင်းအသီး ရင့်သည်။

တွေ့နိုင်သောနေရာများ[ပြင်ဆင်ရန်]

မြန်မာ နိုင်ငံ ဒေသအများ အပြား ၌ ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက်သည်။ ဟင်းလျာ အဖြစ်လည်း စိုက်ပျိုး ကြသည်။

အသုံးဝင်ပုံ[ပြင်ဆင်ရန်]

အာနိသင်[ပြင်ဆင်ရန်]

မြန်မာ့ ဆေးကျမ်း များအလိုအရ ပေါက်ပန်းဖြူ ပင်သည် အေး၏ ။ လေကိုပွား စေ၏ ၊ ခါးသက်သက် ရှိ၏ ၊ သည်းခြေ ရောဂါ ၊ သလိပ်ရောဂါ ၊ နှာရည်ယိုခြင်း ရောဂါတို့ကို ၃ ရက်ခြား ဖျား ၊ ကြက်မျက်သင့် ခြင်း တို့ကို ပျောက်စေ၏။ အရွက်သည် စပ်၏ ၊ ချို၏ ၊ ခါးသက်သက် ရှိ၏ ၊ သွေးကို ကြည်လင် စေ၏ ။

အပွင့်[ပြင်ဆင်ရန်]

  • ပေါက်ပန်းဖြူ ပွင့်ကို အရည်ညှစ် ၍ မျက်စိ၌ ခတ်ပေးသော် မျက်စိမှုန်ခြင်း ၊ မျက်စိဝေခြင်း ပျောက်၏ ။
  • ပေါက်ပန်းဖြူ မြစ်ကို ရေနှင့်ကြိတ်၍ မီးဖြင့် နွှေးပြီး အဆစ်အဆက် ရောင်သော နေရာများတွင် လိမ်းပေးသော်ပျောက်၏ ။
  • အပွင့် သို့မဟုတ် အရွက် ကို အရည်ညှစ်ယူ၍ ခေါင်း မကိုက်သော တဖက်ရှိ နှာခေါင်း မှ ရှူပါက ခေါင်း တခြမ်း ကိုက်ရောဂါ ပျောက်၏ ။
  • ပေါက်ပန်းဖြူ ပွင့်ကို ပြုတ်၍ စားပါက ကြက်မျက်စိ သင့် ရောဂါ ပျောက်၏ ။

အရွက်[ပြင်ဆင်ရန်]

  • အရွက်ကို အရည်ညှစ်၍ ချင်းခြောက် ၊ ပိတ်ချင်း ကြံသကာ တို့နှင့် ဆတူရော၍ ရှူပေးပါက စိတ်ဖောက် ပြန် ပျံ့လွင့်သော ရောဂါ ပျောက်၏ ။
  • တုပ်ကွေးဖျား သို့မဟုတ် အဖျား ရိုးရိုးဖြစ် လျှင် ပေါက်ပန်းဖြူ ရွက်ကို ကြက်သွန်နီနိုင်နိုင် နှင့် ကြော်စားပါက ပျောက်၏ ။
  • ပေါက်ပန်းဖြူ ရွက်ရည်နှင့် ကျီးနီသီး ဆံကို ရောစားပါက ပန်းသေရောဂါ ပျောက်၏ ။
  • ပေါက်ပန်းဖြူ ရွက်နှင့် ငရုတ်ကောင်း ကို နွားကျင်ငယ် ရည်နှင့် ကြိတ်ရှူသော် ဝက်ရူးနာ ပျောက်၏ ။

ကိုးကား[ပြင်ဆင်ရန်]

  1. Sesbania grandiflora (L.) Pers. — The Plant List။ 12 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 November 2021 တွင် ပြန်စစ်ပြီး။