ပူ ရာဏ်ဓမ္မဂန်ဖတ်စာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ပူ ရာဏ်ဓမ္မဂန်ဖတ်စာကို ကျီးသဲလေးထပ်ဆရာတော် ရှင်မုနိန္ဒာဘိဇေ (မြန်မာ ၁၁၇၉ - ၁၂၅၆)က ရေးသားခဲ့သည်။
(ပူ ရာဏ်ဓမ္မဂန်ဖတ်စာကျမ်းမှ နှုတ်ကျက်ဆောင်ရန်အတွက် ဥပဒေသအဖြစ်ဖြင့် အချုပ်ရေးသားပါရှိသော ကဗျာ)

၁။ သားလည်းမသီး၊ သမီးမရ၊ အိုရွယ်ကျသော်၊ ဒုက္ခချင့်မှာ၊ မဖုံးလား။

၂။ သန်လျက်ဖြစ်ငြား၊ မသွေးထားသော်၊ ချင့်ဓားလိုခါ၊ မတုံးလား။

၃။ ဓမ္မသတ်တရား၊ မသင်ငြားသော်၊ စကားဆိုခါ၊ မရှုံးလား။

၄။ ငယ်ကပျော်လွန်၊ ကျမ်းဂန်တရား၊ မသင်ငြားသော်၊ မင်းပါးစိုးခွင်၊ မဝင်နိုင်ဘဲ၊ ဆင်းရဲဖန်တောင်း၊ မကောင်းသက်မွေး၊ မယဉ်ကျေးသည့်၊ လူရေးလူစ၊ မတုံးလား။

၅။ မိဘသဘင်၊ ပွဲတွင်မတည်၊ ကုန်စည်မသွား၊ လူ့ငနွား၊ မယားချင့်ကို၊ မမုန်းလား။

၆။ မင်းစေလုပ်ငြား၊ လျင်ဖြတ်စားသည်၊ ယောက်ျားလူလေ၊ လူငမွှေကို၊ ရွာနေသူများ၊ မမုန်းလား။

၇။ ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားကို၊ မသွားနေ့တိုင်း၊ ကျောင်းကန်ရိုင်းသော်၊ နေ့တိုင်းနားယဉ်ထုတ်။

၈။ နားယဉ်ထုတ်လျက်၊ ဆိုနိုင်ခက်သော်၊ လက်နင့်ပျင်းပိုးထုတ်။

၉။ တစ်ကျောင်းထွက်ဝင်၊ ကျောင်းစဉ်လည်လှည့်၊ တပည့်မည်ကာ၊ လူ့ဗာလာကား၊ ဆရာမြတ်ကို၊ မချစ်ရာ။

၁၀။ နံနက်ညခါ၊ သေစာစောင်းငြင်း၊ သီချင်းတလိုက်၊ ကြက်တိုက်အန်ခက်၊ လည်ပတ်သွားများ၊ ထိုယောက်ျားကား၊ ဥစ္စာများကို မချစ်ရာ။

၁၁။ ကိုယ်တွင်ရောဂါ၊ ကပ်ခဲ့လာ၊ အနာမရင့်ပါစေနှင့်၊ အနာရင့်က၊ သက်နှင့်တမျှ၊ ရှိတတ်စွ။

၁၂။ ပညာရှိလည်း၊ သတိမလျော့ပါစေနှင့်၊ သတိလျော့လျက်၊ အကြံပျက်သော်၊ ကိုသတ်ခဏ၊ ယုတ်တတ်စွ။

၁၃။ နှုတ်မှုလက်မှု၊ စုစုအတတ်၊ အရပ်ရပ်ကို၊ မှတ်လေလူများ၊ အမျိုးသားတို့၊ မှတ်သားနိုင်က၊ ချမ်းသာရလိမ့်၊ ဆုံးမပေရာ၊ လူလိမ္မာတို့၊ နည်းနာစကား၊ ကြားဖန်များက၊ ကြီးပွားပညာ၊ ထင်ရှားရာသည်၊ လူ့ရွာကျော်ကျော်သဲသဲတည်း။

ကိုးကား[ပြင်ဆင်ရန်]

[၁]

  1. (စက်တင်ဘာလ ၁၉၉၂) ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ ဆုံးမစာများ, ဒုတိယအကြိမ်, အခြခံပညာ ဦးစီးဌာန, ၁၃၁။