မာတိကာသို့ ခုန်သွားရန်

ပုံသွန်းခြင်း

ဝီကီပီးဒီးယား မှ

ပုံသွန်းခြင်း သည် အရည်ကိုဖြစ်စေ၊ ပုံပြောင်းနိုင်သော ရုပ်သတ္ထုအကြမ်းထည်ကိုဖြစ်စေ ပုံသွန်းခွက် (မို လည်းခေါ်) ဘောင်ခိုင်ခိုင်တွင်ထည့်ကာ ပုံသွန်းသည့် ထုတ်လုပ်မှုလုပ်ငန်းစဉ်တခုဖြစ်သည်။ ပုံသွန်းခွက်ရရန်မူ နောက်ဆုံးလိုချင်သောပုံစံ၏ မော်ဒယ် သို့ ပတ္တံမှ လုပ်ယူသည်။

ပုံသွန်းခွက်သည် ဝမ်းခေါင်းပါသော ဘလောက်တုံးဖြစ်ပြီး ၎င်းအတွင်းသို့ ပလတ်စတစ်၊ မှန်၊ သတ္တု၊ ကြွေ စသော ရုပ်သတ္ထုအကြမ်းထည်များကိုဖြစ်စေ၊ အရည်ကိုဖြစ်စေ ဖြည့်ရသည်။ အရည်သည် ပုံသွန်းခွက်အတွင်း ခဲကာ ဝမ်းခေါင်းရှိပုံအတိုင်း ပေါ်လာသည်။ ပုံသွန်းခွက်သည် ရုပ်လုံး၏ ပဋိရူပဖြစ်သည်။ အသုံးများသော ပုံသွန်းနည်းမှာ ပုံသွန်းခွက်နှစ်ပိုင်းကို ကပ်၍ ပုံသွန်းပြီး ရုပ်လုံးပေါ်မှ ခွက်ကိုခွါကာ ထုတ်ယူခြင်းတည်း။