ပုံရိပ်သခြင်း

ဝီကီပီးဒီးယား မှ

လျှပ်စစ်အင်ဂျင်နီယာပညာရပ်နှင့် ကွန်ပျူတာသိပ္ပံပညာရပ်များတွင် ပုံရိပ်သခြင်း (image processing) ဟူသည်မှာ အသွင်း (input) အနေဖြင့် ဓာတ်ပုံ သို့မဟုတ် ဗွီဒီယိုဖရိမ် (video frame) တစ်ခုခုကို ထည့်သွင်းပေးပြီးနောက် အထုတ် (output) အနေဖြင့် ပုံရိပ် (image) သို့မဟုတ် ပုံရိပ်နှင့်စပ်ဆိုင်သော ဂုဏ်ရည်ပြကိန်း သို့မဟုတ် တိုင်းတာကိန်း (parameter) များကို ထုတ်လုပ်ရယူသော ဆစ်ဂနယ်သခြင်း (signal processing) အတတ်ပညာတစ်မျိုး ဖြစ်သည်။ ပုံရိပ်သခြင်း အများစုမှာ အသွင်းပုံရိပ် (input image) အဖြစ် ယင်းပုံရိပ်၏ အချက်ပြလှိုင်း (signal) ဖြစ်သော တူးဒီဆစ်ဂနယ် (two-dimensional signal) ကို မူတည်ထား၍ ဆစ်ဂနယ်သခြင်း နည်းလမ်းများဖြင့် မိမိအလိုရှိရာ သို့မဟုတ် အသုံးတည့်မည့် ပုံအသွင်တစ်ခုခုကို ရရှိလာအောင် ပြုပြင်ဖန်တီးခြင်း ဖြစ်သည်။

ပုံရိပ်သခြင်း ဟု ပြောဆိုလျှင် သာမန်အားဖြင့် ဒစ်ဂျစ်တယ်ပုံရိပ်သခြင်း (digital image processing) ဟု နားလည်ထားရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပုံရိပ်သခြင်းသည် အများအားဖြင့် ဒစ်ဂျစ်တယ်ပုံရိပ်များကိုသာ ပြုပြင်လေ့ရှိသောကြောင့်တည်း။ သို့သော်လည်း တစ်ခါတရံတွင် အလင်းအင်ဂျင်နီယာ (Optical engineering) ပညာရပ်နှင့် အင်နာလော့ပုံရိပ်သခြင်း (analog image processing) များကိုလည်း ရည်ညွှန်းလေ့ရှိသည်။ ယခုဆောင်းပါးတွင် ဖွင့်ဆိုထားသော ပုံရိပ်သခြင်း ပညာရပ်တွင် ပုံရိပ်များကို ပုံရိပ်သခြင်း နည်းလမ်းများစွာ ရှိသည့်အနက် နည်းလမ်းတစ်ခုခုဖြင့် ပြုပြင်ခြင်းကိုသာ ရည်ညွှန်းပြီး ပုံရိပ်ဖမ်းယူခြင်း (image acquisition) ကိုမူ ပုံရိပ်သိပ္ပံပညာ (Imaging science or Imaging) တွင်သာ ထည့်သွင်း သတ်မှတ်ခေါ်ဝေါ် သုံးနှုန်းသည်။

လေ့လာရန်စာအုပ်အညွှန်း[ပြင်ဆင်ရန်]

အကယ်၍ ပုံရိပ်သဖြင်း အတတ်ပညာကို လေ့လာလိုက်စား လိုပါက အောက်ပါ စာအုပ်များကို ဖတ်ရှုလေ့လာနိုင်သည်။

  • Tinku Acharya and Ajoy K. Ray (2005)။ Image Processing - Principles and Applications။ Wiley InterScience။
  • Wilhelm Burger and Mark J. Burge (2007)။ Digital Image Processing: An Algorithmic Approach Using JavaSpringerISBN 1846283795 and ISBN 3540309403 |isbn= တန်ဖိုး invalid character စစ်ဆေးရန် (အကူအညီ)။ 17 May 2014 တွင် မူရင်း အား မော်ကွန်းတင်ပြီး17 November 2011 တွင် ပြန်စစ်ပြီး
  • R. Fisher, K Dawson-Howe, A. Fitzgibbon, C. Robertson, E. Trucco (2005)။ Dictionary of Computer Vision and Image Processing။ John Wiley။ ISBN 0-470-01526-8CS1 maint: multiple names: authors list (link)
  • Bernd Jähne (2002)။ Digital Image Processing။ Springer။ ISBN 3-540-67754-2
  • Tim Morris (2004)။ Computer Vision and Image Processing။ Palgrave Macmillan။ ISBN 0-333-99451-5
  • Milan Sonka, Vaclav Hlavac and Roger Boyle (1999)။ Image Processing, Analysis, and Machine Vision။ PWS Publishing။ ISBN 0-534-95393-X

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]