ပုံနှိပ်စာလုံး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Metal movable type.jpg

ပုံနှိပ်ရန်အတွက် သစ်သားတုံးပေါ်၌ဖြစ်စေ၊ သတ္တုတုံးပေါ်၌ဖြစ်စေ ဖောင်းကြွနေသော စာလုံးပုံ၊ သို့မဟုတ် ရုပ်ပုံဖော်ထားသည်ကို ပုံနှိပ်စာလုံးဟု ခေါ်သည်။ ပုံနှိပ်စာလုံးများဖြင့် ပုံနှိပ်သည့်အ တတ်သည် ခရစ် ၁၄ဝဝ ပြည့်နှစ်လွန် နှစ်များတွင် စတင်ပေါ်ပေါက်လာခဲ့သည်။ ပုံနှိပ်စာလုံးများ မပေါ်သေး သည့်အချိန်ကမူ ပုံနှိပ်သမားများသည် မိမိတို့ပုံနှိပ်လိုသော စာလုံးများကို သစ်သားပေါ်တွင် ထွင်းယူကြရ၏။ ယင်းသို့ထွင်းရာ၌လည်း စာတစ်မျက်နှာလုံးကို သစ်သားတစ်တုံးတည်းပေါ်တွင် အကုန်ထွင်းကြရလေသည်။ သတ္တုဖြင့် တစ်ခုချင်းသွန်းလုပ်သော ပုံနှိပ်စာလုံးများမှာ နောက်မှပေါ်ပေါက်လာကြသည်။ ယခုသော် ပုံနှိပ်လုပ်ငန်းသမားတို့သည် အဆိုပါ ပုံနှိပ်စာလုံးများကို ပုံနှိပ်စာလုံးလုပ် စက်များမှ အလွယ်တကူပင် လိုသလောက် ဝယ်ယူနိုင်ကြပေပြီ။ ယခုခေတ်တွင် ပိုစတာ ကြော်ငြာများအတွက် အရွယ်အကြီးစား စာလုံးများကိုသာ သစ်တုံးပေါ်၌ ထွင်းယူတတ်ကြ သည်မှလွဲ၍ အားလုံးပင် သတ္တုဖြင့် သွန်းလုပ်ထားသော ပုံနှိပ်စာလုံးကို သုံးကြသည်။ အသုံးပြုသောသတ္တုမှာ စာလုံး အသေးများအတွက် ခနောက်စိမ်း ၉ ရာခိုင်နှုန်း၊ ခဲ ရ၂ ရာခိုင်နှုန်း ရောစပ်၍ သုံးလိုင်း။ ခြောက်လိုင်း၊ ကိုးလိုင်းစသော စာလုံးကြီးများ အတွက် ခနောက်စိမ်း ၂၄ ရာခိုင်နှုန်း၊ သံဖြူ ၁၂ ရာခိုင်နှုန်း၊ ကြေးနီ ၅ ရာခိုင်နှုန်းနှင့် ခဲ ၅၉ ရာခိုင်နှုန်းရော စပ်သည်။ ယင်းသတ္တုစပ်တွင် ခဲအများဆုံးထည့်၍ ပြုလုပ်ရသည့်အတွက်ပင် ပုံနှိပ်စာလုံးများကို မြန်မာနိုင်ငံ၌ ခဲစာလုံးဟု ခေါ်တွင်ကြခြင်း ဖြစ်လေသည်။ ပုံနှိပ်စာလုံးလုပ်သော သတ္တုစပ်၏ထူးခြားသော ဂုဏ်သတ္တိများမှာ ပုံသွန်းခွက်ထဲသို့အရည်ကျို၍ လောင်းထည့်လျှင် အေးပြီးခဲ၍သွားချိန်၌အနည်းငယ်ကျုံ့ဝင်သော်လည်း၊ အခြားသတ္တုစပ်များလောက် ကျုံ့ဝင်ခြင်း မရှိချေ။ လေ၊ ရေ၊ မင်၊ ဆီ၊ ဆပ်ပြာ စသည်တို့နှင့် အမြဲတမ်း ထိ တွေ့နေရသော်လည်း၊ ထိခိုက်ပျက်စီးခြင်း နည်း၍ ခံနိုင်ရည်ရှိသည်။ ခဲစာလုံးပြုလုပ်ထားသော ခဲတုံးမှာ တရိဂံပုံ ခပ်လျားလျားဖြစ်၍၊ စာလုံးဖော်ထားသည့် ဖက်ကို မျက် နှာစာဟု ခေါ်သည်။ ခဲတုံး၏ကိုယ်တွင် ကန့်လန့်ဖြတ် ပျော့ကြောင်းကလေးများပါ၍ ယင်းပျော့ကြောင်း ကလေးကို လက်နှင့်စမ်းသပ်ခြင်းဖြင့် မည်သည့် ဖက်က အတည့်ဖြစ်သည့်ကို စာစီသမားသည် အလွယ် တကူသိနိုင်သည်။ အင်္ဂလိပ်နှင့် အမေရိကန်စာလုံးများတွင် ရှေ့ဖက်၌ ပျော့ကြောင်းဖော်ပေးထားသော်လည်း ပြင်သစ်ပုံနှိပ်စာလုံးများ၌မူ ပျော့ကြောင်းသည် ကျောဖက်၌ပါရှိ၏။ ခဲတုံး၏ အောက်ခံမျက်နှာတွင်လည်း၊ အောက်ခြေမြဲစေရန် အလယ်၌ ချိုင့်ထွင်းပေးထားတတ်သည်။ ပုံနှိပ်စာလုံးများသည် စာလုံးပုံကို လိုက်၍ အရွယ်အစားစား ရှိသော်လည်း၊ ပုံနှိပ်ရာတွင် တညီတညာတည်း ထင်စေရန် အမြင့်ချင်းတူညီရသည်။ အမြင့်မှာ ၏၉၁၈ လက်မဖြစ်၏။ ပုံနှိပ်စာလုံးများ သွန်းလုပ်ရန်အတွက်၊ ဦးစွာ ပထမမူရင်း စာလုံးပုံစံများ ရှိထားရသည်။ ထိုစာလုံးပုံစံ များကို သံမဏိဖြင့် လုပ်ကြရ၍၊ ယင်းကို ကြေးနီ၊ သို့မဟုတ် ကြေးဝါတုံး ပျော့ပျော့ပေါ် ခတ်နှိပ်ပေးသော အခါ၊ ပုံသွန်းခွက်ဖြစ်လာသည်။ ဤပုံသွန်းခွက်များတွင် ယခင်ဖော်ပြခဲ့သော သတ္တုစပ်ကို အရည်ကျို၍ လောင်းထည့်ပေးခြင်းဖြင့် ပုံနှိပ်စာလုံးများကို အကြိမ်ကြိမ် သွန်းလုပ်နိုင်ပေသည်။ ယခင်က ပုံနှိပ်စာလုံးများကို လက်နှင့်သာ ပုံသွန်းခဲ့ကြရ၏။ ယခုမူ စာလုံးပုံသွန်းစက်များ ပေါ်ပေါက်လာပြီဖြစ်ရာ၊ ထိုစက်များဖြင့် တစ်မိနစ်လှျင် ပုံနှိပ်စာလုံးပေါင်း ၁၅ဝ မျှကို သွန်းလုပ်ပေးနိုင်လေသည်။ သာမန်အားဖြင့် ပုံနှိပ်စာလုံးများကို လက်ဖြင့်စီကြရ၏။ ထိုကဲ့သို့ လက်စီပုံနှိပ်တိုက်တွင် အက္ခရာ များနှင့်တကွ ဂဏန်းများ၊ အခြား အမှတ်လက္ခဏာများ အစုံပါသည့် ပုံနှိပ်စာလုံးတစ်စုံကို …ဖောင့် ဟုခေါ်၍၊ ယင်းတို့ကို အပေါ်ခွက်၊ အောက်ခွက်ဟု နှစ်ခွက်ခွဲကာသီးခြားအံက လေးများဖြင့် ထည့်ထားသည်။ စာလုံးတစ်စုံတွင်အသုံးနည်းသည့် စာလုံးထက် အသုံးများသည့် စာလုံးကအရေအတွက်များ၏။ လိုင်နိုတိုက်ခေါ် တစ်ကြောင်း ချင်းစီပေးသည့် စာစီစက်နှင့် မိုနိုတိုက်ခေါ် တစ်လုံးချင်း စီပေးသည့် စာစီစက်များ ပေါ်ပေါက်လာပြီးသည့် နောက်တွင်ကား၊ ပုံနှိပ်တိုက်ကလေးများမှလွဲ၍ ခေတ်မှီပုံနှိပ်တိုက်ကြီးများ အားလုံးလိုလို၌ပင် ယင်းသို့သော စာစီစက်များ ပေါ်ပေါက်လာပြီးသည့်နောက်တွင်ကား၊ ပုံနှိပ်တိုက်ကလေးများမှလွဲ၍ ခေတ်မှီ ပုံနှိပ်တိုက်ကြီးများ အားလုံးလိုလို၌ပင် ယင်းသို့သော စာစီစက်များကို အသုံးများလာကြပေပြီ။ ပုံနှိပ်စာလုံးများတွင် အရွယ်အမျိုးမျိုးရှိသည်။ ထိုအရွယ်များကို ယခင်က သီးခြားအမည်များဖြင့် မှည့်ခေါ်ကြ သော်လည်း၊ ယခုအခါ တိကျသေချာသော ပွိုင့်စနစ်ဖြင့် ပြုလုပ်မှည့်ခေါ်ကြသည်။ ပွိုင့်တစ်ခုသည် ၁…၇၂လက်မနှင့် ညီမှျ၏။ အင်္ဂလိပ်စာလုံးများတွင် ပိုက္ကား(၁၂ပွိုင့်)၊ စမောပိုက္ကား ( ၁၁ပွိုင့် ) နှင့် လောင်း ပရိုင်မာ ( ၁ဝပွိုင့် )အရွယ် စာလုံးများကို အသုံးများကြသည်။ ၉ ပွိုင့်၊ ၈ ပွိုင့် အစရှိသည်ဖြင့် ၅ ပွိုင့်အထိ သေးငယ်သော အရွယ်များလည်း ရှိသေး၍၊ ၁၂ ပွိုင့်ထက် ကြီးသောအရွယ်များမှာ ၁၄ ပွိုင့်၊ ၁၆ ပွိုင့်၊ ၁၈ ပွိုင့်၊ ၂၄ ပွိုင့်၊ ပွိုင့် ၃ဝ၊ ၃၆ ပွိုင့်တို့ ဖြစ်ကြသည်။ ကြော်ငြာများ သတင်းစာခေါင်းစည်းများအတွက် ဖြစ်မူ၊ ၉၆ ပွိုင့်မှ ၁၄၄ ပွိုင့် အထိကြီးသော အရွယ်များကိုပင် အသုံးပြုတတ်ကြလေသည်။ မြန်မာစာလုံးများတွင် ကား ဂရိတ်ပရိုင်မာခေါ် ၁၈ ပွိုင့်နီးပါးရှိသည့် အရွယ်ကို သာမန်အားဖြင့်၊ အသုံးများကြ၍၊ ထိုထက်ငယ် သောအရွယ်များကို ၁၄ ပွိုင့်၊ ပိုက္ကား (၁၂ ပွိုင့် ) ဟုခွဲထားသည်။ ဂရိတ်ပိုင်မာထက်ကြီးသော အရွယ်များမှာ ၁၈ ပွိုင့်၊ ၂ လိုင်း၊ ၃ လိုင်း၊ ၆ လိုင်း၊ ၉ လိုင်းနှင့် ၁၂ လိုင်းတို့ ဖြစ်ကြ၏။ ဤနေရာ၌ ၂ လိုင်းဟူ သည်မှာ ပိုက္ကား ၂ ကြောင်းစာဟု ဆိုလိုသဖြင့် ၂၄ ပွိုင့်နှင့် ညီမျှ၍၊ ၃ လိုင်း၊ ၆ လိုင်း စသည်တို့မှာလည်း ဤသဘောပင် ဖြစ်လေသည်။ တစ်ဖန် မြန်မာစာလုံးများတွင် ပွိုင့်ချင်းတူသော်လည်း မျက်နှာအထူ၊ အပါးကွဲ ပြားတတ်၍၊ ယင်းတို့ကို မျက်နှာရိုးရိုး၊ သို့မဟုတ် မျက်နှာအဖြူ၊ မျက်နှာထူ၊ သို့မဟုတ် မျက်နှာမဲ စသည် ဖြင့်ခွဲခြားထားလေသည်။ ပုံနှိပ်စာလုံးများသည် အရွယ်အစားစားသာမက ပုံစံအမျိုးမျိုးလည်း ရှိသည်။ အင်္ဂလိပ်ပုံနှိပ်စာလုံး များတွင် ရှေးခေတ် ရောမစာလုံးပုံ၊ ခေတ်သစ် ရောမစာလုံးပုံ၊ အီတဲလစ်ခေါ် စာလုံးစောင်းပုံမျိုး စသည်ဖြင့် အမျိုးမျိုးရှိ၏။ မြန်မာစာလုံးများတွင်ကား၊ စာလုံးအတည့်မျိုးမှလွဲ၍၊ စာလုံးစောင်းပုံမျိုး သီးခြားမပေါ်ပေါက် သေးချေ။ ၆ လိုင်း၊ ၉ လိုင်းစသော အရွယ်အကြီးစား စာလုံးများတွင်မူ ရိုးရိုးမျက်နှာဝိုင်းမျိုးအပြင်၊ မျက်နှာ ရှည်၊ သို့မဟုတ် အပြားပုံဟူ၍ နောက်တစ်မျိုးခွဲခြားထားလေသည်။ ပုံနှိပ်လုပ်ငန်းတွင် စာလုံးများကို တစ်လုံးချင်း ကောက်စီ၍ ရိုက်နှိပ်ရုံမှျနှင့် မပြီးသေးချေ။ ပုံနှိပ်စာလုံး စီစဉ်နည်းအတတ်ကိုလည်း နားလည်တတ်ကွျမ်းရန် အရေးကြီး ပေသည်။ ဤအတတ်တွင် ပုံနှိပ်ရမည့် စာအုပ် စာတမ်းတစ်ခုအတွက် သင့်တော်သော အရွယ်နှင့်ပုံစံရှိသည့် စာလုံးများကို ရွေးချယ်တတ်ခြင်း၊ အမြင်ရှင်း၍ ဖတ်ချင်းစဖွယ်ဖြစ်အောင် အနေအထားများကို စီစဉ်တတ်ခြင်း စသည်တို့ပါဝင်သည်။ အချို့နိုင်ငံများတွင် ကုန်တိုက်၊ အလုပ်တိုက်ကြီးများ၌ မိမိတို့တိုက်မှ ဖြန့်ချိထုတ်ဝေမည့် စာရွက်စာတမ်းနှင့် ကြော်ငြာများကို ကြီးကြပ်စီစဉ်ရန်အတွက်၊ ဤအတတ်၌ကျွမ်းကျင်သူ တစ်ဦးဦးကိုသက်သက်ငှါးရမ်း၍ ထားတတ်ကြလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)အပိုင်း(ခ)