ပုလဲသီး

ဝီကီပီးဒီးယား မှ
ပန်းကန်လုံးငယ်တွင် ထည့်ထားသော ပုလဲသီးများ

ပုလဲသီး ဟူသည် စား၍ရသော အကြည်လုံးဖြစ်ပြီး ပီလောပီနံမှုန့်မှ လုပ်သည်။ [၁] အရှေ့တောင်အာရှ၌ အသုံးအစားများသည့် သာကူစေ့မှာ ဈေးများသည့်အတွက် သာကူစေ့အစား ဈေးပေါသော ပီလောပီနံမှုန့်မှ ထုတ်ခြင်းတည်း။ [၂][၃] ဘာဘယ်တီးတို့တွင် ပုလဲသီးကို ဘိုဘာ ခေါ်သည်။ ဘိုဘာမှ တရုပ်ဗန်းစကားဖြင့် နို့သီးခေါင်းကို ဆိုခြင်းတည်း။ [၄] ပုလဲသီးအချင်းမှာ ၅-၁၀ မီလီမီတာမျှ ရှိသည်။ အိန္ဒိယ မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် ဇမ္ဗူ့ဓန ဟု သိကြပြီး အခြားအခေါ်အဝေါ်များလည်း ရှိသေး၏။ [၅] အခြားပါဝင်ပစ္စည်းများထည့်ကာ အရောင်၊ အသွင်အပြင် ကွဲသွားနိုင်သည်။ [၆] မူရင်းအရသာမှာ ခပ်ချဉ်ချဉ်ဖြစ်သည်။ သို့ဖြင့် သကာရည်တွင်စိမ်ကာ အရသာပုံမှန်ဖြစ်အောင် သို့မဟုတ် ချိုအောင် ဖန်တီးရ၏။ [၇] လက်ဖက်ရည်တို့တွင် ထည့်သည်မှာ အသွင်အပြင်ကောင်းစေရန် ဖြစ်ပြီး အရသာမှာ ယင်းလက်ဖက်ရည်အရသာအတိုင်း ဖြစ်လာသည်။ အရသာမဲ့ခြင်းနှင့် ဂျယ်လီဖြစ်လွယ်ခြင်းတို့ကြောင့် ပူတင်းကိုပျစ်စေသည့် ထပ်တိုးပစ္စည်းအဖြစ် ထည့်တတ်သည်။ [၈]

ကိုးကား[ပြင်ဆင်ရန်]

  1. Editor, Julie R. Thomson Senior; Taste; Post, The Huffington (2015-07-13). "So What Exactly Is Tapioca, Anyway?". The Huffington Post.
  2. Hutton, Wendy (2012). Southeast Asia's Best Recipes: From Bangkok to Bali. Tuttle Publishing. ISBN 9781462905683.
  3. Alford, Jeffrey; Duguid, Naomi (2000). Hot Sour Salty Sweet: A Culinary Journey Through Southeast Asia. Artisan Books. p. 323. ISBN 9781579655648.
  4. "boba". Merriam-Webster Dictionary.
  5. "The 5 Most Common Types of Boba, Explained for the Bubble Tea Newbie". Spoon University. 2018-04-11.
  6. "What are Boba Pearls? A Quick Guide to 4 Tasty Types!". Your Coffee & Tea Essentials. August 2021.
  7. Hughes, Becky. "DIY Bubble Tea Is About to Be Your New Summer Go-To". Epicurious.
  8. "So what is bubble tea, exactly? Everything you need to know about the drink and boba balls". Mic.