ပီတာဒရပ်ကား

ဝီကီပီးဒီးယား မှ
ပီတာဒရပ်ကား
(Peter Drucker)
မွေးဖွားပီတာဖာဒီနန်ဒရပ်ကား (Peter Ferdinand Drucker)
(1909-11-19)နိုဝင်ဘာ ၁၉၊ ၁၉၀၉
ဩစတြီးယားဟန်ဂေရီနိုင်ငံ (Austria-Hungary)၊ ဗီယင်နာမြို့ (Vienna)၊ Kaasgraben
ကွယ်လွန်နိုဝင်ဘာ ၁၁၊ ၂၀၀၅(2005-11-11) (အသက် ၉၅)
Claremont
မိခင်ကျောင်းGoethe University Frankfurt ပါရဂူဘွဲ့ (PhD)
အလုပ်အကိုင်စီမံခန့်ခွဲမှုဆိုင်ရာ အတိုင်ပင်ခံ၊ ပညာပေးနှင့် စာရေးဆရာ
ရရှိသည့်ဆုများHenry Laurence Gantt Medal (1959)
Austrian Cross of Honour for Science and Art, 1st class (1991)
Presidential Medal of Freedom (2002)

ပီတာဒရပ်ကား (Peter Ferdinand Drucker) (၁၉၀၉-၂၀၀၅) သည် ဩစတြီးယားနိုင်ငံမွေး အမေရိကန်နိုင်ငံသားဖြစ်ပြီး၊ စီမံခန့်ခွဲမှုဆိုင်ရာ အတိုင်ပင်ခံ၊ ပညာပေးနှင့် စာရေးဆရာ ဖြစ်သည်။ သူ၏ စာအုပ်နှင့် ဟောပြောချက်များမှတစ်ဆင့် လက်ရှိခေတ် စီးပွားရေးကော်ပိုရေးရှင်းများ၏ အတွေးအခေါ်ပိုင်းနှင့် လက်တွေ့ပိုင်းဆိုင်ရာ စီမံအုပ်ချုပ်မှု အခြေခံသဘောတရားများအပေါ် လွှမ်းမိုးထောက်ပံ့ခဲ့သည်။ သူသည် စီမံခန့်ခွဲမှုဆိုင်ရာ ပညာရေးဖွံ့ဖြိုးတိုးတက်မှုတွင် ဦး ဆောင်သူတစ်ဦး ဖြစ်ပြီး၊ ဦးတည်ချက်စာရင်းဖြင့် စီမံအုပ်ချုပ်ခြင်း (Management by objectives)နှင့် မိမိကိုယ်မိမိ အလုပ်ဦးတည်ချက်အတွင်း စိတ်ကို ထိန်းချုပ်ကာ ဖြစ်မြောက်အောင် ဆောင်ရွက်ခြင်း (Self-control)[၁] ဟူသည့် အယူအဆနှစ်ခုကို တီထွင်ခဲ့သည်။ သူအား "ခေတ်သစ်စီမံခန့်ခွဲမှုနည်းစနစ်ကို တည်ထောင်သူ" ("the founder of modern management") အဖြစ် ဖော်ပြကြသည်။[၂]

ဒရပ်ကား၏ စာအုပ်များနှင့် လူကြိုက်များသော ပညာရပ်ဆိုင်ရာ ဆောင်းပါးများသည် စီးပွားရေး၊ အစိုးရနှင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်း (nonprofit sectors) များအတွင်း လူသားများ မည်သို့ ပါဝင်ဖွဲ့စည်းထားကြောင်း စူးစမ်းလေ့လာခဲ့သည်။[၃] သူသည် စီမံခန့်ခွဲမှု သီအိုရီနှင့် လက်တွေ့ပိုင်းဆိုင်ရာတို့နှင့် ပတ်သက်၍ လူသိအများဆုံးနှင့် ကျယ်ကျယ်ပြန့်ပြန့် ဩဇာညောင်းသော အတွေးအခေါ်ပညာရှင်များနှင့် စာရေးဆရာများအနက်မှ တစ်ဦး ဖြစ်သည်။ သူ၏ အရေးအသားများမှတစ်ဆင့် ပုဂ္ဂလိကပိုင်ပြုခြင်း (privatization)နှင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း (decentralization)၊ စီးပွားရေး ကမ္ဘာ့အင်အားကြီးနိုင်ငံများစာရင်းသို့ ဂျပန်ရောက်ရှိလာခြင်း၊ ဈေးကွက်ရှာဖွေရေး (marketing)၏ ပြတ်ပြတ်သားသား အရေးပါမှု၊ အမြဲတမ်း လေ့လာသင်ကြားနေရန် (lifelong learning) လိုအပ်သော "သတင်းအချက်အလက်မှီခို လူ့အဖွဲ့အစည်း" ("information society") ပေါ်ပေါက်လာမှု တို့အပါအဝင် နှစ်ဆယ်ရာစုနှောင်းပိုင်း၏ အဓိကဖြစ်ပေါ်တိုးတက်မှုများစွာကို ကြိုတင်ဟောကိန်းထုတ်ခဲ့သည်။[၄] ၁၉၅၉-ခုနှစ်တွင် ဒရပ်ကားသည် "အသိပညာလုပ်သား" ("knowledge worker") ဟူသော ဝေါဟာရကို တီထွင်ခဲ့ပြီး၊ သူ၏ဘ၀ နောက်ပိုင်းကာလများတွင် အသိပညာလုပ်သား၏ ထုတ်လုပ်ဖန်တီးနိုင်မှုစွမ်းအား (productivity)ကို စီမံခန့်ခွဲခြင်းသည် စီမံခန့်ခွဲအုပ်ချုပ်မှုပညာရပ်၏ နယ်ပယ်အသစ်တစ်ခုအဖြစ် ယုံကြည်ယူဆခဲ့သည်။[၅]

ရေးသားခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

  • 1939: The End of Economic Man (New York: The John Day Company)
  • 1942: The Future of Industrial Man (New York: The John Day Company)
  • 1946: Concept of the Corporation (New York: The John Day Company)
  • 1950: The New Society (New York: Harper & Brothers)
  • 1954: The Practice of Management (New York: Harper & Brothers)
  • 1957: America's Next Twenty Years (New York: Harper & Brothers)
  • 1959: The Landmarks of Tomorrow (New York: Harper & Brothers)
  • 1964: Managing for Results (New York: Harper & Row)
  • 1967: The Effective Executive (New York: Harper & Row)
  • 1969: The Age of Discontinuity (New York: Harper & Row)
  • 1970: Technology, Management and Society (New York: Harper & Row)
  • 1971: The New Markets and Other Essays (London: William Heinemann Ltd.)
  • 1971: Men, Ideas and Politics (New York: Harper & Row)
  • 1971: Drucker on Management (London: Management Publications Limited)
  • 1973: Management: Tasks, Responsibilities, Practices' (New York: Harper & Row)
  • 1976: The Unseen Revolution: How Pension Fund Socialism Came to America (New York: Harper & Row)
  • 1977: People and Performance: The Best of Peter Drucker on Management (New York: Harper's College Press)
  • 1978: Adventures of a Bystander (New York: Harper & Row)
  • 1980: Managing in Turbulent Times (New York: Harper & Row)
  • 1981: Toward the Next Economics and Other Essays (New York: Harper & Row)
  • 1982: The Changing World of Executive (New York: Harper & Row)
  • 1982: The Last of All Possible Worlds (New York: Harper & Row)
  • 1984: The Temptation to Do Good (London: William Heinemann Ltd.)
  • 1985: Innovation and Entrepreneurship (New York: Harper & Row)
  • 1986: The Frontiers of Management: Where Tomorrow's Decisions are Being Shaped Today (New York: Truman Talley Books/E.D. Dutton)
  • 1989: The New Realities: in Government and Politics, in Economics and Business, in Society and World View (New York: Harper & Row)
  • 1990: Managing the Nonprofit Organization: Practices and Principles (New York: Harper Collins)
  • 1992: Managing for the Future (New York: Harper Collins)
  • 1993: The Ecological Vision (New Brunswick, NJ and London: Transaction Publishers)
  • 1993: Post-Capitalist Society (New York: HarperCollins)
  • 1995: Managing in a Time of Great Change (New York: Truman Talley Books/Dutton)
  • 1997: Drucker on Asia: A Dialogue between Peter Drucker and Isao Nakauchi (Tokyo: Diamond Inc.)
  • 1998: Peter Drucker on the Profession of Management (Boston: Harvard Business School Publishing)
  • 1999: Management Challenges for 21st Century (New York: Harper Business)
  • 1999: Managing Oneself (Boston: Harvard Business School Publishing) [published 2008 from article in Harvard Business Review]
  • 2001: The Essential Drucker (New York: Harper Business)
  • 2002: Managing in the Next Society (New York: Truman Talley Books/St. Martin's Press)
  • 2002: A Functioning Society (New Brunswick, NJ and London: Transaction Publishers)
  • 2004: The Daily Drucker (New York: Harper Business)
  • 2008 (posthumous): The Five Most Important Questions (San Francisco: Jossey-Bass)

ကိုးကား[ပြင်ဆင်ရန်]

  1. Drucker, Peter F. "Reflections of a Social Ecologist," Society, May/June 1992.
  2. Denning, Steve။ "The Best Of Peter Drucker"၊ Forbes၊ August 29, 2014။ 
  3. Why Drucker Now? Archived 2010-12-09 at the Wayback Machine., Drucker Institute.
  4. Byrne, John A. (November 28, 2005). "The Man Who Invented Management". BusinessWeek. Retrieved on November 2, 2009. 
  5. Davenport, Thomas H. Thinking for a Living, 2005, p. 8.