ပိုးစုန်းကြူး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ပိုးစုန်းကြူး
Photuris lucicrescens
Photuris lucicrescens[၁]
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း e
လောက: Animalia
Phylum: Arthropoda
မျိုးပေါင်း: Insecta
မျိုးစဉ်: Coleoptera
Superfamily: Elateroidea
မျိုးရင်း: Lampyridae
Latreille, 1817
Subfamilies

Cyphonocerinae
Lampyrinae
Luciolinae
Ototretinae (disputed)
Photurinae


Genera incertae sedis:
Oculogryphus
Pterotus LeConte, 1859

ပိုးစုန်းကြူး ( firefly / glow-worm )

ပိုးစုန်းကြူး သည် ပျံသန်းနိုင်သည့် အင်းဆက် သတ္တဝါ အမျိုးအစားဖြစ်ပြီး Lampyridae မျိုးနွယ်စုတွင် ပါဝင်သည်။ သားကောင်ဖမ်းခြင်း သို့မဟုတ် ဆည်းဆာချိန်အတွင်း မိတ်လိုက်ရန် ဆွဲဆောင်ရာတွင် ထင်ရှားသည့် အပူဓာတ်မပါသည့် အလင်းရောင်ကြောင့် ၎င်းတို့ကို ပိုးစုန်းကြူး သို့မဟုတ် လျှပ်ပြက်သည့် ကြမ်းပိုးခေါ်ကြသည်။ ပိုးစုန်းကြူးများက အနီအောက်ရောင်ခြည် သို့မဟုတ် ခရမ်းလွန်လှိုင်း မပါဝင်သော "အလင်းအေး" ကို ထုတ်လွှတ်ပေးသည်။ ၎င်းဓာတုနည်းဖြင့် အလင်းရောင်ကို ဝမ်းဗိုက်အောင်ပိုင်းမှ အဝါရောင်၊ အစိမ်းရောင် သို့မဟုတ် ဖြူ‌ဖတ်ဖြူရော် အနီရောင် ဖြစ်နိုင်သည် လှိုင်းအလျား ၅၁၀ မှ ၅၆၀ နာနိုမီတာ နှင့်အတူထုတ်လွှတ်ပေးသည်။[၂]

ပိုးစုန်းကြူး မျိုးစိတ်ပေါင်း ၂၁၀၀ ခန့် ကို သမပိုင်းဇုန် နှင့် အပူပိုင်းရာသီဥတုများတွင် တွေ့ရှိပြီးဖြစ်သည်။ အတော်များများကို စိုစွတ်သောရာသီဥတု၊ တောအုပ်၊ သားလောင်းများအတွက် အစာအရင်းအမြစ်ပေါများသောနေရာဒေသတွင် တွေ့ရသည်။ ဥရောပအာရှနှင့် အခြားနေရာများတွင် အလင်းရောင် ထုတ်လွှတ်သော သားလောင်း ကို "glowworms" ဟုခေါ်သည်။ အမေရိကတွင် "glow worm" ကို Phengodidae ဟုလည်းရည်ညွှန်းသည်။ နယူးဇီလန်နှင့် ဩစတေးလျတွင် "glow worm" ဝေါဟာရကို အပူဓာတ်မပါရှိဘဲ အလင်းရောင်ထုတ်လွှတ်ခြင်း[၃]များစွာသော ပိုးစုန်းကြူး အမနှင့် အထီးမျိုးစိတ်များမှာ ပျံသန်းနိုင်သောစွမ်းရည်များရှိကြသည်၊ သို့သော် အချို့သော အမ မျိုးစိတ်များမှာ ပျံသန်းနိုင်စွမ်းမရှိပါ။[၄] ပူနွေးတဲ့ နေရာမျိုးစုံမှာ ရှင်သန်နေထိုင်ကြပါတယ်။ ပိုးစုန်းကြူးတွေဟာ စိုထိုင်းမှုကို နှစ်သက်ပြီး အာရှနှင့် အမေရိကတွေရဲ့ ပူနွေးတဲ့ ဒေသတွေမှာ နေထိုင်တတ်ကြပါတယ်။ ခြောက်သွေ့တဲ့ ဒေသတွေမှာဆိုရင် စိုစွတ်နေတဲ့ နေရာတွေမှာ ပိုးစုန်းကြူးတွေကို တွေ့ရပါတယ်။

လူတွေက ပိုးစုန်းကြူး ဆိုတဲ့ နာမည်ကို ကောင်းကောင်းသိကြပါတယ်။ ဒါပေမယ့် သူတို့ကိုယ်ပေါ်က အလင်းရောင် ဘာကြောင့်ထွက်ရသလဲဆိုတာကိုတော့ မသိကြပါဘူး။ ပိုးစုန်းကြူးတွေရဲ့ ဝမ်းဗိုက်အောက်မှာ အလင်းထွက်တဲ့ အောင်ဂင်များ ရှိပါတယ်။ ပိုးစုန်းကြူးတွေဟာ အောက်စီဂျင်ကို စုပ်ယူပြီး စပါယ်ရှင် ဆဲလ်တွေထဲမှာ ဓာတုဓာတ်ပြုမှုတွေဖြစ်ပြီး luciferin လို့ ခေါ်တဲ့ ဓာတုပစ္စည်းထွက်လာပါတယ်။ ဒီ luciferin က အလင်းထုတ်လွှတ်နိုင်ပေမယ့် အပူတော့ မထွက်ပါဘူး။

ပိုးစုန်းကြူးတွေဟာ မျိုးနွယ်စု အလိုက် အလင်းထုတ်လွှတ်ပုံ မတူကြပါဘူး။ မှိတ်တုတ် မှိတ်တုတ် လုပ်နေတာဟာ မိတ်လိုက်ဖို့ အဖော်ရှာနေကြတာပါ။ ပိုးစုန်းကြူးတွေရဲ့ အလင်းကို လင်းလိုက် မှိတ်လိုက်ဖြစ်အောင် ဘယ်လိုလုပ်သလဲဆိုတာကို သိပ္ပံပညာရှင်တွေကတော့ နားမလည်နိုင်သေးပါဘူး။ ပိုးစုန်းကြူးတွေဟာ အလင်းရောင် မှိတ်တုတ် မှိတ်တုတ် ဖြစ်အောင်လုပ်ပြီး အခြားသတ္တဝါတွေကို ခြောက်လှန့်တဲ့ ခုခံကာကွယ်ရေးနည်းအဖြစ်လည်း သုံးပါသေးတယ်။

အမတွေဟာ ဥတွေကို မြေကြီးပေါ်မှာ ဥတတ်ပြီး ဥမှ ပေါက်လာတဲ့ သားလောင်းတွေကို အရွယ်ရောက်ပြီး ပိုးစုန်းကြူးတွေက ပန်းဝတ်မှုန်ဝတ်ရည်တွေကို အကုန်မစားပဲ သားလောင်းတွေကို ကျွေးပါတယ် တဲ့။

ထိန်းသိမ်းစောင့်ရှောက်ခြင်း[ပြင်ဆင်ရန်]

ပိုးစုန်ကြူးများသည် များစွာသော အခြားသက်ရှိများသကဲ့သို့ မြေယာအသုံးပြုမှုပြောင်းလဲခြင်းကြောင့် တိုက်ရိုက်ထိခိုက်မှုများရှိနေသည် (ဥပမာ၊ ကျက်စားရာဧရိယာနှင့် ဆက်သွယ်မှုဆုံးရှုံးခြင်း) အဓိပ္ပါယ်မှာ ကုန်းဂေဟစနစ်အတွက် ဇီဝမျိုးကွဲအပြောင်းအလဲများ၏ အဓိကမောင်းနှင်သူဟုဆိုလိုသည်။[၅] မျိုးပွားရန် ကိုယ်ပိုင်အလင်းရောင်ကို မှီခိုရသောကြောင့်[၆] ပတ်ဝန်းကျင်၏ အလင်းအားအဆင့်အပေါ် အလွန် မူတည်နေသလို အလင်းညစ်ညမ်းခြင်းကြောင့် အလွန်ထိခိုက်လွယ်ကြသည်။[၆] [၇] လေးနှစ်ကျော် တိုပွားလာမှုကိုစောင့်ကြည့်လေ့လာရာတွင် ပိုးစုန်းကြူးများအပေါ် တိုက်ရိုက်ကျရောက်သည့် တောက်ပသော အလင်းရောင်၏ ဆိုးကျိုးများကို ၂၀၁၅ ခုနှစ်တွင် ပထမဦးဆုံးအကြိမ်တိုင်းတာပြီး ပြသနိုင်ခဲ့သည်။[၈] မကြာသေးခင်က များစွာသောလေ့လာချက်များအရ လူလုပ်အလင်းရောင်များသည် ပိုးစုန်းကြူးများအပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်နေသည်။[၉] [၁၀] ပိုးစုန်းကြူးများသည် အင်းဆက်များကြားတွင် တစ်မူထူးခြားသည်။ သာမန်လူများပင် အလွယ်တကူ သိရှိနိုင်ပြီး လူမြင်ကွင်း၌ အထင်ကရဖြစ်သည့် မျိုးစိတ်ဖြစ်ကာ ညဘက်ကျက်စားသော တောရိုင်းသတ္တဝါလောက၌ အလင်း၏အကျိုးသက်ရောက်မှုအား လေ့လာရာတွင် စံပြ စံနမူနာကာင်းတစ်ခုဖြစ်သည်။ ပတ်ဝန်းကျင်ပြောင်းလဲမှုအား လျင်မြန်စွာ တုံ့ပြန်ခြင်းနှင့် ယင်းတို့၏ အာရုံခံမှုစနစ်ကြောင့် ညဘက် အလင်းတု ဖန်တီးမှုအတွက် ပိုးစုန်းကြူးတို့သည် ကောင်းမွန်သော သက်ရှိဇီဝပြသသူများ ဖြစ်ကြသည်။[၇][၈]

အတ္ထုပ္ပတ္တိ[ပြင်ဆင်ရန်]

အလင်းနှင့် ဓာတုဓာတ်ပြုထုတ်လွှတ်ခြင်း[ပြင်ဆင်ရန်]

စနစ်တကျ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Cirrus Digital Firefly Photuris lucicrescens
  2. HowStuffWorks "How do fireflies light up?". Science.howstuffworks.com (19 January 2001). Retrieved on 22 June 2013.
  3. Meyer-Rochow, Victor Benno (2007). "Glowworms: a review of "Arachnocampa" spp and kin". Luminescence 22: 251–265. 
  4. In Fireflies, Flightless Females Lose out On Gifts from Males. Science Daily (27 June 2011). Retrieved on 22 June 2013.
  5. Sala, Osvaldo E. (2000-03-10). "Global Biodiversity Scenarios for the Year 2100" (in en). Science 287 (5459): 1770–1774. doi:10.1126/science.287.5459.1770. ISSN 0036-8075. PMID 10710299. 
  6. ၆.၀ ၆.၁ Lloyd, James E. (1989). "Ecology, Flashes, and Behavior of Congregating Thai Fireflies" (in en). Biotropica 21 (4): 373. doi:10.2307/2388290. 
  7. ၇.၀ ၇.၁ Viviani, Vadim Ravara (June 2010). "Fauna de besouros bioluminescentes (Coleoptera: Elateroidea: Lampyridae; Phengodidae, Elateridae) nos municípios de Campinas, Sorocaba-Votorantim e Rio Claro-Limeira (SP, Brasil): biodiversidade e influência da urbanização". Biota Neotropica 10 (2): 103–116. doi:10.1590/s1676-06032010000200013. ISSN 1676-0603. 
  8. ၈.၀ ၈.၁ Hagen, Oskar (2015-01-14). "Artificial Night Lighting Reduces Firefly (Coleoptera: Lampyridae) Occurrence in Sorocaba, Brazil" (in en). Advances in Entomology. 03 (1): 24. 
  9. Firebaugh, Ariel (2016-12-01). "Experimental tests of light-pollution impacts on nocturnal insect courtship and dispersal" (in en). Oecologia 182 (4): 1203–1211. doi:10.1007/s00442-016-3723-1. ISSN 0029-8549. PMID 27646716. 
  10. Owens, Avalon Celeste Stevahn (2018-02-07). "Short- and mid-wavelength artificial light influences the flash signals of Aquatica ficta fireflies (Coleoptera: Lampyridae)" (in en). PLOS One 13 (2): e0191576. doi:10.1371/journal.pone.0191576. ISSN 1932-6203. PMID 29415023.