မာတိကာသို့ ခုန်သွားရန်

ပိုလီယိုရောဂါ

ဝီကီပီးဒီးယား မှ
ပိုလီယိုရောဂါ
SynonymsPoliomyelitis, infantile paralysis, Heine–Medin disease
Polio survivor
ပိုလီယိုရောဂါကြောင့် ညာခြေထောက် သေးနေသူတစ်ဦး
အသံထွက်
အထူးပြုအာရုံကြောပညာကူးစက်ရောဂါ
လက္ခဏာများFever, sore throat[]
ရှုပ်ထွေးမှုများကြွက်သားအားနည်းခြင်းကြောင့် မလှုပ်ရှားနိုင်ခြင်း
အမျိုးအစားWild PV types 1, 2 & 3; vaccine-derived PV[]
အကြောင်းရင်းPoliovirus spread by fecal–oral route[]
အန္တရာယ်ညွန်းကိန်းတကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်း
စမ်းသပ်နည်းမစင်နှင့် သွေးတွင်းရှိ antibodies မှတဆင့် ဗိုင်းရပ်စ်ကို ရှာဖွေခြင်း[]
ကာကွယ်ခြင်းပိုလီယိုရောဂါ ကာကွယ်ဆေး[]
ကုသခြင်းဂရုစိုက်ပေးခြင်းမှလွဲ၍ ကုသနည်းမရှိ[]
ကြိမ်ရေ30 (wild) + 856 (vaccine-derived) in 2022[]


ပိုလီယိုရောဂါ (Polio) သည် ပိုလီယိုဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ၀.၅ ရာခိုင်နှုန်းခန့်ရှိသော ရောဂါသည်များတွင် ကြွက်သားအားနည်းခြင်းကြောင့် မလှုပ်ရှားနိုင်သည့် လက္ခဏာများဖြစ်ပေါ်သည်။ ပိုလီယိုရောဂါ ဖြစ်ပွားသူများ၏ ၇၅ ရာခိုင်နှုန်းနီးပါးခန့်သည် ရောဂါလက္ခဏာ ပြသခြင်းမရှိပေ။[] အလယ်အလတ် ပြင်းထန်သော ရောဂါလက္ခဏာမှာ ခေါင်းကိုက်ခြင်း၊ ကိုယ်ပူခြင်းများဖြစ်သည်။ ယင်းရောဂါလက္ခဏာများသည် ၁ ပတ် သို့မဟုတ် ၂ ပတ်အတွင်း ဖြစ်ပေါ်သည်။ အချို့မှာ အမြဲတမ်း အကြောသေခြင်းနှင့် အင်မတန်ပြင်းထန်သော အခြေနေတွင် သေဆုံးသည်အထိ ဖြစ်ပွားနိုင်သည်။[]

ပိုလီယိုရောဂါသည် လူသားများတွင်သာ သဘာဝအတိုင်းဖြစ်ပွားသော ရောဂါဖြစ်သည်။[] ယင်းသည် အင်မတန် ကူးစက်လွယ်ကူပြီး[][] ရောဂါပိုးရှိသူသည် ရောဂါလက္ခဏာ မပြသော်လည်း ၆ ပတ်ကျော်အထိ အခြားသူများကို ရောဂါကို ပြန့်ပွားစေနိုင်သည်။ ရောဂါအား ကူးစက်ခံရသူ၏ မစင်အား စမ်းသပ်၍သော်လည်းကောင်း၊ သွေးထဲတွင် antibodies များကို ခြေရာခံ၍သော်လည်းကောင်း ရှာဖွေနိုင်သည်။[]

ပိုလီယိုရောဂါသည် ကူးစက်ရောဂါများအကြောင်းဖော်ပြသော ရှေးပန်းချီများအရ နှစ်ထောင်ပေါင်းများစွာကတည်းက တည်ရှိလာခဲ့သည်။[] ယင်းရောဂါအား ၁၇၈၉ ခုနှစ်တွင် အင်္ဂလိပ် ဆရာဝန် Michael Underwood ဆိုသူက သီးခြားဖြစ်ပွားသော ရောဂါအဖြစ် ပထမဆုံးအကြိမ်အဖြစ် တွေ့ရှိခဲ့သည်။[][] ပိုလီယိုရောဂါကို ဖြစ်ပွားစေသော ဗိုင်းရပ်စ်ကိုမူ ခုခံအားပညာရပ် အထူးပြုပညာရှင် Karl Landsteiner ဆိုသူက ၁၉၀၉ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။[][] ၁၉ ရာစုနှောင်းပိုင်းကာလတွင် ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ပိုလီယို ကပ်ရောဂါများ ဖြစ်ပွားခဲ့ပြီး[] ၂၀ ရာစုတွင် စိုးရိမ်ဖွယ်ကောင်းသော ကလေးများတွင် ဖြစ်ပွားသည့် ရောဂါ ဖြစ်လာခဲ့သည်။[] ၁၉၅၀ ခုနှစ်များတွင် ပိုလီယိုရောဂါ ကာကွယ်ဆေး ပေါ်ပေါက်လာသောအခါ ယင်းရောဂါသည် ဖြစ်ပွားနှုန်း လျင်မြန်စွာ ကျဆင်းသွားခဲ့သည်။[] ၂၀၂၃ ခုနှစ် အောက်တိုဘာလအရ ပိုလီယိုဖြစ်ပွားသောနိုင်ငံများမှာ ပါကစ္စတန်နိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့သာ ကျန်တော့သည်။[၁၀]


ပိုလီယိုရောဂါကို ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော်လည်း ကူးစက်ခံရသောအခါ သင့်လျော်သော ကုသနည်း မရှိပေ။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 5 6 7 8 9 10 11 12 Estivariz၊ Concepcion F.; Link-Gelles၊ Ruth; Shimabukuro၊ Tom (2021)။ "Chapter 18: Poliomyelitis"။ in Hall၊ Elisha; Wodi၊ A. Patricia; Hamborsky၊ Jennifer; Morelli၊ Valerie; Schillie၊ Sarah (eds.)။ Epidemiology and Prevention of Vaccine-Preventable Diseases (The Pink Book) (14th ed.)။ Centers for Disease Control and Prevention (CDC, US)။ 17 March 2022 တွင် မူရင်းမှ မော်ကွန်းတင်ပြီး ရောဂါမှ သက်သာပြီး နှစ်အနည်းငယ်ကြာလျင် အကြောအားနည်းသော ရောဂါလက္ခဏာကို ခံစားရမည်ဖြစ်သည်။<ref name="NIH2014Post">Post-Polio Syndrome Fact Sheet NIH (16 April 2014)။ 29 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 November 2014 တွင် ပြန်စစ်ပြီး။
  2. 1 2 3 Poliomyelitis: Key facts World Health Organisation (22 July 2019)။ 18 April 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. This page allows you to request a table with AFP/polio data 2 April 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 May 2023 တွင် ပြန်စစ်ပြီး။
  4. Disease factsheet about poliomyelitis (26 March 2013)။ 12 April 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 April 2023 တွင် ပြန်စစ်ပြီး။
  5. CDC (2022-03-29)။ What is Polio? 14 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-04-24 တွင် ပြန်စစ်ပြီး။
  6. Underwood၊ Michael (1789)။ A Treatise on the Diseases of Children2။ London, England: J. Mathews။ pp. 53–57။
  7. Daniel TM၊ Robbins FC, eds. (1999)။ Polio (1st ed.)။ Rochester, NY: University of Rochester Press။ p. 11။ ISBN 978-1-58046-066-8။ 17 June 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး
  8. "Übertragung der Poliomyelitis acuta auf Affen" (in de) (1909). Zeitschrift für Immunitätsforschung und experimentelle Therapie [Journal for Research on Immunity and Experimental Therapy] 2 (4): 377–390.
  9. Wheeler DS၊ Wong HR၊ Shanley TP, eds. (2009)။ Science and practice of pediatric critical care medicine။ London: Springer။ pp. 10–11။ ISBN 978-1-84800-921-9။ 17 June 2016 တွင် မူရင်းမှ မော်ကွန်းတင်ပြီး
  10. Poliomyelitis 2024-08-09 တွင် ပြန်စစ်ပြီး။