ပိုလီယိုရောဂါ

ဝီကီပီးဒီးယား မှ
ပိုလီယိုရောဂါ
ပိုလီယိုရောဂါကြောင့် ညာခြေထောက် သေးနေသူတစ်ဦး
အထူးပြုအာရုံကြောပညာ ၊ ကူးစက်ရောဂါပညာ
လက္ခဏာများကြွက်သားအားနည်းခြင်းကြောင့် မလှုပ်ရှားနိုင်ခြင်း

ပိုလီယိုရောဂါသည် ပိုလီယိုဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ၀.၅ ရာခိုင်နှုန်းခန့်ရှိသော ရောဂါသည်များတွင် ကြွက်သားအားနည်းခြင်းကြောင့် မလှုပ်ရှားနိုင်သည့် လက္ခဏာများဖြစ်ပေါ်သည်။