မာတိကာသို့ ခုန်သွားရန်

ပိုလန်ဘော

ဝီကီပီးဒီးယား မှ
User-generated representation of Polandball.

ပိုလန်ဘော သို့ ကန်းထရီးဘော သည် အသုံးပြုသူ ဖန်တီးထားသော အင်တာနက် မီမီ ဖြစ်ပြီး ၂၀၀၉ နှစ်လယ်ပိုင်းတွင် ဂျာမန် ပုံရိပ်စုဆောင်းသည့် ဆိုဒ် တစ်ခု ဖြစ်သည့် Krautchan.net မှ ဖြစ်တည်ခဲ့သည်။ အွန်လိုင်းရုပ်ပြများ စုစည်းထားရာ တွင် ကျော်ကြားသော မီမီ သည် နိုင်ငံများကို အဝိုင်းရုပ်များဖြင့် ကိုယ်စားပြုထားပြီး မတောက်တခေါက် အင်္ဂလိပ်စကားဖြင့် ဆက်သွယ်ပြောခြင်း၊ စတီရီယိုတိုက်ပ် နှင့် အပြည်ပြည်ဆိုင်ရာ ဆက်နွယ်မှုများ အတွက် ပျော်ပွဲများကို မြူးလာအောင် (Poking) လုပ်ဆောင်သည်။ ကာတွန်းစတိုင် သည် ပိုလန်ဘော နှင့် ကန်းထရီးဘော နှစ်ခုလုံး ကို ကိုယ်စားပြုသည်။

နောက်ခံ

[ပြင်ဆင်ရန်]

ပိုလန်ဘော သည် ပိုလန်အင်တာနက် အသုံးပြုသူများနှင့် ကျန်နိုင်ငံများကြား drawball.com ပေါ်တွင် ဩဂုတ် ၂၀၀၉ ၌ ဖြစ်ပွားသော အင်တာနက်စစ်ပွဲ မှ စတင်သည်။ drawball.com သည် အင်တာနက်ပေါ်တွင် ပုံဆွဲရန် သို့မဟုတ် အခြားသူများ ဆွဲထားသော ပုံပေါ်တွင် ထပ်ဆွဲရန် ခွင့်ပြုသည်။ ပိုလန်အင်တာနက် တွင် ပိုလန် အလံကို ဘောလုံးပုံသဏ္ဌာန် ဆွဲရန် အကြံပြုကြသောအခါ များစွာသော ပိုလန်နိုင်ငံသားများသည် အနီပေါ်တွင် အဖြူပါပြီး အလယ်တွင် POLSKA စာသားပါဝင်သော ပုံပေါင်းများစွာကို drawball.com တွင် တင်ကြသည်။ 4chan ၏ ကူညီမှုဖြင့် Nazi swastika ပါ ပါဝင် ပတ်သက်လာခဲ့သည်။ [][]

Krautchan.net သည် ဂျာမန်စကား အသုံးပြုသော ရုပ်ပုံစုဆောင်းသော ဆိုဒ်ဖြစ်ပြီး ၎င်း၏ နိုင်ငံတကာအဖွဲ့မှာ အင်္ဂလိပ်ဘာသာစကား အသုံးပြုသော အင်တာနက်သုံးသူများဖြစ်ကြသည်။ ပိုလန်ဘော ကာတွန်းရုပ်ပြောင် ကို ရုရှားများ က ရေးဆွဲပြီး နိုင်ငံတကာအဖွဲ့ရှိ မတောက်တခေါက်အင်္ဂလိပ်စကား အသုံးပြုသော ပိုလန်လူမျိုး Wojak ကို နိုင်ငံရေးနှင့် မပတ်သက်သော လှုံဆော်မှုအဖြစ် ၎င်းအဖွဲ့မှ ဗြိတိသျှလူမျိုး ဖလ်ကို က ၂၀၀၉ စက်တင်ဘာ တွင် မီမီကို မိုက်ခရိုဆော့ဖ်ပိန့် အသုံးပြုပြီး မီမီ ကို စတင် ဖန်တီးခဲ့သည်။ [][][]

သရုပ်ပြမှု

[ပြင်ဆင်ရန်]

ပိုလန်သမ္မတ Lech Kaczyński သေဆုံးခဲ့သော ၂၀၁၀ လေယာဉ်ပျက်ကျမှု အမှတ်တရတွင် နာမည် ကြီးလာသော ပိုလန်ဘော အဆိုပြုချက်သည် ပိုလန်နှင့်၎င်း၏သမိုင်းကို ကိုယ်စားပြုသည်။ [] [] [] ကန်းထရီးဘောများ အကြား ဆက်သွယ်မှုသည် မတောက်တခေါက် အင်္ဂလိပ်စကား ဖြင့် ရေးသားခြင်း၊ အင်တာနက်ဘန်းစကားများ အသုံးပြုခြင်း၊ အဆုံးသတ်တွင် ပိုလန်နိုင်ငံအလံ အရောင်ကို ပြောင်းပြန်အဖြစ် အဖြူပေါ်အနီတင်ထားသော ပိုလန်ကာတွန်း က ငိုယိုနေခြင်း တို့ဖြင့် အဆုံးသတ်လေ့ရှိသည်။ [][]

တချို့ပိုလန်ဘော ရုပ်ပြများသည် ရုရှားတို့က အာကသပေါ်တက်နေချိန်တွင် ပိုလန်တို့မတက်ရောက်နိုင်ခြင်းကို လှောင်ပြောင်မှုအဖြစ်မှ လာသည်။ နာမည်ကြီး ပိုလန်ဘော ကာတွန်းတစ်ခုတွင် ကမ္ဘာသို့ ဥက္ကာပျံ တစ်ခု တိုက်မိရန် လာချိန်တွင် နိုင်ငံအများစု က အာကာသနည်းပညာ ကို အသုံးပြုကာ ကမ္ဘာကို စွန့်ခွာသွားခဲ့သည်။ သို့သော် ပိုလန်တို့က ကမ္ဘာပေါ်တွင် ကျန်နေခဲ့ကာ မတောက်တခေါက် အင်္ဂလိပ်စကားဖြင့် ပိုလန်တို့အာကာသ သို့ မတက်နိုင်ဟု ငိုယိုနေခဲ့သည်ဟု ကာတွန်းအဆုံးသတ်ခဲ့သည်။ [] [][][]

အခြားပိုလန်ဘော ကာတွန်းတစ်ခုတွင် သမိုင်းဝင်နိုင်ငံရေး သရော်စာ အလား ပိုလန်တို့က တို့တွေ ရုရှားတွေ နဲ့ တူရကီတွေ ကို ခြေမှုန်းပြီး အင်အားကြီးနိုင်ငံ ဖြစ်လာမယ်၊ ပြီးတော့ . . ဆိုသဖြင့် အခြားကန်းထရီးဘော များက ရီကြသည်။ ဒေါသထွက်နေသော ပိုလန်တို့က ၎င်းကို တကယ့်အင်တာနက်စီးပွားရေး ဟု လှောင်ပြောင်ကြသည်။ [][][]

အခြားသောနိုင်ငံဘောလုံးများ

[ပြင်ဆင်ရန်]
A user-generated representation of Britain in Polandball-style

အခြားနိုင်ငံများ၏ ရုပ်ပြများတွင်လည်း ပိုလန်ဘော ပါဝင်လေ့ရှိသည်။ ,[] သို့သော် ထိုရုပ်ပြများတွင် ကန်းထရီးဘော ဟု ခေါ်သော်လည်း များသောအားဖြင့် ပိုလန်ဘောကိုသာ ရည်ညွန်းလေ့ရှိသည်။ .[] Lurkmore.to အရ Bavaria တွင်လည်း ကိုယ်ပိုင်ဘော ရှိပြီး အမေရိကန်ပြည်ထောင်စု၊ Catalonia၊ Siberia တို့တွင်လည်းကောင်း၊ စင်ကာပူ က တြိဂံပုံကို ယူကာ Tringapore ဟုလည်းကောင်း၊ အစ္စရေး တို့က ဂျူးနှင့်ဆိုင်သော ရှုပဗေဒ မှ hypercube ကို ယူ၍လည်းကောင်း၊ Kazakhstan တို့က အုတ်ခဲမှလည်းကောင်း၊ ဗြိတိန် တို့က အပေါ်ဦးထုပ် ဆောင်းထားသောပုံကို ယူ၍ လည်းကောင်း အခြား နိုင်ငံဘောများလည်း ရှိသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 5 6 Orliński၊ Wojciech "Wyniosłe lol zaborców, czyli Polandball" (in Polish)၊ Gazeta Wyborcza၊ 16 January 2010 25 March 2012 တွင် ပြန်စစ်ပြီး
  2. 1 2 3 4 Zapałowski၊ Radosław။ "Znowu lecą z nami w... kulki" (in Polish)၊ Cooltura၊ 15 February 2010 22 March 2012 တွင် ပြန်စစ်ပြီး Archived from the original on 14 May 2013။
  3. 1 2 3 4 Kapiszewski၊ Kuba။ "Fenomem - Polska nie umieć kosmos" (in Polish)၊ Przegląd၊ 13/2010 26 March 2012 တွင် ပြန်စစ်ပြီး Archived from the original on 5 August 2014။
  4. 1 2 Polandball Knowyourmeme။ 26 March 2012 တွင် ပြန်စစ်ပြီး။
  5. 1 2 Cegielski၊ Tomek။ "MEMY. Legendy Internetu" (in Polish)၊ Hiro.pl၊ 12 April 2011 24 March 2012 တွင် ပြန်စစ်ပြီး Archived from the original on 15 April 2011။
  6. Polandball cartoon Unknown (Unknown)။ 26 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 March 2012 တွင် ပြန်စစ်ပြီး။
  7. Int (in Russian)။ Lurkmore.to (26 December 2011)။ 21 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 March 2012 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ

[ပြင်ဆင်ရန်]