ပိုကီမွန် ဂိုး

ဝီကီပီးဒီးယား မှ
Pokémon Go

ဖန်တီးသူ နီအန်းတစ်
ထုတ်ဝေသူ နီအန်းတစ်
ဒါရိုက်တာ တဆုအို နိုမူရာ
ဂိမ်းအနုပညာရှင် ဒင်းနစ်ဟွမ်
ယူဆူကဲ ကိုဇာကီ
မီအဲကဲ ဟတ်ချင်
တေးရေး ဂျူနီချီ မာဆူဒါ
စီးရီးများ ပိုကီမွန်
ဂိမ်းအင်ဂျင် ယူနတီ
ပလက်ဖောင်း iOS, အန်းဒရွိုက်
ဖြန့်ချီသည့်နေ့စွဲ
ဂိမ်းအမျိုးအစား အာရုံထပ် လောကစစ်, နေရာအခြေခံ ဂိမ်း

ပိုကီမွန် ဂိုး (Pokémon Go) သည် နီအန်းတစ် ကုမ္ပဏီ မှ ပိုကီမွန် ကုမ္ပဏီနှင့် ပူးပေါင်း၍ အိုင်ဖုန်းနှင့် အန်းဒရွိုက် မိုဘိုင်းကိရိယာ များအတွက် ထုတ်လုပ်ထားသော အာရုံထပ် လောကစစ် နည်းပညာ ပါဝင်သည့် မိုဘိုင်းဂိမ်း တစ်ခု ဖြစ်သည်။ ပိုကီမွန် ကုမ္ပဏီ၏ ဖရန်ချိုက်စ် တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး နီအန်းတစ်၊ နင်တန်းဒိုး နှင့် ပိုကီမွန် ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ၎င်းသည် မိုဘိုင်းကိရိယာ၏ ဂျီပီအက်စ် ကို အသုံးပြု၍ ကစားသမား၏ တကယ့် ကမ္ဘာပေါ်ရှိလက်ရှိနေရာတွင် ရှိနေသကဲ့သို့ ပေါ်လာတတ်သည့် ပိုကီမွန် ဟုခေါ်သော ပုံရိပ်ယောင် သတ္တဝါများကို ရှာဖွေရန်၊ ဖမ်းဆီးရန်၊ တိုက်ခိုက်ရန် နှင့် လေ့ကျင့်ရန် စသည်ဖြင့် ကစားရခြင်း ဖြစ်သည်။ ဤဂိမ်းအား ကစားရန်အတွက် အခမဲ့ ဖြစ်သော်လည်း ဖရီးမီယမ် စီးပွားရေး ပုံစံကို သုံးထားက အက်ပ်အတွင်း အချို့သော ဂိမ်းအတွင်း အသုံးပြုသည့် ပစ္စည်းများကို ဝယ်ယူနိုင်သည်။ ဂိမ်းအား စတင်ထုတ်လုပ်ဖြန့်ချိစဉ်က ပိုကီမွန် မျိုးစိတ် ၁၅၁ မျိုးဖြင့် စတင်မိတ်ဆက်ခဲ့သော်လည်း ၂၀၂၀ တွင် မျိုးစိတ်ပေါင်း (၆၀၀) ခန့် အထိ ရှိလာပြီ ဖြစ်သည်။

ပိုကီမွန် ဂိုး ဝေဖန်မှုများသည် အကောင်းနှင့် အဆိုး​ရောနေသည်။ ဝေဖန်သူများကအယူအဆကိုချီးကျူးသော်လည်း နည်းပညာပြဿနာများကိုဝေဖန်ကြသည်။ ၎င်းသည် ၂၀၁၆ ခုနှစ်တွင် အသုံးအများဆုံးနှင့် အမြတ်အစွန်းအရဆုံး မိုဘိုင်းအက်ပလီကေးရှင်း များထဲတွင် တစ်ခုဖြစ်ပြီးယခုနှစ်အကုန်တွင် ကမ္ဘာအနှံ့ အကြိမ်သန်း (၅၀၀) ကျော်ဒေါင်းလုပ်ဆွဲယူခဲ့သည်။ ၎င်းသည် တည်နေရာအခြေပြု နှင့် AR နည်းပညာကိုတိုးမြှင့် ခြင်း ၊ ကိုယ်လက်လှုပ်ရှားလုပ်ဆောင်မှုကို မြှင့်တင်ခြင်းနှင့် ခြေလျင်အသွားအလာများလာခြင်းကြောင့်ဒေသခံစီးပွားရေးလုပ်ငန်းများကိုတိုးတက်အောင်ကူညီခြင်းတို့ကြောင့် အသိအမှတ်ပြုချီးကျူးခံရသည်။ သို့ရာတွင်၎င်းသည်မတော်တဆမှုများနှင့် လူထုအား စိတ်အနှောက်အယှက်ဖြစ်စေမှုများကိုဖြစ်ပေါ်စေသည့်အငြင်းပွားမှုများကို ဖြစ်ပေါ်စေခဲ့သည်။ အစိုးရများက လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပြီး အချို့နိုင်ငံများမှာ ၎င်း၏ အသုံးပြုမှုကိုစည်းမျဉ်းသတ်မှတ် ခဲ့သည်။ 2019 အစောပိုင်းတွင်တစ်ကမ္ဘာလုံးမှ ဒေါင်းလုပ်ဆွဲထားသည့် အကြိမ်ရေ သန်း ၁၀၀၀ ကျော် ရှိပြီး အမေရိကန်ဒေါ်လာ သန်း (၃,၀၀၀) ဝင်ငွေရရှိခဲ့သည်။ ၂၀၁၈ ခုနှစ်မေလတွင် လစဉ်ပုံမှန်အသုံးပြုသူ ၁၄၇ သန်း ကျော် ရှိသည်။ ပိုကီမွန်

ပိုကီမွန် ဆိုတာသည် Pokemon ကို စိတ်ကြိုက်နှစ်သက်ရာ သတင်းအချက်အလက်များဖြစ်ပြီး ဒေတာအတွက် ကိုယ်စားလှယ်ဖြစ်သော မြို့များအတွက် အလုပ်လုပ်နိုင်သော အသုံးပြုသူဖြစ်ပါသည်။ ဒီနေရာတွင် Pokemon ရောဂျက်တွေကို ရယူရန် မြို့နယ်များအတွက် အသုံးပြုသူများနှင့် ပတ်သက်သော သတင်းအချက်အလက်များဖြစ်ပါသည်။

သင့်တွင်အချက်အလက်များ

  • CGPA To Percentage Archived 28 May 2023 at the Wayback Machine. - အင်တာနက်ပိုကီမွန် အကြောင်းအရာအတွက် လက်ကျန်တွေကိုရယူရန်အတွက် လိပ်စာသို့ ပေး

ဆောင်းပါ။