ပိန်းနိုက်

ဝီကီပီးဒီးယား မှ
ပိန်းနိုက်
၂ စင်တီမီတာ အရှည်ရှိသော မြန်မာနိုင်ငံမှ ပိန်းနိုက်
ယေဘုယျ
ကဏ္ဍBorate minerals
ဖော်မျူလာ
(repeating unit)
CaZrAl9O15(BO3)
Strunz classification6.AB.85
Dana classification7.5.2.1
ပုံဆောင်ခဲ စနစ်ဆဌဂံပုံဆောင်[၁]
Crystal classDipyramidal (6/m)
(same H-M symbol), although earlier reported as hexagonal (6)[၂]
Space groupP63/m
Unit cella = 8.72 Å,
c = 8.46 Å; Z = 2
ခွဲခြားသတ်မှတ်ခြင်း
အရောင်Red, brownish, orange-red
Crystal habitElongated crystals, pseudo-orthorhombic[၃][၂]
Mohs scale hardness8
LusterVitreous
StreakRed
DiaphaneityTransparent
Specific gravity4.01
Optical propertiesUniaxial (-)
Refractive indexno = 1.8159, ne = 1.7875[၃]
PleochroismRuby-red parallel to [0001]; pale brownish orange or pale red-orange at right angles to [0001]
အရည်ပျော်မှတ်2094တမ်းပလိတ်:Ambiguous[ကိုးကားချက်လိုသည်]
ပျော်ဝင်သတ္တိInsoluble in acids[၃]
ကိုးကား[၂][၄][၅]

ပိန်းနိုက်သည် အင်္ဂလိပ်ဘာသာဖြင့် Painite ဟု အမည်ရပြီး ကမ္ဘာ့အရှားပါး ဆုံး ကျောက်မျက်ရတနာ ၁ဝမျိုး စာရင်း၌ အဆင့် ၅ ဝင်သော ကျောက်မျက်ရတနာ တစ်မျိုး ဖြစ်သည်။

ရှာဖွေတွေ့ရှိခဲ့သူမှာ အင်္ဂလိပ်လူမျိုး သတ္တုဗေဒ ပညာရှင် Arthur C.D.Pain ဖြစ်သည်။ ၁၉၅၀ ခုနှစ်နောင်းပိုင်းက မြန်မာနိုင်ငံ အထက်ပိုင်း၊ မိုးကုတ် ကျောက်တွင်းမှာ တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး သူ့အမည် Pain ကို အစွဲပြုကာ Painite ဟု အမည်ပေးလိုက်ခြင်းဖြစ်သည်။ ဓာတုဗေဒအခေါ် Borateဖြစ်သည်။

ကယ်လ်ဆီယံ၊ ဇိုင်ကိုနီယမ်၊ ဘိုရွန်၊ အလူမီနီယံ၊ အောက်ဆီဂျင် စသော သတ္တုဓာတ်တို့ပါဝင်ပြီး ခရိုမီယံ၊ ဗနေဒီယံ စသည့် သတ္တုတို့ အနည်းငယ်ရောစပ်ပါဝင်သည်ဟု သိရသည်။

ယင်းကျောက် Painite၏ ထူးခြားချက်မှာ သူ့သဘာဝကိုက ခြောက်မြောင့်သဏ္ဍန် အဖြစ် တည်ရှိနေခြင်း ဖြစ်သည်။ အနီရောင်၊ ကြက်သွေးရောင်၊ လိမ္မော်နီရောင် အဆင်းသဏ္ဍန် တွေ့ရသည်။

နှစ်ပေါင်းကာလအတော်ကြာသည့်တိုင် Painiteသည် တစ်ကမ္ဘာလုံးမှာမှ သုံးခုသာ ရှိခဲ့သည်။ သို့ပေမယ့် ၂၀⁠၀၅ နှစ်မတိုင်မီကာလမှာတော့ ၂၅ခု ထက်နည်းသော အရေအတွက်ထိရှိလာသည်။ ယင်းနောက်ပိုင်း တူးဖော်မှုမှာ Painite တွေ့ရှိမှု ရှိမရှိကတော့ စစ်တမ်းကောက်မထားပါ။

သို့ပေမယ့် ယင်းကျောက်အမျိုးအစားသည် တစ်ကမ္ဘာလုံးမှာ မြန်မာနိုင်ငံမှာပဲ တွေ့ရှိသေးတဲ့ ကျောက်အမျိုးအစား ဖြစ်ပြီး ထိပ်တန်းရှားပါးဈေးကြီး ကျောက်ဖြစ်တယ်သည်ဟု ကမ္ဘာက အသိမှတ်ပြုထားသည်။

၁ကာရက်ကို အမေရိကန်ဒေါ်လာ ၆သောင်းဝန်းကျင်တန်ဖိုးရှိသော ကျောက်ဖြစ်သည်ဟု သိရသည်။ Painite အနည်းငယ်ကို သူဌေးသူကြွယ်အချို့က ပိုင်ဆိုင်ပါသည်။ Painite အချို့ကို ဗြိတိန် သဘာဝသမိုင်းပြတိုက်၊ အမေရိကန် ဘူမိဗေဒသိပ္ပံ၊ ကယ်လီဖိုးနီးယား နည်းပညာသိပ္ပံနှင့် ဆွစ်ဇာလန် ကျောက်မျက်ရတနာ သုတေသနဓာတ်ခွဲခန်း တို့မှာ ခင်းကျင်းပြသထားသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. "The crystal structure of painite CaZrB(Al9O18) revisited" (2004). American Mineralogist 89 (4): 610–613. doi:10.2138/am-2004-0415. Bibcode2004AmMin..89..610A.  Archived 4 March 2016 at the Wayback Machine.
  2. ၂.၀ ၂.၁ ၂.၂ Anthony, John W.; Bideaux, Richard A.; Bladh, Kenneth W.; Nichols, Monte C., eds. (2003)။ "Paynite"။ Handbook of Mineralogy (PDF)။ V (Borates, Carbonates, Sulfates)။ Chantilly, VA, US: Mineralogical Society of America။ ISBN 0962209740December 5, 2011 တွင် ပြန်စစ်ပြီး
  3. ၃.၀ ၃.၁ ၃.၂ "Painite, a New Mineral from Mogok, Burma" (1957). Mineralogical Magazine 31 (236): 420–5. doi:10.1180/minmag.1957.031.236.11. Bibcode1957MinM...31..420C. 
  4. Painite. Webmineral. Retrieved on 2012-05-28.
  5. Painite. Mindat.org. Retrieved on 2012-05-28.