ပါဠိ မြန်မာ အင်္ဂလိပ် အဘိဓာန်များ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ပါဠိ မြန်မာ အင်္ဂလိပ် အဘိဓာန်များ ပါဠိအဘိဓာန်တွေနဲ့ပတ်သက်ရင် ယနေ့ခေတ်မြင်တွေ့နိုင်တဲ့ထဲမှာတော့ သက္ကရာဇ် ၁၁၀၈မှာ ထွက်ရှိတဲ့ ပဌမကျော်အောင်စံထားဆရာတော်ရဲ့ အဘိဓာန်နိသျဖြစ်ပြီး ဒီကျမ်းဟာ သက္ကရာဇ် ၇၁၄(ပင်းယခေတ် သီဟသူမင်းလက်ထက်) က စတုရင်္ဂဗလ အမတ်ကြီးရဲ့ အဘိဓာန်ဋီကာကိုဲ မှီတယ်လို့ဆိုပါတယ်။ ဒီကြားမှာ ထွက်ရှိတာတွေရှိပေမဲ့ ( သက္ကရာဇ် ၈၀၄ ဝက်ကြီးအင်း တက်နွယ်ကျောင်းကျောက်စာမူမှာ အလှူစာရင်းမှာ အဘိဓာန်နိဿရေည် လှူတယ်ပါလို့) မတွေ့နိုင်ခဲ့ပါဘူး။ သံတော်ဆင့် ဦးချိန်က အဲဒါကိုဘဲပြုပြင်ပြီး နိသျသစ်နာမည်တတ်လိုက်ပါတယ်။ သက္ကရာဇ် ၁၂၈၇မှာ အဘယာရာမဆရာတော်က ပြုပြင်ဖြည့်စွက်ပြီး သက္ကရာဇ်၁၂၁၁ ရောက်မှ မင်းတုန်းမင်းလက်ထက်မှာ မောင်းထောင်ဆရာတော်က အဘိဓာန်ဋီကာနိသျ သစ်အဖြစ်ထွက်ရှိပြီးမှသာ ပုံနှိပ်မူအဖြစ် ရောက်ရှိခဲ့ပါတယ်။ဆိုလိုတာက နောက်လူကပြင်တိုင်း နိသျသစ်ဖြစ် မူလဟာ နိသျဟောင်းအနေနဲ့ကျန်ရင်း တိုးတိုးသွားတာ ပြောင်းပြောင်းသွားတာပါ။ အဲဒီနောက် တကယ်အက္ခရာစဉ်ရာမှာခေတ်မှီပြီး ပါဠိမြန်မာအဘိဓာန်ကျမ်းတစ်ကျမ်း အဖြစ်ကိုတော့ သက္ကရာဇ် ၁၂၇၆(၁၉၁၄) မှ လယ်တီပဏ္ဍိတ က ပါဠိအဘိဓာန်ချုပ်အနေနဲ့ ထွက်မှ ရရှိလာပါတယ်။ သက္ကရာဇ် ၁၃၁၇မှာ မော်လမြိုင်တောင်ပေါက်ဆရာတော်ကလည်း နိသျသစ်ကိုထုတ်ဝေခဲ့ပါတယ်။ ၁၈၈၁ မှာ Pali Text Society ပေါ်ပေါက်လာပြီးနောက် ပါဝင်တဲ့ပုဂ္ဂိုလ်ကြီးတွေဖြစ်တဲ့ Prof. Vincent Fausboll က ၁၈၅၅ မှာ ဓမ္မပဒ၊ ၁၈၇၇ မှာ ဇတ်အဋ္ဌကထာ (၆)အုပ်စုံ Hermann Oldenberg က ၁၈၇၉ မှာ ဝိနည်း စတာတွေကို ပါဠိတော်နဲ့ ဘာသာပြန်ထုတ်ဝေလာကြသလို ၁၈၇၅မှာ R.C Childers က ပါဠိ အင်္ဂလိပ်အဘိဓာန်ထွက်ခဲ့ပါတယ်။ ဒီလိုနဲ့ အင်္ဂလိပ်အက္ခရာသုံးပါဠိစာပေတွေများလာလေလေ လက်ရှိအဘိဓာန်ဟာ လုံလောက်မှု့မရှိတာကြောင့် ထိုစဉ်က ကမ္ဘာကျော်ခဲ့တဲ့ မုံရွာ လယ်တီဆရာတော်ကြီးကို ပြုစုဖို့စာဖြင့်တောင်းပန်ခဲ့ပါတယ်။ ဆရာတော်ကြီးက လက်ခံတော်မူပြီး မန္တလေးမြို့မစိုးရိမ် ဆရာတော်အစရှိသည့် ၎င်းအပါအဝင် ဆရာတော်ကြီး (၁၄) ပါး နှင့် အရည်အချင်းပြည့်ဝသည့် သံဃာ (၃၀ဝ) တို့ စတင်ဖွဲ့စည်းလုပ်ကိုင်ခဲ့ရာ သက္ကရာဇ်၁၂၉၄ အရောက်တွင် သဒ္ဒတ္တရတနာဝလိမဟာပါဠိအဘိဓာန်အမည်တွင်သည့် ပါဠိပုဒ်ကိုမူတည်ပြီးပါဠိဖြင့်ဖွင့်သော ကျမ်းကြီး အတွဲ (၁) အပိုင်း (၄)ပိုင်း စတင်ထွက်ရှိလာပါတယ်။ပုဒ်ဖွင့် အဆင့်လွန်ပြုစုထားတာကြောင့် ပါဠိစွယ်စုံကျမ်းသဖွယ် ကမ္ဘာက အသုံးပြုခဲ့နိုင်ပါတယ်။ သက္ကရာဇ်၁၃၀၁ မှာ ပဌမကျော် အရှင်တေဇဝန္တာဘိဝံသ ရဲ့ ပုဒ် ၂၀ဝ၀ဝ ခန့်ပါ မြန်မာ-ပါဠိ အဘိဓာန်ထွက်ပေါ်လာပြီး စစ်ကြီးအတွင်း စာချနားစဉ် မန္တလေးဝိသုဒ္ဓါရုံ မှာ စည်ရှင်ဆရာတော်ကြီးက ပုဒ်များသာမက မာဂဒ၊သက္ကတ ကျမ်းဂန်များ မွေနှောက်၍ ပုဒ်၊ပါဌ်၊အနက်၊အဆုံးအဖြတ်များပါသော အဘိဓာန်ကြီးကို ပြုစုခဲ့လို့ သက္ကရာဇ်၁၃၁၅-၁၃၁၈ တွင် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါတယ်။ ၎င်းပိဋကအဘိဓာန်ထွက်၍ မကြာမီတွင်ဘဲ ၁၉၅၄-၁၉၅၉ နှစ်များတွင် အတွဲ ၄ တွဲ ပုဒ် ၅၀ဝ၀ဝ ကျော်ပါသည့် ခေတ်မှီပုံစံ အဘိဓာန်ကို ဦးဟုတ်စိန် က စာမျက်နှာ ၁၁၈၀ ဖြင့် ထုတ်ဝေနိုင်ခဲ့ ပြီး သဒ္ဒါဆိုင်ရာများပါပါဝင်သောကြောင့် ပါဠိကိုခေတ်မှီနည်းဖြင့်လေ့လာသူတို့အတွက် အားကိုးထိုက်သောကျမ်းဖြစ်ခဲ့ပါတယ်။ ဤသို့သော ပုဒ်ကျမ်းများအပြင် အရင်းအမြစ် ဓာတ်များဖြင့်စီရင် ထားသော ဓာတ်အဘိဓာန်များလည်း ရတနာပုံခေတ်မှသည် ဆဋ္ဌသင်္ဂါယနာခေတ်တိုင် ပေါ်ထွက်ခဲ့ကြပါသေးတယ်။ ၁၉၂၁-၁၉၂၅ အတွင်း PTS အသင်းကြီးကလည်း ပါဠိ အင်္ဂလိပ် အဘိဓာန်ကြီးထွက်ပေါ်လာနိုင်ခဲ့ပြီး၎င်းနှင့်ရှေးမနှေင်းပင် ဒိန်းမတ် သိပ္ပံနှင့်စာပေအသင်းက A Critical Pali Dictionary ကို ပိုမိုလေးလံပြည့်စုံစွာထွက်လာနိုင်ပါတယ် သို့သော်လည်း ၁၉၆၂ တိုင် အတွဲနှစ်တွဲသာထုတ်ဝေပြီးစီးခဲ့သည်။ ယင်းသို့ အရင်းအမြစ်များထက် အညွန်းပြည့်စုံမှု့ ကိုပဓာနထားပြီး PTS အသင်းကြီးက pali Tipitakam concordance စတင်ထုတ်ဝေ နိုင်ခဲ့ပါသည်။အခြားအဘိဓာန်အချို့ သီဟိုတွင်ထွက်ခဲ့ပြီး Dictionary of Pali Proper names မှာ ထင်ရှားပါတယ်။ ပါဠိဘာသာလေ့လာမှု့ဟာ လူပုဂ္ဂိုလ်အမျိုးမျိုး ကိုလိုက်ပြီး ကွဲပြားနေပါတယ်။ တစ်ချို့က မသိတဲ့ပုဒ်အနက် သိရတာနဲ့ကျေနပ်ပေမဲ့ တစ်ချို့ကတော့ ပုဒ်အရင်းအမြစ်ဖြစ်သည့် ဓာတ်ခွဲပုံ၊ ဝိဂြိုဟ်၊ ဝစနတ္တ တိုကိုပါလေ့လာလိုကြသူတွေရှိပါတယ်။ နောက် တစ်ချို့က လည်း ခိုင်လုံသည့် သဒ္ဒါကျမ်းအကိုးအကားတွေ ပုဒ်တွေနိုင်မည့် ကျမ်းစာပါအကိုးအကားနေရာတွေ သိချင်တာတွေ၇ှိနေကြပါသေးတယ်။ ဒါအပြင် ပုဒ်တစ်ခု ချင်းစီရဲ့ နေရာအလိုက်ကွဲပြားတဲ့ အဓိပ္ပါယ် အယူအဆ အသုံး တင်ပြပုံ ကွဲလွဲပုံတွေ စုစည်းနှိုင်းယှဉ်တာကို သိလိုတာတွေလည်း၇ှိပါတယ်။ ဒါကြောင့်ဒီလိုအပ်နေတဲ့ အဘိဓာန်ကြီးတစ်ခုပေါ်ထွက်လာဖို့ သင်္ဂါယနာတင်မတိုင်မီကတည်းက လိုအပ်ချက်အရ နိုင်ငံတော်ဦးဆောင်မှု့နဲ့စတင်ခဲ့ကြရပါတယ်။ မဟာစည်ဆရာတော်အပါအဝင် သံဃာတော်ကြီးတွေနဲ့ ဦးဖေမောင်တင်၊ဦးလူဖေဝင်း၊ဦးဝန်၊ဦးသိန်းဟန် စတဲ့ လူပုဂ္ဂိုလ်များစွာပါ ပါဝင်တဲ့ အဖွဲ့ စံသတ်မှတ်ချင်းကို သက္ကရာဇ်၁၃၃၂ ကပင် စတင်ခဲ့ပြီး မစိုးရိမ်ဆရာတော် တိပိဋက မင်းကွန်းဆရာတော် စတာတွေကို လိုက်လဲတွေ့ဆုံပြီး ပြည်တွင်းတက္ကသိုလ်များ သာမက အောက်စဖို့ စသော ပြည်ပတက္ကသိုလ် များတိုင် သွားရောက်လေ့လာပြီး စနစ်ကို စတင်တည်ဆောက်ခဲ့ကြပါတယ်။ ကျမ်းဂန်အားလုံးမှပုဒ် အစုံကို လိုအပ်ချက်အားလုံးစံမှီပြည့်စုံတဲ့ ကမ္ဘာအဆင့်မှီ ကျမ်းကြီးဖြစ်ဖို့ အားထုတ်ခဲ့ကြပါတယ်။


ပါဠိတော်နဲ့ညီမညီ၊
အဋ္ဌကထာနှင့်ဟတ်မဟတ်၊
ဋီကာနှင့်စပ်မစပ် တို့အပြင်
သဒ္ဒါနည်းကျမကျ၊ ဆန်းနည်းကိုက်မကိုက်၊
အလင်္ကာဂုဏ် မြောက်မမြောက်၊
သံဝဏ္ဏနာဆက္က တွင် မည်သည့် သံဝဏ္ဏနာ၊
နေတ္တိအကောက်ဖြင့်မည်သည့် ဟာရ နယ သာသနပဋ္ဌန စသည် တို့ပါစိစစ်ပြီး
မြန်မာစာဖက်တွင် လည်း လိုအပ်ချက်များစွာသတ်မှတ်ဆောင်ရွက်စေခဲ့ပါတယ်။

ဆဋ္ဌသင်္ဂါယနာတင်နဲ့အပြိုင် တိပိဋက ပါဠိမြန်မာအဘိဓာန်ကြီးကိုစတင်ပြုစုခဲ့ပါတယ်။ အခုလို တိပိဋက ပါဠိမြန်မာ အဘိဓာန်ကြီး ပြုစုစဉ်အကြိုအဖြစ် ပါဠိပဒ ကျမ်းညွန်း (၄)တွဲ မှာ သုံးတွဲ ကို စာမျက်နှာ (၂၃၄၈) တည်ပုဒ် (၇၁၂၄) နဲ့ ထုတ်ဝေခဲ့ပါတယ်။ နှစ်ပေါင်း ၆၀တိုင် တစ်နိုင်ငံလုံးက အားထည့်ပြုစုခဲ့လို့ အတွဲ (၁၉) တွဲ အုပ်ရေ (၂၀) ကျော် ထွက်ပေါ်လာခဲ့ပေမဲ့ အားလုံးမပြီးပြတ်သေးဘဲ ဆက်လက်လုပ်ဆောင်ကြဆဲဖြစ်ပါတယ်။

ရန်ကုန်ကမ္ဘာအေး က ဇဗ္ဗူဒီပအဖွဲ့ဟာ အတွဲ ၁၊၂၊၃၊၄(က) ကိုတာဝန်ယူ ထုတ်ဝေနိုင်ခဲ့ပြီး စာမျက်နှာ (၃၆၅၀) တည်ပုဒ်ပေါင်း (၃၄၅၈၉) ပြီးစီးခဲ့ပါတယ်။

မန္တလေး က မစိုရိမ်အဖွဲ့ဟာ အတွဲ ၄(ခ)၊ ၅၊ ၆၊ ၁၅၊၁၆ ကိုတာဝန်ယူ ထုတ်ဝေနိုင်ခဲ့ပြီး စာမျက်နှာ (၄၁၉၀) တည်ပုဒ် (၄၅၈၃၂ )ပြီးစီးထုတ်ဝေခဲ့ပြီး ၄(ဂ) စာမျက်နှာ (၇၈၀) ကို ရိုက်နှိပ် နေပါပြီ

မန္တလေး က ဝိသုဒ္ဒါရုံ အဖွဲ့ဟာ အတွဲ ၇၊ ၈၊ ၁၃၊ ၁၄ ကိုတာဝန်ယူ ထုတ်ဝေနိုင်ခဲ့ပြီး စာမျက်နှာ (၃၂၅၈) တည်ပုဒ် (၂၅၇၃၃) ပြီးစီးခဲ့ပါတယ်။

မန္တလေး က ဘုရားကြီး အဖွဲ့ဟာ အတွဲ ၁၇၊ ၁၈၊ ၁၉ ၊၂၀ ကိုတာဝန်ယူ ထုတ်ဝေနိုင်ခဲ့ပြီး စာမျက်နှာ (၂၆၅၀) တည်ပုဒ် (၂၃၆၀ဝ) ပြီးစီးခဲ့ပါတယ်။

ပခုက္ကူ အဖွဲ့ဟာ အတွဲ ၉၊ ၁၀၊ ၁၁၊ ၁၂ ကိုတာဝန်ယူ ထုတ်ဝေနိုင်ခဲ့ပြီး စာမျက်နှာ (၃၅၃၉) တည်ပုဒ် (၂၆၈၅၈) ပြီးစီးခဲ့ပါတယ်။

မစိုးရိမ်၊ဝိသုဒ္ဒါရုံ၊ဘုရားကြီး ကျောင်းတိုက်တွေမှာ အဘိဓာန်ကျမ်းပြု သီခြားနေရာတွေမှာ ပညာရှင်ရဟန်းတော်တွေ ယနေ့တိုင် အမျိုး၊ဘာသာ၊သာသနာ အတွက် ဆက်လက် ကျမ်းပြုနေကြဆဲ ဖြစ်ပါတယ်။ ဒီကျမ်းကြီးကိုမူတည်ပြီး တိပိဋက ပါဠိ အင်္ဂလိပ် ကို ဆက်လက်ပြုစုဖို့ ကြိုးစားကြပေမဲ့ ဗိုလ်ချုပ်ခင်ညွန့်ကာလ အကုန်မှာ ရပ်သွားခဲ့ပါတယ်။ အခုလို ကျမ်းပြု၊စာချ၊စာသင် ဓမ္မကထိကတွေအတွက် အကျိုးများတဲ့ တိပိ အဘိဓာန်ကြီးကို ဗုဒ္ဒစေတမန်အဖွဲ့က scan ဆွဲပြီး softcopy အနေနဲ့ ထုတ်ဝေပြီး တတ်နိုင်သလောက်လှူတန်းခဲ့ကြပါတယ်။ အာလုံးအစုံမပြီးစီးခင်မှာပင် အုပ်(၂၀) ပုဒ်ရေ (၁၅၆၇၀၂) ရှိနေ ပြီး လိုအပ်ချက်တွေကကို ဦးဟုတ်စိန်နှင့် အခြားအဘိဓာန်များမှယူပြီး ဓာတ်အဘိဓာန်များပါထည့်သွင်းကာ နောက်ထပ်ပုဒ် (၆၀ဝ၀ဝ)ကျော်ဆောင်းပြီး ပါဠိ၊မြန်မာ၊အင်္ဂလိပ်၊ ဓာတ်၊အညွန်းများပါ တဲ့ စုပေါင်း Program ကို အိပ်ဆောင်တိပိဋက မှာ ထည့်သွင်းခဲ့ပါတယ်။ ဆဋ္ဌမူကျမ်းအားလုံးကို မူရင်းစာမျက်နှာအလိုက်ကြည့်နိုင် ညွန်းနိုင်ပြီး စာလုံးတိုင်းကို အဘိဓာန်မှာကြည့်နိုင် ခြင်း တန်ဘိုးရဲ့ အဓိက ဇာတ်ဆောင်ဟာ ဒီအဘိဓာန်ကြီးရဲ့အရှိန်အဝါကြောင့် သာဖြစ်ပါတယ်။ ဒီလောက် ပညာရှင်များ ကြိုးစားထားတဲ့ ရလဒ်ကို အများ လွယ်ကူစွာသုံးနိုင်ဖို့ ကြိုးစားရင်း ဖြစ်လာတာပါ။ ပါဠိတော်မှာပါသမျှ ပုဒ်ကို မူရင်း အဓိပ္ပါယ်ပြထားတဲ့ အဘိဓာန်အစွမ်းကြောင့် တွေ့သမျှကျမ်း ထဲက စာလုံးတိုင်းကို ပုဒ်ခွဲပြီး အဘိဓာန်ရှာတယ့်စနစ်ထည့်ထားတာကြောင့် မြင်သမျှပါဠိကို အဓိပ္ပါယ်ထုတ်နိုင်တဲ့စက်ဖြစ်သွားပြီး မြင်သမျှပါဠိ ကို ဘယ်ကျမ်းမှာ ဘယ်စာမျက်မှာမှာ ဘယ်လို ရှိတယ်ဆိုတာပါ ထုတ်ပေးနိုင်တဲ့ စက် ဖြစ်သွားခြင်း ဟာ နောက်နောင် ဒီလိုကျမ်းပြုတွေအတွက် ပိုမိုထိရောက်လျှင်မြန်စုံလင်လာစေမဲ့ အထောက်အကူပြန်ဖြစ်လာပါတယ်။ ICT နဲ့ပတ်သက်ရင် မန္တလေးသံဃာတော်တွေ မရပ်ပါဘူး မဟာဂန္တာရုံ၊သီတဂူ၊နိုင်ငံတော်ပရိရတ္တိ၊စစ်ကိုင်း စတဲ့ နေရာတွေမှာ ခေတ်မှီ ICT tool တွေ သုံးရင် သာသနာတော်အတွက်ဆိုတဲ့စိတ်နဲ့ ချီတက်ကြဆဲပါ။ ပြည်ပရောက် သံဃာတွေအတွက် ကျမ်းပေါင်းများစွာ ကိုင် သွားလာဖို့ ခက်ချိန်မှာ အခုဆိုရင် laptop နဲ့ palm နဲ့ သွားလာလေ့လာနိုင်တာ သံဃာတော်တွေဘဲ ကြိုးစားခဲ့ကြတာပါ။ နောက်ပိုင်းမှာ နိဿယတွေကနေ ဘာသာပြန်ဖို့ကြိုးစားပြီးနိဿယတွေစုနေတဲ့ ဗုဒ္ဒစေတမံ ရဲ့ အစီအစဉ်တွေကို ဆက်လက်တင်ပြပါဦးမယ်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. https://www.facebook.com/note.php?note_id=424083127802