ပါရီချီတက်ပွဲ

ဝီကီပီးဒီးယား မှ

ပြင်သစ်နိုင်ငံမြို့တော် ပါရီ တွင် လူပေါင်း ၁၇ ဦးအသက်ဆုံး ရှုံးခဲ့သော အကြမ်းဖက်တိုက်ခိုက် မှုများကို ဆန့်ကျင် ၍ သမိုင်းဝင် သွေးစည်းညီညွတ်မှု ပြသပွဲ၌ ကမ္ဘာ့ခေါင်းဆောင် ၄၀ ကျော်နှင့် လူတစ်သန်းက Boulevard Volt-aire လမ်းမကြီးတစ်လျှောက် အနက်ရောင် ကုတ်အင်္ကျီများဝတ်ဆင်ကာ အတူချီတက်ခဲ့ကြသည်။

‘‘ဒီကနေ့ ပါရီဟာ ကမ္ဘာကြီး ရဲ့ မြို့တော်ပါပဲ’’ ဟု ပြင်သစ် သမ္မတ ဖရန်ဆွာဟော်လန်ဒီက ပြောကြားသည်။ ‘‘တစ်နိုင်ငံလုံး ပါဝင်ရပ်တည်ကြပါလိမ့်မယ်’’ဟု ၎င်းကဆက်လက်ပြောသည်။

ထူးခြားမှုမှာ ကမ္ဘာ့ရန်ဘက်များဖြစ်သော အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့်ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်တို့အတူယှဉ်တွဲ၍ ပါဝင်လာခဲ့သည်။ မာကယ်၊ ဒေးဗစ်ကင်မရွန်း၊ ဟော်လန်ဒီ စသော ခေါင်းဆောင်များ ပါဝင်ဆင်နွှဲခဲ့ကြသည်။

သရော်စာသတင်းစာတိုက် တစ်ခု၊ စူပါမားကက်တစ်ခုနှင့် ရဲတပ်ဖွဲ့ကို ပစ်မှတ်ထားသော သီးခြားတိုက်ခိုက်မှုများတွင် သေ ဆုံးခဲ့သူများအား ဂုဏ်ပြုချီတက်သော ပွဲမှာ ယင်းကဲ့သို့ တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပေါ်ရေး အမြင့်ဆုံး တပ်လှန့်ထားသည့် နိုင်ငံအတွက် လုံခြုံရေးစိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်သည်။

ပြင်သစ်နိုင်ငံတစ်ဝန်း ဂျူး ဘုရားရှိခိုးကျောင်းများ၊ ဗလီများ၊ကျောင်းများနှင့် အခြားနေရာ ဒေသများတွင် ချထားသော လုံခြုံ ရေးများအပြင် လူထုချီတက်ပွဲအ တွက် ရဲတပ်ဖွဲ့ဝင် ၂,၀၀၀ ကျော် အား ဖြန့်ကျက်ချထားသည်။

ယခုချီတက်ပွဲကို တိုက်ခိုက် မှုများအတွင်း သေဆုံးခဲ့သူများ၏ ဆွေမျိုးသားချင်းများက ဦးဆောင် ခဲ့ပြီး Place de La Repblique ဒေသမှ စတင်ထွက်ခွာလာကြ သည်။

လူထုချီတက်ပွဲ၌ ဗြိတိန်၊ ဂျာမနီ၊ နေတိုးအဖွဲ့၊ အာရပ်အဖွဲ့ချုပ်နိုင်ငံများနှင့် အခြားကမ္ဘာ့ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။


ကမ္ဘာ့ခေါင်းဆောင်များက တစ်မိနစ်တာငြိမ်သက်မှုစတင် ကြပြီး ချီတက်ပွဲစတင်ချိန်တွင် သွေးစည်းညီညွတ်မှု ပြသရန် လက်မောင်းချင်းချိတ်ဆက် ချီ တက်ခဲ့ကြသည်။

လုံခြုံရေးရည်ရွယ်ချက်များ ကြောင့် လမ်းကြောင်းကို နှစ် ကြောင်းခွဲ ချီတက်ကာ လမ်းကြောင်းနှစ်ခုစလုံးမှာ Place de La Republique မှစတင်၍ Placede La Nation တွင် အဆုံးသတ် မည်ဖြစ်သည်။

ပါရီမြို့ချီတက်ပွဲတွင် ချီတက်ကြသူ များက ‘‘လွတ်လပ်မှု’’နှင့် ချာလီမဂ္ဂဇင်းကို ရည်ညွှန်း၍(ချာလီ) ဟူ၍ ကြွေးကြော်ခဲ့ကြ သည်။ အချို့ကလည်း ပြင်သစ် အလံများလွှင့်ထူ၍ နိုင်ငံတော် သီချင်းကို သီဆိုချီတက်ခဲ့ကြ သည်။ မွတ်စလင်လူဦးရေအများ ဆုံးနေထိုင်သော ပြင်သစ်နိုင်ငံတောင်ပိုင်း မာဆေးမြို့တွင်လည်း လူအများအပြားစုရုံးချီတက်ခဲ့ကြ သည်။

[၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. AFP/BBC
  2. 7daydaily