မာတိကာသို့ ခုန်သွားရန်

ပါပသ္မိံ ရမတိ မနော

ဝီကီပီးဒီးယား မှ

ပါပသ္မိံ ရမတိ မနော သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[] “ပါပသ္မိံ ရမတေ မနော” ဟူ၍လည်း အဆိုရှိသည်။

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

“ပါပသ္မိံ ရမတိ မနော” ဆိုသည်မှာ “စိတ်သည် မကောင်းမှု၌ မွေ့လျော်တတ်သည်” ဟု အဓိပ္ပာယ်ရသည်။ (မနော- စိတ်သည်၊ ပါပသ္မိံ-မကောင်းမှု၌၊ ရမတိ-မွေ့လျော်၏။) လူတို့၏ စိတ်သည် မကောင်းမှုများ၊ အကုသိုလ်တရားများ၌ မွေ့လျော်ရန် လွယ်ကူသော သဘောသဘာဝရှိသည်။ ထို့ကြောင့် မိမိ၏ စိတ်ကို ထိန်းချုပ်၍ ကောင်းမှုကုသိုလ်များ၌ မွေ့လျော်အောင် ကြိုးစားသင့်ကြောင်းကို ဤဆိုရိုးစကားက သွန်သင်သည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • “ရှင်စောမြတ်စိတ်၊ သုံးလူ့မိတ်လျှင် (အဘိတ္ထရေထ ကလျာဏေ၊ ပါပါ စိတ္တံ နိဝါရယေ၊ ဒန္ဓဥှိ ကရောတော ပုညံ၊ ပါပသ္မိံ ရမတိ မနော) ဤသို့ဟော၏၊” []
  • ပါပသ္မိံ ရမတိ မနော စသည်ဖြင့် ဟောတော်မူရာ၌လည်း မကောင်းမှု၌သာ စိတ်၏မွေ့ခြင်းဖြစ်၏ဟူလိုသည်။” []
  • ပါပသ္မိံ ရမတေ မနော
    မနော-စိတ်မည်သည်၊ ပါပသ္မိံ-မကောင်းမှု၌သာလျှင်၊ ရမတေ-မွေ့လျော်မြဲတည်းဟူ၍ ဟောတော်မူသည်နှင့်အညီ မကောင်းမှုတို့၌သာ အမြဲမွေ့လျော်ခြင်းသဘောသည် စိတ်၏ ပကတိသော ဇာတိအလားတည်း။” []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၈၈၅] ကိုး ၂၈၈။
  3. [၁၁၃၁] ဝေါ။ ၂၀၃။
  4. [၁၂၆၆] ဘာဝနာ။ ၂၄၆။