ပါပဂြိုဟ်

ဝီကီပီးဒီးယား မှ

ပါပဂြိုဟ် ၄-လုံး[ပြင်ဆင်ရန်]

ဆိုးသွမ်း ယုတ်မာသော ဂြိုဟ်၊ သို့မဟုတ် နေမှပေါ်ထွက်လာသောကြောင့် အရှိန်အခိုး ပူပြင်းသော သဘောရှိသည့် ဂြိုဟ်ဟု ဗေဒင်ကျမ်းများ၌ ဆိုကြကုန်၏၊ လောကဒီပသာရကျမ်းတွင် ပါပလေးချက်၊ နေကထွက်၍၊ ရှိန်စက် ပူခြင်း၊ အခိုးပြင်း၏ ဟုဆိုထားလေပြီ။
(၁) တနင်္ဂနွေဂြိုဟ်၊
(၂) အင်္ဂါဂြိုဟ်၊
(၃) စနေဂြိုဟ်၊
(၄) ရာဟုဂြိုဟ်။

တင်စားပြောဆိုမှု[ပြင်ဆင်ရန်]

လူတစ်ယောက် ဆိုးသွမ်း ယုတ်မာသော သဘောရှိနေလျှင် ထိုသူကို ပါပဂြိုဟ်နှင့် တင်စား၍ ခေါ်ဝေါ်လေ့သည်။