ပါဋလိပုပ္ဖိယ၊ နာဂသမာလဝဂ်

ဝီကီပီးဒီးယား မှ

အရှင်ပါဋလိပုပ္ဖိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

တိဿမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

တိဿမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ ထိုအခါက အရှင်ပါဋလိပုပ္ဖိယထေရ်သည် ချမ်းသာသော သူဌေးသား ဖြစ်၏။ ထိုသူဌေးသားသည် သခွတ်ပန်းကို မြတ်စွာဘုရားအား လှူဒါန်းကာ ရှိခိုး၏။ [၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထိုသို့ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်တွင် ပန်းလှူခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ ထို့ပြင် ခြောက်ဆယ့်သုံးကမ္ဘာထက်တွင်လည်း “အဘိသမ္မတ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့သည်။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ပါဋလိပုပ္ဖိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ နာဂသမာလဝဂ်