ပသာဒရုပ်

ဝီကီပီးဒီးယား မှ

ပသာဒရုပ်

အာရုံကို ဖမ်းယူနိုင်စွမ်းရှိသော အကြည်ဓာတ်ကို "ပသာဒ" ဟုခေါ်၏။ ပသာဒရုပ်သည် ၅-မျိုးရှိ၏

  1. စက္ခုပသာဒ (မျက်စိအကြည်)
  2. သောတပသာဒ (နားအကြည်)
  3. ဃာနပသာဒ (နှာခေါင်းအကြည်)
  4. ဇိဝှါပသာဒ (လျှာအကြည်)
  5. ကာယပသာဒ (ကာယအကြည်)

စက္ခုပသာဒရုပ်[ပြင်ဆင်ရန်]

(၁) စက္ခုပသာဒရုပ်သည် မျက်နက်ဝန်းအလည်သန်းဦးခေါင်းပမာဏရှိပုံရိပ်ထင်ရာအရပ်၌ မျက်လွှာ ၇-ထပ်ပြန့်နှံ့လျက်တည်၏။

သောတပသာဒရုပ်[ပြင်ဆင်ရန်]

(၂) သောတပသာဒရုပ်သည် နား၏ အတွင်းလက်စွပ်ကွင်းသဏ္ဌာန်ဝန်းရံလျက် အမွေးနုပေါက်ရာအရပ်၌တည်၏။

ဃာနာပသာဒရုပ်[ပြင်ဆင်ရန်]

(၃) ဃာနပသာဒရုပ်သည် နှာခေါင်း၏အတွင်း ဆိတ်ခွါသဏ္ဌာန် အသားဆိုင်ရှိရာအရပ်၌ တည်၏။

ဇိဝှာပသာဒရုပ်[ပြင်ဆင်ရန်]

(၄) ဇိဝှါပသာဒရုပ်သည် လျှာ၏အလည်ကြာပွင့်ဖတ်အဖျားသဏ္ဌာန်ရှိရာအရပ်၌ တည်၏။

ကာယပသာဒရုပ်[ပြင်ဆင်ရန်]

(၅) ကာယပသာဒရုပ်သည် (ကမ္မဇတေဇော၏ တည်ရာအရပ်၊ ဆံပင်ဖြား၊ မွေးညှင်းဖြား၊ လက်သဲခြေသဲဖြား၊ သွေးသားမစပ်ခြောက်ကပ်သောအရေတို့မှတပါး) ကိုယ်ကာယအနှံ့တည်၏။