ပရိုဂရမ် ကောင်တာ

ဝီကီပီးဒီးယား မှ

Program Counter ဆိုသည်မှာ processor(CPU) အတွင်းရှိ register တစ်ခုပင်ဖြစ်သည်။ Program Counter ၏အဓိကလုပ်ဆောင်ချက်မှာ ရှေ့လာမည့် clock cycle တွင် တွက်ချက်လုပ်ဆောင်မည့် အမိန့်ပေးစေခိုင်းချက်(instruction)၏ မန်မိုရီပေါ်ရှိလိပ်စာ(memory address)ကို ခေတ္တသိမ်းစည်းထားပေးသည်။ ဥပမာ ယခု clock cycle တွင် address 20 က instruction ကိုတွက်ချက်နေသည်ဆိုပါစို့။ ဒါဆိုလျင် program counter ပေါ်တွင် 21 ရှိနေသည်။ သို့မှသာ နောက် clock cycle တစ်ခုတွင် address 21 ပေါ်ရှိ instruction ကိုလုပ်ဆောင်နိုင်မည်ဖြစ်သည်။ clock cycle ပြောင်းသွားသည့်အခါ program counter ကပြသည့် address 21 ကို memory တွင်ဖတ်၍ instruction ကို CPU ပေါ်သို့ ဆွဲတင်(fetch)သည်။ ပြီးသည်နှင့် program counter ကို တစ်တိုး(increment)လိုက်သည်။ ထိုအခါ program counter ရှိတန်ဖိုးမှာ 22 ဖြစ်သွားသည်။ address 21 ရှိ instruction ကိုတွက်နေသည့်အချိန်၌ program counter တွင် address 22 ကအသင့်ရှိနေသည်။